CNI International News

တိုကျို၊ ဖေဖော်ဝါရီ ၁၈

ယူကရိန်းနိုင်ငံထဲသို့ ရုရှားကျူးကျော် ဝင်ရောက်လာမည့် အလားအလာနှင့်ပတ်သက်၍ တင်းမာမှုများ ဆက်ရှိသဖြင့် အာရှ စတော့ ရှယ်ယာများသည် လာမည့် ရက်အတန်ကြာအထိ ထိခိုက်ကျဆင်းလာနိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားပြီးနောက် နာရီပိုင်းအတွင်း Dow သည် ၂၀၂၂ ခုနှစ်အတွက် အဆိုးဝါးဆုံးကျဆင်းသည့် နေ့ဖြစ်သွားခဲ့ကြောင်း CNN သတင်းဌာနက ရေးသားဖော်ပြသည်။

ဂျပန်၏ နစ်ကိုင်းညွှန်းကိန်း (Nikkei Index)သည် အစောပိုင်းကုန်သွယ်မှုတွင် ၁ ဒသမ ၅ ဝန်းကျင် ကျဆင်းခဲ့ပြီး ဟောင်ကောင် ဟန်ဆောင်းညွှန်းကိန်း (Hang Seng Index) နှင့် ရှန်ဟိုင်းပေါင်းစည်းညွှန်းကိန်း (Shanghai Composite Index) နှစ်ခုစလုံးသည် ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက်ပိုင်း ပြန်လည်ကောင်းမွန်လာချိန်အထိ (၀ . ၅ ) ရာခိုင်နှုန်းကျော်သို့ ကျဆင်းသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် တောင်ကိုရီးယား၏ ကိုစပီ (Kospi) သည်လည်း ၁ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ကြောင်း CNN က သတင်း ဆက်လက် ဖော်ပြသည်။

ယူကရိန်းက အမျိုးသားညီညွတ်ရေးပြသနေခြင်း(AP)

၆၂၂ မှတ် (သို့မဟုတ်) ၁ ဒသမ ၈ ရာခိုင်နှုန်းအထိ Dow Jones (INDU) သည် ဖေဖော်ဝါရီ ၁၇ ရက်တွင် ထိတ်လန့်တုန်လှုပ် စရာ ကျဆင်းခဲ့ခြင်းဖြစ်၍ ယခုနှစ်အတွက် အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

S&P 50000 (SPX) သည် အဆိုပါနေ့ တစ်ရက်တည်းတွင် ၂ ဒသမ ၁ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး Nasdaq(COMP) ကလည်း ၂ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အဆိုပါညွန်းကိန်း ၃ ခုစလုံးသည် ယခုသီတင်းပတ်အတွက် အနီရောင် သတ်မှတ်ခြင်း ခံရသည်။
ရုရှားနှင့်ယူကရိန်းကြား စစ်ရေးတင်းမာမှု၌ အမေရိကန်နှင့် ဥရောပ ထိပ်တန်းနိုင်ငံများ ပါဝင်ပတ်သက်နေကြ၍ ရေနံဈေးနှင့် ကမ္ဘာ့စီးပွားရေးအပေါ် ထိခိုက်မှု ရှိလာမည်ကိုလည်း ရင်းနှီးမြှုပ်နှံသူများ အထူးစိုးရိမ်နေကြသည်။

Source: CNN