CNI Entertainment News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄

Super Junior ကတော့ Single Album အသစ်နဲ့ ပရိသတ်တွေရှေ့ တဖန်ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ သူတို့ရဲ့ Instagram အကောင့်မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တင်ထားတာဖြစ်ပြီး နိုင်ငံတကာ သတင်းဌာနတွေကလည်း ရေးသားဖော်ပြထားကြပါတယ်။

Super Junior Special Single Album coming soon ဆိုတဲ့ စာသားနဲ့ တင်ထားတာဖြစ်ပြီးတော့ Album ထွက်ရှိမယ့် ရက်နဲ့ နာမည်ကိုတော့ ဖော်ပြမထားပါဘူး။

သူတို့ နောက်ဆုံးထွက်ရှိခဲ့တဲ့ comeback က သူတို့ရဲ့ ၁၀ ခုမြောက် studio Album ဖြစ်ပြီး “The Renaissance” ဆိုတဲ့ album ကတော့ ပြီးခဲ့တဲ့နှစ် မတ်လလောက်တုန်းက ထွက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။

Source: Soompi