၁) Shang-Chi and the Legend of the Ten Rings
ဒီဇာတ်ကားထဲမှာ ရှန်ချီဟာ နှစ်ပေါင်းများစွာက သူ ကျောခိုင်းခဲ့တဲ့ Ten Rings အဖွဲ့အစည်းကို ပုံသွင်းဖို့ ဖိအားပေးခဲ့ရတဲ့အချိန်မှာ မည်သို့မည်ပုံ တကျော့ပြန်ရင်ဆိုင်ဖြေရှင်းမလဲဆိုတဲ့အကြောင်း ဇာတ်လမ်းဆင်ရိုက်ကူးထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Simu Liu, Awkwafina, Tony Leung, Michelle Yeoh,Fala Chen, Meng’er Zhang,Florian Muteanu
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၃ ရက်။
Trailer ကြည်ရှုရန်>>>
၂) Cinderella
ခမီလာကက်ဘယ်လို ခေါင်းဆောင်ပါဝင်ထားတဲ့ စင်ဒရဲလားဇာတ်ကားသစ်မှာ ခေတ်ပေါ်တေးဂီတနောက်ခံတွေ ဝေဝေဆာဆာ ထည့်သွင်းထားပြီး စင်ဒရဲလားဟာ သူ့ရဲ့လက်ရှိကမ္ဘာထက် ပိုကြီးတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ အတွက် ဖက်ဂျီ (Fab G) ရဲ့အကူအညီနဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းရပုံတွေ တင်ဆက်ရိုက်ကူးထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Camila Cabello, Billy Porter, Idina Menzel,Minnie Driver,Nicholas Galitzine နှင့် Pierce Brosnan
စတင်ပြသမည့်ရက်။ ။ Amazon Prime မှ စက်တင်ဘာ ၃ ရက်
Trailer ကြည်ရှုရန်>>>
၃) Nightbooks
သရဲတစ္ဆေဇာတ်လမ်းတွေ ဖတ်ပြီး စိတ်ခြောက်ခြားနေတတ်တဲ့ အဲလက်စ်ဆိုတဲ့ ကောင်လေးတစ်ယောက်ကို မကောင်းဆိုးဝါး စုန်းမတစ်ဦးက သူနေတဲ့တိုက်ခန်းတွင် ဆက်လက်နေထိုင်ဖို့ရန် ကြောက်စရာပုံပြင်တွေနဲ့ပဲ တွန်းအားပေးခြောက်ခြားစေခဲ့တဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားပါ။ နောက်ဆုံးမှာ သူဟာ ထွက်ပေါက်ရှာဖို့အတွက် သူ့လိုပဲ ပိတ်မိနေတဲ့ ယဲ့စ်မင်းဆိုတဲ့ကောင်မလေးနဲ့ ပူးပေါင်းရင်း သည်းထိတ်ရင်ဖို ကြုံတွေ့ရပုံတွေ ကြည့်ရမှာဖြစ်ပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Krysten Ritter,Lidya Jewett,Winslow Fegley, Jess Brown, Khiyla Aynne,Milye Haik, Luxton Handspiker,Liam Couvion,Taylor Belle နှင့် Eden Gjoka
စတင်ပြသမည့်ရက်။ ။ Netflix မှ စက်တင်ဘာ ၁၅
Trailer ကြည်ရှုရန်>>>
၄) Malignant
မက်ဒီဆင်ဟာ ကြောက်မက်ဖွယ် လူသတ်မှုများကို မှန်းဆစူးစမ်းဖို့ သူ့ရဲ့အစွမ်းအစကို သုံးကြည့်ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ သူ့စိတ်ကူးအိပ်မက်တွေဟာ တကယ်မဟုတ်ဘဲ ပိုပြီးကြောက်စရာကောင်းတဲ့ အရာတစ်ခုဆီသို့ ဦးတည်သွားမှန်း သဘောပေါက်လာခဲ့ပါတယ်။
ပါဝင်သရုပ်ဆောင်ထားသူများ။ ။ Annabelle Wallis, Maddie Hasson, George Young, Michole Briana White, Jacqueline McKenzie, Jake Abel နှင့် Ingrid Bisu
စတင်ပြသမည့်ရက်။ ။ ရုံများနှင့် HBO Max ချန်နယ်တို့မှ စက်တင်ဘာ ၁၀ ရက်
Trailer ကြည်ရှုရန်>>>
၅) Queenpins
ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာနေတဲ့ အိမ်ထောင်ရှင်အမျိုးသမီးနဲ့ သူ့သူငယ်ချင်းတို့ဟာ အမြင့်ဆုံး ကူပွန် ကလပ် အစီအစဉ်ကို စတင်လိုက်တဲ့အခါ လုပ်ငန်းလည်ပတ်မှုအတွက် လူတွေမှာဖြစ်ပေါ်လာတတ်တဲ့ စိုးရိမ်ပူပန်မှုတွေ မကြာခင် တွေ့လာရတဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားကြည့်ပြီးတဲ့သူတိုင်း ကူပွန်လျှော့ဈေးကို ဒီနည်းနဲ့ပေးချင်စိတ် ကုန်ခမ်းသွားစေမယ်လို့ ဆိုထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Kristen Bell, Vince Vaughn, Nick Cassavetes, Stephen Root, Joel McHale, Kirby Howell-Baptiste, Paul Walter Hauser, Annie Mumolo, Jack McBrayer, Marc Evan Jackson, Garrett Wareing, Paul Rust, Eduardo Franco, Bebe Rexha, Lidia Porto Dayo Okeniyi, James Moses Black နှင့် Judith Drake
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၁၀ ရက် ရုံတင်မည်ဖြစ်ပြီး Paramount+ မှ စက်တင်ဘာ ၃၀ ထုတ်လွှင့်မည်
Trailer ကြည်ရှုရန်>>>
၆) Cry Macho
နွားကျောင်းသားစတန့်သမားနှင့် မြင်းမွေးမြူခြင်းကို တစ်ချိန်က လုပ်ကိုင်ခဲ့တဲ့ မိုက်မီလို (Mike Milo) ဟာ သားဖြစ်သူ ဖာရိုကို သူ့အလုပ်ရှင်ဟောင်းဆီပို့ဖို့ မက္ကစီကိုကနေ တက္ကဆတ်ပြည်နယ်ကို သွားတဲ့ခရီးစဉ်အကြောင်း ရိုက်ကူးထားတာပါ။ မိုက်ဟာ ဖာရိုရဲ့ရှေ့ရေးအတွက် ခရီးစဉ်တလျှောက် မည်သို့မည်ပုံဖြတ်သန်းခဲ့တာတွေကို စိတ်ဝင်တစားကြည့်ရှုကြရမှာဖြစ်ပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Clint Eastwood, Eduardo Minett နှင့် Dwight Yoakam
စတင်ပြသမည့်ရက်။ ။ ရုံများနှင့် HBB Max ချန်နယ်မှ စက်တင်ဘာ ၁၇
Trailer ကြည်ရှုရန်>>>
၇) Eveverybody’s Talking About Jamie
ဂျာမိုင်းနယူးဟာ သူ့အသက်မွေးဝမ်းကျောင်းအလုပ်အတွက် သမားရိုးကျမဟုတ်တဲ့ ချဉ်းကပ်မှုနဲ့အတူ ညှို့ယူဆွဲငင်အားကောင်းတဲ့ ဘုရင်မဖြစ်ချင်နေပါတယ်။ သူ့အမေနဲ့ သူငယ်ချင်းတွေရဲ့ ပံ့ပိုးမှုတွေကြောင့် ဘဝမှာ အနိုင်ကျင့်ခံရတာတွေကို အတတ်နိုင်ဆုံး စိတ်ခံစားမှုဖြေသိမ့်ဖို့ ဂျာမိုင်းနယူးဟာ နောက်ဆုံးမှာ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Max Harwood, Sarah Lancashire, Lauren Patel, Shobna Gulati, Ralph Ineson, Adeel Akhtar, Samuel Bottomley, Sharon Horgan နှင့် Richard E. Grant
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၁၀ ရက် ရုံစတင်ပြီး Amazon Prime မှ စက်တင်ဘာ ၁၇ ရက် ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>
၈) Intrusion
မြို့လေးတစ်မြို့ကို ပြောင်းရွှေ့လာတဲ့ ဇနီးမောင်နှံနှစ်ယောက်တို့ဟာ ကျူးကျော်အိမ်မှာ နေနိုင်ဖို့ ရှာဖွေကြပါတယ်။ အဲဒီရှာဖွေတာကို ဇနီးသည်ဖြစ်သူ Freida Pinto က ဘယ်လိုဦးဆောင်ရှာဖွေပေးသလဲဆိုတာ ဇာတ်လမ်းဆင် ရိုက်ကူးထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Green, Freida Pinto, Robert John Burke, Sarah Minnich, Mark Sivertsen, Hayes Hargrove, Bonita King, Yvette Fazio-Delaney, Megan Elisabeth Kelly, Clint Obenchain, David DeLao, Brandon Root နှင့် Josh Horton
စတင်ပြသမည့်ရက်။ ။ Netfix မှ စက်တင်ဘာ ၂၂ ရက် စတင်ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>
