CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂၁

ကိုဗစ်- ၁၉ ကူးစက်ရောဂါ‌ကြောင့် နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်ရသည့်အချိန်တွင် တရုတ်နိုင်ငံဘက်ခြမ်း ဂျယ်ဂေါင်နှင့် ဝမ်တိန်၌ ပိတ်ပိနေခဲ့သည့် မြန်မာကုန်ကားများနှင့် ကုန်ပစ္စည်းများကို ကျင်စန်းကျော့ ဂိတ်ကနေ ပြန်လည် ထုတ်ပေးမည်ဟု တရုတ်နိုင်ငံဘက်မှ ထုတ်ပြန်ထားသည်။

ဝမ်တိန်တွင် ရောက်ရှိနေသည့် ကုန်ကားသမားတစ်ဦးက "ဝမ်တိန်က ပိတ်မိနေတဲ့ ကားရော၊ ကုန်ရော ပေးထုတ်တာ ၃ လ ဝန်းကျင် ရှိပါပြီ။ ကားအစီးရေ များတဲ့အတွက် စောင့်ပြီး ထွက်ရတာလည်း ရှိပါတယ်။ အခုက တစ်နှစ်ကျော် ပိတ်မိထားတဲ့ ဂျယ်ဂေါင် ပစ္စည်းတွေပါ ပေးထုတ်တော့မှာပါ။ ရွှေလီ၊ ဝမ်တိန်ထဲက ကုန်ရော၊ ကားရော ပေးထုတ်တာကနေ အခု ဂျယ်ဂေါင် ပစ္စည်းပါ ပေးထုတ်တော့မှာပါ ဝမ်တိန်ဖက် အခြမ်းကနေ" ဟု CNI သတင်းဌာနသို့ ပြောသည်။

မေလ ၂၃ ရက်နေ့မှစ၍ ကျယ်ဂေါင်မှ ကုန်ပစ္စည်းများကို အရေအတွက်၊ ပစ္စည်းအမျိုးအမည်နှင့် အခြားလိုအပ်သည့် အချက်အလတ် များကို ဖောင်ဖြည့်ပြီးမှ ထုတ်ယူရမည်ဖြစ်သည်။

စာရင်းပေးသွင်းသည့် ပစ္စည်းတိုင်းသာ စိစစ် ချိတ်ပိတ်ပြီး ဝမ်တိန်(ကျင်စန်းကျော့) ဂိတ်ပေါက်တွင်သာ ပေးထွက်မည်ဟု ကနဦး ကြားသိရသည်။