CNI News
၂၀၂၁ ခုနှစ်၊ဇူလိုင် ၁၁
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ မြဝတီကုန်သွယ်ရေးဇုန်ဟု ထိပ်ထားသော ညွှန် ကြားစာပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းများ တင် သွင်းခွင့် ရပ်ဆိုင်း ခြင်းကိစ္စဆိုသော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့နေ သည့် စာသည် အတုသာဖြစ်ကြောင်း ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြား စီးပွား ဆက်သွယ်ရေးဝန်ကြီး ဖြစ်သူ ဦးအောင်နိုင်ဦးက ရှင်းထားသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးကိရိယာ ပစ္စည်းများ တင်သွင်းခွင့် ရပ်ဆိုင်းခြင်းကိစ္စ ဆိုသည့် စာမှာ အတု(အတု)ဖြစ် ကြောင်း ဝန်ကြီး ဦးအောင်နိုင်ဦးက သူ၏ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြန်လည် ဖြေရှင်းထားသည်။ ဝန်ကြီး ဦးအောင်နိုင်ဦးက “ ဒီစာက အတု(အတု)ဖြစ်ပါတယ်၊ မြဝတီကုန်သွယ် ရေးဇုန်က ဒုညွှန်မှူး ဒေါ်တင်စိုးစိုးလှိုင်က ၎င်းတာဝန်ထမ်းဆောင်ရမည့် ကာလ ကုန်ဆုံးပြီဖြစ်လို့ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့ကတည်းက နေပြည်တော်ရုံးချုပ်ကို ပြန်ရောက်နေပြီ ဖြစ်တယ်လို့ သိရပါတယ်”ဟု ရေးထားသည်။ ထို့နောက် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားနေသည့် ကာလတွင် လူထုကို ထိတ် လန့် တကြား ဖြစ်စေပြီး အစိုးရအပေါ် အထင် အမြင်လွဲအောင် လုပ်သည့် မရိုးသားသော နိုင်ငံရေးတိုက်ကွက်ကို ရှုံ့ချပါသည်ဟုလည်း ၎င်းက ဆိုထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားနေပြီး ရောဂါ ကူးစက်ပြန့်ပွားမှု များပြားနေခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ကာကွယ်ထိန်းချုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်။ အဆိုပါ ကိုဗစ်-၁၉ တတိယလှိုင်းတွင် အောက်ဆီဂျင် ဝယ်ယူနိုင်ရေးနှင့် အောက်ဆီဂျင်အိုးများ ပြန်လည်ဖြည့်တင်းနိုင်ရေး လူနာရှင်များနှင့် ပရဟိတ အဖွဲ့များ အခက်အခဲများဖြင့် ရင်ဆိုင်နေကြရသည့်အချိန်မှာ ယခုလို စာအတု ထွက်ပေါ်လာခြင်း ဖြစ်သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် သက်ဆိုင်သည့် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ၊ အောက်ဆီဂျင်များ ပြည်တွင်းတွင် အခက်အခဲမရှိစေရေးအတွက် တင်သွင်း ခွင့်ပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)က တာဝန်ရှိသူ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
“အထူးသဖြင့်တော့ Oxygen Concentrator လိုပစ္စည်းတွေက ကျနော်သိရ သလောက်က နဂိုတည်းက စီးပွားကူးသန်းဝန်ကြီး ဌာနက လိုင်စင်လျှောက် စရာမလိုပဲ တင်သွင်းခွင့်ပြုထားတဲ့ ပစ္စည်းမျိုးဖြစ်ပါတယ်။တစ်ခုရှိတာက အရင် တုန်း ကတော့ FDA ကနေ ဒီပစ္စည်းတွေက စိတ်ချရမှု ရှိ-မရှိ safety ပိုင်းကို စစ်ဆေးပြီးမှ ထောက်ခံချက်ရမှ ပေးသွင်းတဲ့ သဘော ရှိတယ်”ဟု ၎င်းကပြောသည်။
#ရင်းနှီးမြှပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး
#ကိုဗစ်-၁၉ ရောဂါ
#ကာကွယ်ရေးနှင့်ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းများ