CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီ ကုန်သွယ်ရေးဇုန်ဟု ထိပ်ထားသော ညွှန် ကြားစာပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့် ရပ်ဆိုင်းခြင်း ကိစ္စဆိုသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေသည့် စာသည် အတုသာဖြစ် ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဖြစ်သူ ဦးအောင်နိုင်ဦး က ရှင်းထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းများ တင်သွင်းခွင့် ရပ်ဆိုင်းခြင်းကိစ္စ ဆိုသည့် စာမှာ အတု(အတု)ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်နိုင်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြန်လည် ဖြေရှင်းထား သည်။ ထို့ကြောင့် ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဉီးအောင်နိုင်ဉီးကို CNI သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။
#ဉီးအောင်နိုင်ဉီး
#ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး
#ကိုဗစ်ကာကွယ်ရေးပစ္စည်းများ
#တင်သွင်းခွင့်ပိတ်ခိုင်းခြင်းမရှိ
#အင်တာဗျူး
#စာအတု
#ကျန်းမာရေး
#မြ၀တီနယ်စပ်