၉) The Eyes of Tammy Faye
ရုပ်မြင်သံကြားပညာရှင်တစ်ဦးဖြစ်တဲ့ Tammy Faye Bakker ရဲ့ သူ့ကိုယ်ရေးကိုယ်တာ ဘဝဖြတ်သန်းမှု အကြောင်း ပုံဖော်တင်ဆက်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာ ခင်ပွန်းသည် Jim Bakker နဲ့အတူ ၁၉၇၀ ပြည့်လွန်နဲ့ ၁၉၈၀ ပြည့်လွန်နှစ်တွေက ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ မှတ်တမ်းတင်ထားတာ တွေ့ရမှာပါ။
ပါဝင်သရုပ်ဆောင်သူများ။ ။ Jessica Chastain, Andrew Garfield, Cherry Jones, Fredric Lehne, Louis Cancelmi, Sam Jaeger, Gabriel Olds, Mark Wystrach and Vincent D’Onofrio
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၁၇ ရက် ရုံတင်မည်။
Trailer ကြည်ရှုရန်>>>
၁၀) Dear Evan Hansen
Tony Award ဂီတဆုရတဲ့ Evan ရဲ့ဇာတ်ဝင်ခန်းတွေကို လိုက်လျောညီထွေဖြစ်အောင် ရိုက်ကူး တင်ဆက် ထားပါတယ်။ Brodway ဇာတ်ကားတုန်းက ဇာတ်လိုက်ဖြစ်တဲ့ Ben Platt က ဒီဇာတ်ကားထဲမှာ Evan အဖြစ် ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ သူ့အတန်းဖော်သူငယ်ချင်းတစ်ဦး သေဆုံးမှု ဖြစ်ပွားပြီး တဲ့နောက် အွန်လိုင်းလိမ်လည်မှုတွေ ရောယှက်နေတဲ့ အထက်တန်းကျောင်းသားတစ်ဦး လူမှုရေးစိုးရိမ်သောက ဝေဒနာဖိစီးနေပုံကို ရိုက်ကူးတင်ဆက်ထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Ben Platt, Kaitlyn Dever, Amandla Stenberg, Nik Dodani, Colton Ryan, Danny Pino, Julianne Moore, Amy Adams, DeMarius Copes, Liz Kate, Isaac Powell, Avery Bederman, Gerald Caesar, Tommy Kane, Marvin Leon, Hadiya Eshé, Julia Chen Myers နှင့် Mariana Alvarez
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၂၄ ရက် ရုံတင်။
Trailer ကြည်ရှုရန်>>>
၁၁) I’m Your Man
အယ်လ်မာဟာ သူ့ရဲ့သုတေသနလုပ်ငန်းအတွက် ရန်ပုံငွေလိုအပ်တာကြောင့် ရှာဖို့ရန် စမ်းသပ်မှုတစ်ခုမှာ ပါဝင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီစမ်းသပ်မှုကတော့ သူ့ကို ပျော်ရွှင်ဖို့ ဖန်တီးပေးမယ့် လူပုံတူ စက်ရုပ်တစ်ရုပ်နဲ့ အတူနေထိုင်ပေးရခြင်းပါ။
ပါဝင်သရုပ်ဆောင်ထားသူများ။ ။ Maren Eggert, Dan Stevens, Sandra Hüller, Hans Löw, Wolfgang Hübsch, Annika Meier, Falilou Seck, Jürgen Tarrach, Henriette Richter-Röhl, Monika Oschek, Inga Busch နှင့် Gabriel Munoz Munoz
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၂၄ ရက် ရုံတင်။
Trailer ကြည်ရှုရန်>>>
၁၂) Afterlife of the Party
သူ့မွေးနေ့ကျရောက်တဲ့ ရက်သတ္တပတ်အတွင်းမှာ ကက်ဆီ (Cassie) ဟာ သေဆုံးသွားခဲ့ပြီး ပုလဲရောင် တံခါးပေါက်ထဲ ဝင်နိုင်ဖို့ သူ့အမှားတွေကို ပြင်နိုင်ဖို့လိုတယ်ဆိုတာ သူ့ကိုယ်သူ တွေ့ရှိရပုံ အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Victoria Justice, Midori Francis, Timothy Renouf, Robyn Scott, Adam Garcia, Spencer Sutherland, Gloria Garcia နှင့် Kiroshan Naidoo
