CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၁
အခုဆိုရင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပွားနေခြင်းကြောင့် ပြည်သူလူထု အနေနဲ့ အတော်လေး သတိထား သွားလာလှုပ်ရှား ရုန်းကန်နေကြရပါတယ်။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း မြန်မာ နိုင်ငံအတွင်းက မြို့နယ် တချို့ကို Stay at Home သတ်မှတ်ပြီးတော့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေးကို ဆောင်ရွက်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန် မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြောက်ဥက္ကလာမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်တို့ဟာဆိုရင် Stay at Home သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ကိုဗစ်ကာ ရန်ကုန်မြို့တွင်းက မြင်ကွင်းတချို့ကို လေ့လာကြည့်နိုင်ပါတယ်။