CNI News

ကွာလာလမ်ပူ၊ ဇူလိုင် ၂၅

မလေးရှားနိုင်ငံတွင် Covid-19 ကူးစက်ခံရသူ စုစုပေါင်း တစ်သန်းကျော် ရှိသွားပြီ အတည်ပြု ဖြစ်ပွားသူအသစ် ၁၇,၀၄၅ ဦးရှိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်ကို ကိုးကားလျက် CNA သတင်းဌာန က ရေးသားဖော်ပြသည်။

မလေးရှားနိုင်ငံတွင် ယနေ့ ဇူလိုင် ၂၅ ရက်အထိ ကပ်ရောဂါ ကူးစက်ခံရသူ အရေအတွက်မှာ ၁,၀၁၃,၄၃၈ ဦးရှိပြီ ဖြစ်သည်။ ဇူလိုင် ၂၄ ရက်၊ စနေနေ့က အတည်ပြု ဖြစ်ပွားသူအသစ် ဦးရေမှာ ၁၅,၉၀၂ ဦး ဖြစ်သဖြင့် နေ့စဉ် ကူးစက် ဖြစ် ပွားနှုန်းတွင် အများဆုံးအ ရေအတွက် ဖြစ်ခဲ့သည်။ ဆယ်လန်ဂါမြို့တွင်  ၈,၅၀၀ ဦးနှင့် ကွာလာလမ်ပူတွင် ၂,၀၄၅ ဦး အတည်ပြု ဖြစ်ပွားသူ အသစ်များအဖြစ် မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကီဒါမြို့တွင် ဖြစ်ပွားသူအသစ် ၁,၂၁၆ ဦးရှိပြီး ဂျိုဟိုးမြို့တွင် ဖြစ်ပွားသူအသစ် ၉၅၀ ဦး စာရင်း တက်လာခဲ့သည်။ Covid-19 အသွင်ပြောင်း မျိုးကွဲ Delta ပထမဆုံး ဖြစ်ပွားမှုကို ဝန်ကြီးဌာနက အစီရင်ခံခဲ့ပြီး မလေးရှား ပြည်သူ များ အနေဖြင့် ပိုမိုသတိရှိစွာ နေထိုင်ကြရန် တိုက်တွန်းခဲ့သည်။ ဆေးရုံတင်ရန် လိုအပ်သူဦးရေ တိုးလာသဖြင့် ပီနန်မြို့ရှိ ဆေးရုံတစ်ရုံကို Covid-19 မျိုးကွဲ အစုံကုသရေး ဆေးရုံအဖြစ် ပြောင်းလဲဖွင့်လှစ်လိုက်ကြောင်း ကျန်းမာရေးညွှန်ကြားရေးမှူး ချုပ် နောဟီရှန်အဗ္ဗဒူလာက ဇူလိုင် ၂၅ ရက်တွင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်၌ လွှင့်တင်ခဲ့သည်။

ဘူခက်မာတဂျမ်ဆေးရုံတွင် လတ်တလော အောက်စီဂျင် ပိုက်လိုင်းတပ်ဆင်ပြီး ကုတင် ၇၂ ခု အသင့် ပြင်ပေး ထားပြီး ထပ်မံလိုအပ်ပါက ကုတင် ၁၂၀ ဖြည့်ဆည်းပေးမည်ဟု နောဟီရှန်အဗ္ဗဒူလာက ပြောသည်။ Covid-19 မဟုတ်သည့် တခြား ဝေဒနာရှင်များကိုမူ နီးစပ်ဆေးရုံတစ်ရုံရုံသို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

Source: Channel News Asia (CNA)

#မလေးရှား #ကိုဗစ် #delta #တစ်သန်းကျော် #Covid #CNImyanmar #cninews