လန်ဒန် ဇူလိုင် ၂၉

ဗြိတိန်နိုင်ငံ၌ ပြီးခဲ့သည့် မတ်လနှင့်နှိုင်းယှဉ်လျှင် ယခုရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး ဆေးရုံများတွင် လူနာများ ပြည့်ကျပ်နေသောကြောင့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တစ်ပတ်အတွင်း ကူးစက်ခံရ သည့် အရေအတွက် နည်းသော်လည်း သေဆုံးမှုများနေ၍ သတိထားကြရန် တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

ဇူလိုင် ၂၆ ရက်က သေဆုံးသူ ၁၄ ဦးရှိခဲ့သော်လည်း သေဆုံးခဲ့မှုနှုန်းကို မတ်လ ၁၇ ရက်ကစ၍ နှိုင်းယှဉ်လျှင် ဗြိတိန်တွင် စုစုပေါင်း သေဆုံးမှု ၁၃၁ ဦး ရှိနေပြီဖြစ်၍ သေဆုံးမှုနှုန်း တဖန်မြင့်မားလာကြောင်း ရိုက်တာသတင်းက ဆက်လက် ဖော်ပြ သည်။ ယခုရက်ပိုင်းအတွင်း ဗြိတိန်ရှိ ဆေးရုံများတွင် COVID-19 လူနာအရေအတွက် ၅,၉၁၈ ဦးအထိ များလာ၍ မတ်လနောက်ပိုင်း အများဆုံး ဆေးရုံတက်ရသည့် ဦးရေဖြစ်နေသည်။


ပုံ-ဗြိတိန်နိုင်ငံသူ တစ်ဉီးကိုတွေ့ရစဉ်(ရိုက်တာ)

“အင်္ဂလန်မှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို ရုတ်သိမ်းဖို့ အချိန်တော်တော် ယူရလိမ့်ဦးမယ်”ဟု ဝန်ကြီးချုပ် ဂျွန်ဆင်က သတင်းထောက်များကို ပြောသည်။

ဂျွန်ဆင်သည် အင်္ဂလန်တွင် ကန့်သတ်ချက် တချို့ ပြန်ရုတ်သိမ်းပြီး ဥရောပ၌ အကြီးမားဆုံး စီးပွားရေး နိုင်ငံတစ်နိုင်ငံ ဖြစ်နိုင်ရန် ဆန္ဒရှိနေသည်။ ၎င်း၏ အကြောင်းပြချက်မှာ ပြည်သူအများအပြား ကာကွယ်ဆေး ထိုးနှံပြီး၍ ဖြစ်ကြောင်း သိရသည်။


Source: Reuters
#ဗြိတိန်
#ဂျွန်ဆင်
#ဝန်ကြီးချုပ်
#ကိုဗစ်၁၉
#သေဆုံးမှုမြင့်တက်နေ
#ကျန်းမာရေး
#CNImyanmar
#cninews
#ChannelNewsIndependent