စင်ကာပူ ဇူလိုင် ၂၄

သက်ကြီးရွယ်အိုများ COVID-19 ကာကွယ်ဆေး ထိုးနှံရေး မနှောင့်နှေးကြဖို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက တိုက်တွန်း ကြောင်း CNA သတင်းဌာနက ဒီကနေ့ ဇူလိုင်လ ၂၄ ရက်မှာ ရေးသားဖော်ပြပါတယ်။

ဒီကနေ့ မနက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ လွှင့်ထားတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာ မစ္စတာလီရှန်လွန်းက အဲဒီလို တိုက်တွန်း လိုက်တာ ဖြစ်ပြီး “သိပ်နောက်ကျသွားမယ့် အချိန်အထိ မစောင့်ကြပါနဲ့” လို့လည်း သူက ဆော်ဩထားပါတယ်။

“ခင်ဗျားတို့ အသက်အရွယ် အများစုဟာ ကာကွယ်ဆေး ထိုးပြီးပြီ ဖြစ်ပါတယ်။ ထိုးနှံပြီးသားသူတွေထဲမှာ ခင်ဗျားတို့ မိတ်ဆွေ တွေ၊ အိမ်နီးနားချင်းတွေ ပါဝင်ပါတယ်” လို့ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။

သက်ကြီးရွယ်အိုတွေနဲ့ တခြားသွေးတိုး၊ ဆီးချိုရောဂါရှိလို့ ဆေးကုသမှုခံယူတွေအတွက် COVID-19 ရောဂါဟာ အင်မတန် အန္တရာယ်ကြီးမားကြောင်း မစ္စတာလီက ဗီဒီယိုဖိုင်ထဲမှာ သတိပေးထားပါတယ်။

“တကယ်လို့ ခင်ဗျားက ဒီပိုးအန္တရာယ်က လွတ်သွားတယ်ဆိုရင်တောင် ခင်ဗျားမိတ်ဆွေတွေ၊ မိသားစုတွေကို ကူးစက်နိုင်ပါ တယ်။ ဒီကာကွယ်ဆေးကနေ ခင်ဗျားကို COVID-19 ဘေးကနေ အကာအကွယ်ပေးမှာပါ။ ဘာမှမစိုးရိမ်ပါနဲ့။ စိတ်ချရတဲ့ ဆေးပါဗျား” လို့ မစ္စတာလီက ပြောပါတယ်။

COVID-19 ကာကွယ်ဆေးတွေကနေ ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်နေ ကြတာတွေ ကိုလည်း မရှိကြဖို့ စင်ကာပူဝန်ကြီးချုပ်က အာမခံခဲ့ပြီး “ခင်ဗျား နှစ်ရက်လောက်တောင် ကာကွယ်ဆေးဒဏ် မခံရဘူး။ ခင်ဗျားခန္ဓာကိုယ်ထဲမှာ COVID-19 ပိုးကို ဆန့်ကျင်တိုက်ခိုက်ပေးတဲ့ ကိုယ်ခံစွမ်းအားကို တည်ဆောက်ပေးတာဖြစ်ပါတယ်” လို့ စင်ကာပူပြည်သူတွေကို အားပေးစကားပြောကြားထားပါတယ်။

ဖေ့စ်ဘွတ်လူမှုကွန်ရက်ပေါ်လွှင့်ထားတဲ့ အဲဒီဗီဒီယိုဖိုင်ထဲမှာ မစ္စတာလီက ၎င်းအစိုးရအနေနဲ့ ကာကွယ်ဆေး မထိုးရသေးတဲ့ အသက် ၆၀ နှင့်အထက်ရှိတဲ့ သက်ကြီးရွယ်အို နှစ်သိန်းကျော်ကို ထိုးနှံပေးနိုင်ဖို့ ကြိုးစားပေးနေကြောင်း ကတိပြု ပြောကြား ခဲ့တယ်လို့ Channel News Asia သတင်းဌာနက ဆိုထားပါတယ်။

Source: CNA

#စင်ကာပူ
#လီရှန်လွန်း
#ကိုဗစ်၁၉
#ကာကွယ်ဆေးထိုးရန်တိုက်တွန်း
#အသက်ကြီးရွယ်အိုး
#ကျန်းမာရေး
#နိုင်ငံတကာ
#CNImyanmar
#cninews