စတင်ပြသမည့်ရက်။ ။ Netflix မှ စက်တင်ဘာ ၉ ရက် ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>
၁၃) Blood Brothers: Malcolm X & Muhammad Ali
ရန်ဒီရောဘတ်နဲ့ ဂျွန်နီစမစ်တို့ ရေးသားပြုစုထားတဲ့ Blood Brothers စာအုပ်ကို ရုပ်ရှင်အဖြစ် အသက်သွင်း ရိုက်ကူးထားတာဖြစ်ပါတယ်။ Malcolm X နဲ့ မိုဟာမက်အလီတို့ ခင်မင်ရင်းနှီးကြပုံအကြောင်း မှတ်တမ်းတင် ရုပ်ရှင်ဇာတ်ကားပါ။
စတင်ပြသမည့်ရက်။ ။ Netflix မှ စက်တင်ဘာ ၉ ရက် ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>
၁၄) The Starling
လိုင်လီနဲ့ ခင်ပွန်းသည်တို့ဟာ ဆိုးဆိုးရွားရွား ဆုံးရှုံးလိုက်ရတဲ့ကိစ္စတစ်ခုအတွက် လိုင်လီဟာ ပူဆွေးသောက ရောက်ပြီး အထီးကျန်ဖြစ်နေရပါတယ်။ သူ့ဝေဒနာတွေ သက်သာစေဖို့ နောက်ဖေးကျောချင်းကပ်နေထိုင်တဲ့ တိရစ္ဆာန်ကုဆရာဝန်တစ်ဦးနဲ့ အံ့ဩဖွယ် ခင်မင်ရင်းနှီးသွားတဲ့အကြောင်း ဇာတ်လမ်းဆင် ရိုက်ကူးထားပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Melissa McCarthy, Chris O'Dowd, Kevin Kline, Timothy Olyphant, Daveed Diggs, Skyler Gisondo, Laura Harrier, Rosalind Chao, Kimberly Quinn, နှင့် Loretta Devine
စတင်ပြသမည့်ရက်။ ။ စက်တင်ဘာ ၁၇ ရက် ရုံတင်ပြီး Netflix မှ စက်တင်ဘာ ၂၄ ရက် ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>
၁၅) Sounds Like Love
ဖက်ရှင်လက်ထောက်တစ်ဦးအဖြစ် လုပ်ကိုင်နေတဲ့ မာကာ (Maca) ဟာ အထွတ်အထိပ်ရောက်လာချိန်မှာ သူ့ရည်းစားဟောင်း လီယိုက မက်ဒရစ်မြို့ကို ပြန်ရောက်လာပါတယ်။ မာကာအနေနဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂျီမီနဲ့ အင်ဒရီးရားနားတို့ကို အားကိုးရင်း အချစ်ဆိုတာ အမှန်တကယ်ခက်ခဲမယ်ဆိုတာ မကြာမီ သိနားလည်ခဲ့ပါတယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Marringa Valverde, ÁlexGonzález, Carlo Costanzia, Susana Abaitua, Eva Ugarte, Ignacio Montes, Elisabet Casanovas, Artur Busquets, Claudia Galán, Roger Berruezo, Miguel Herrera, Miri Pérez-Cabrero, နှင့် Davin
စတင်ပြသမည့်ရက်။ ။ Netflix မှ စက်တင်ဘာ ၂၉ ရက် ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>
၁၆) The Mad Women’s Ball
၁၉ ရာစုခေတ်ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်ကားပါ။ Eugénie လို့ခေါ်တဲ့ မိန်းမပျိုတစ်ဦးဟာ လူသေကို အမိန့်ပေးနိုင်တဲ့ထူးခြားစွမ်းအားရှိတဲ့ The Mad Women’s Ball အကြောင်းဖြစ်ပါတယ်။ သူ့ကို စိုးရိမ်ကြတဲ့ မိသားစုက ပြင်သစ်နိုင်ငံ၊ ပါရီမြို့က La Pitié Salpétrière အမည်ရှိ အာရုံကြောဝေဒနာဆိုင်ရာဆေးရုံ ခေါ်သွားခဲ့ပါတယ်။ အဲဒီဆေးရုံက သူနာပြု Geneviève နဲ့ တွေ့တဲ့အခါ သူတို့နှစ်ယောက်စလုံးရဲ့ဘဝဟာ တစ်မျိုးတဖုံ ပြောင်းလဲပါတော့တယ်။
ပါဝင်သရုပ်ဆောင်သူများ။ ။ Mélanie Laurent, Lou de Laâge, Emmanuelle Bercot, Benjamin Voisin, Cédric Khan, Christophe Montenez, Lomane De Dietrich နှင့်Grégoire Bonnet
စတင်ပြသမည့်ရက်။ ။ Amazon Prime မှ စက်တင်ဘာ ၁၇ စတင်ထုတ်လွှင့်မည်။
Trailer ကြည်ရှုရန်>>>