CNI News

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံ Serum Institute of India Private Limited(SII)နှင့် Serum Institute Life Sciences Private Limited မှ ဝယ်ယူသော ကိုဗစ်ရှီး ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ ဒသမ ၇ သန်း မြန်မာနိုင်ငံသို့ ယနေ့ (ဒီဇင်ဘာ ၂၇ ရက်)တွင် ရောက် ရှိလာခဲ့သည်။

အဆိုပါ ကိုဗစ်ကာကွယ်ဆေး ၆ ဒသမ ၇ သန်းသည် မြန်မာနိုင်ငံသို့ ပထမအသုတ် အနေဖြင့် ရောက်ရှိလာခြင်း ဖြစ်ပြီး Spicejet လေကြောင်းလိုင်း လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ သယ်ဆောင် လာခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ Serum Institute of India Private Limited(SII)နှင့် Serum Institute Life Sciences Private Limited မှ စုစုပေါင်း ကိုဗစ်ရှီး ကိုဗစ်-၁၉ ကာကွယ်ဆေး ၁၃ ဒသမ ၄ သန်း ဝယ်ယူထားရာ ဒုတိယအသုတ် ထပ်မံရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထို ကိုဗစ်ရှီး ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ဆေးတစ်ပုလင်းလျင် လူ ၁၀ ယောက် ထိုးနိုင်ပြီး လူဦးရေ doses ၆၇၀၀၀၀၀ အတွက်ဖြစ်ကြောင်း နစကမှ ထုတ်ပြန်ခဲ့သည်။