မော်စကို စက်တင်ဘာ ၅
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း ကျွန်းစုများအား အခွန်အမြောက်အမြား ဖြတ်တောက်မည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က စက်တင်ဘာ ၃ ရက်တွင် ပြောကြားခဲ့သည်။
ဒုတိယကမ္ဘာစစ်ပြီးခါနီးတွင် ဆိုဗီယက်ယူနီယံက ကျူးကျော်ခဲ့သော ဂျပန်၏ ဟော့ကိုင်းဒိုးကျွန်း မြောက်ပိုင်းနယ်မြေများပါ ယခုအခွန်ဖြတ်တောက်မှုတွင် ပါဝင်မည်ဟု နစ်ကိုင်းအေးရှားသတင်းတွင် ဖော်ပြထားသည်။
သို့ရာတွင် ကုမ္ပဏီများအတွက် အကျိုးအမြတ်၊ ပိုင်ဆိုင်မှု၊ မြေယာနှင့်သယ်ယူပို့ဆောင်ရေးအခွန်များမှ အာမခံပရီမီယံအချို့ကိုလျှော့ပေးလိမ့်မည်ဟု ပူတင်က ဗလာဒီဗော့စတော့မြို့တွင် ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ် (Eastern Economic Forum) တွင် ပြောကြားခဲ့သည်။
အဆိုပါကျွန်းစုများနှင့် ပတ်သက်၍ ဂျပန်၏ရပ်တည်ချက်မှာ ပစိဖိတ်မြောက်ပိုင်းနယ်မြေများသည် ၎င်း၏ပိုင်နက်နယ်မြေတစ်ခု ဖြစ်၍ တိုင်းတစ်ပါးမှ မည်သည့်အခါက ဝင်ရောက်စီမံခွင့် မရှိစေရန်ဖြစ်သည်။
ဒေသတွင်းစီးပွားရေးတိုးတက်မှုမြှင့်တင်ရန် ကာရေးဒေသများ၌ အခွန်လျှော့ခြင်းနှင့် အခြားဆွဲဆောင်စရာများ ရရှိပြီးဖြစ်သည်။ သို့သော် ယခုအဆိုပြုချက်သစ်သည် ကျွန်းများကို အခမဲ့အကောက်ခွန်ဇုန်တစ်ခုတည်ထောင်ခြင်းနှင့် တန်ဖိုးမြှင့်အခွန်များပေးခြင်း၊ ကုမ္ပဏီများကို ကင်းလွတ်ခွင့်ပေးခြင်းဖြင့် တစ်ဆင့်ပြီးတစ်ဆင့်တက်ရန် ရုရှားက ရည်ရွယ်သည်။
“ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေဟာ ပြည်တွင်းကုမ္ပဏီတွေတင်မက ဒီအခွန်၊ အကောက်ခွန်နဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်မယ်။ ဒါက ကျနော်တို့ရဲ့ ဂျပန်မိတ်ဖက်တွေအပါအ၀င် အိမ်နီးချင်းတွေအတွက် အကျိုးတူဖြစ်စေမှာပါ” ဟု ပူတင်က ဆိုသည်။
စက်တင်ဘာ ၃ ရက်တွင် ဂျပန်နိုင်ငံအနေဖြင့် အိုလံပစ်နှင့် မသန်စွမ်းအိုလံပစ် အားကစားပြိုင်ပွဲများကို "ခက်ခဲသောအခြေအနေများတွင်လက်ခံကျင်းပခြင်း" အတွက် ပူတင်က ချီးကျူးစကားပြောကြားခဲ့ပြီး
တိုကျိုကို ချွေးသိပ်ပေးခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ၌ ဂျပန်နှင့်ရုရှားတို့သည် အဆိုပါပိုင်နက်များနှင့် ပတ်သက်၍ ၎င်းတို့၏ရပ်တည်ချက်များကို ညှိနှိုင်းပြီး အထူးအစီအစဉ်ဖြင့် ပစိဖိတ်မြောက်ပိုင်းနယ်မြေများအတွင်း စီးပွားရေးပူးပေါင်းလုပ်ဆောင်မှုများ စတင်ရန် သဘောတူညီခဲ့ကြသည်။