CNI News
၂၀၂၁ခုနှစ် ဇူလိုင် ၁၀
တောင်ဥက္ကလာ စက်မှုဇုန်အတွင်းက ရွှေပြည်ညွန့် အောက်ဆီဂျင်စက်ရုံမှာ အောက်ဆီဂျင်လေဖြည့်ဖို့အတွက် လာရောက်တန်းစီ စောင့်ဆိုင်းနေကြတာ ဖြစ်ပါတယ်။
ဒီစက်ရုံကတော့ အောက်ဆီဂျင်အိုးရှိရင် အောက်ဆီဂျင်လေကို ၂၄ နာရီ ဖြည့် ပေးနေတာလို့လည်း သိရပါတယ်။
စက်ရုံရှေ့မှာ အောက်ဆီဂျင် ရရှိဖို့အတွက် စောင့်ဆိုင်းနေတဲ့လူဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများလာနေပြီး အောက်ဆီဂျင် လိုအပ်ချက်ဟာ ယခု ဇူလိုင်လ ဆန်းကစပြီး သိသိသာသာ မြင့်တတ်လာနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ဇူလိုင် ၉ ရက်နေ့ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု အသစ် ၄,၃၂၀ ယောက်၊ သေဆုံးသူ ၆၄ ယောက် ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူ အတည်ပြုလူနာ စုစုပေါင်း ၁၈၄,၃၇၅ ယောက်ထိ ရှိလာပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။