CNI News

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၉

မကွေးတိုင်းဒေသကြီးတွင် တမာပင်များ ပေါများသည့်အတွက် တမာပင်ကနေ ပိုးသတ်ဆေးထုတ်၍ စိုက်ပျိုးရေးလုပ်ငန်း များတွင် အသုံးချရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့(ဖေဖော်ဝါရီ ၉ ရက်)တွင် ပြောသည်။

မကွေးတိုင်းဒေသကြီးခရီးစဉ်တွင် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့်စိုက်ပျိုးရေးတောင်သူများအား တွေ့ဆုံစဉ် ၎င်းက အထက် ပါ အတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့နောက် မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကုန်သွယ်မှုလိုငွေများ များစွာရှိခဲ့ကြောင်း၊ ရှိပြီးသား စက်ရုံများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိဘဲ သွင်းကုန်ဦးစားပေးမှုကြောင့် ထို့သို့ ကုန်သွယ်မှုလိုငွေများ များပြားနေရခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၎င်းက “ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးရန်လိုကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်း တမာပင်များစွာရှိကြောင်း၊ အဆိုပါ တမာပင်များမှ ပိုးသတ်ဆေးများထုတ်လုပ်၍ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချ၍ရကြောင်း၊ မကွေးတိုင်းဒေသ ကြီးမှ မိမိတို့နိုင်ငံပြည်သူများအားလုံးအတွက် အဝတ်အထည်များ ထုတ်လုပ်ပေးနိုင်သည့် အဓိကတိုင်းဒေသကြီးတစ်ခုဖြစ် အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုတယ်”ဟု ပြောသည်။

တမာပင်ကိုတွေ့ရစဉ်

ဝါစိုက်မျိုးမှုနှင့်ပတ်သက်၍လည်း ဝါမျိုးကောင်းမျိုးသန့်များရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးနှင့် ရေလုံလောက်စွာ ရရှိ ရေးအတွက် ရေးကြီးကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဝါများသည် မိမိတို့နိုင်ငံတွင် သုံးစွဲရန်အတွက် လုံလောက်မှုရှိ ကြောင်း၊ သို့သော်အဆင့်မီသည့် ချည်မျှင်များ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်ချက်များရှိနေသေးကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “ပြည်ပမှ မျိုးကောင်းမျိုးသန့်များရရှိစေရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် နှစ်စဉ် ပြည်ပမှချည်မျှင်များတင်သွင်းနေရကြောင်း၊ထို့ကြောင့် အဆင့်မီသည့်ဝါဂွမ်းများကို စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆောင် ရွက်ရမည်ဖြစ်ကြောင်း။ဝါစေ့မှ ဆီထုတ်လုပ်၍ရသကဲ့သို့ တိရစ္ဆာန်အစာလည်း ပြုလုပ်၍ရကြောင်း၊ ပြည်တွင်းဝါထုတ်လုပ်မှု များ တိုးတက်လာမည်ဆိုပါက ပြည်တွင်းစက်မှုလုပ်ငန်းများ တိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်တယ်”ဟု ပြောသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးထုတ်လုပ်မှုများစွာရှိကြောင်း၊ ကြက်သွန်ကိုလည်း တိုင်းဒေသ ကြီး၏ အဓိကထွက်ကုန်အဖြစ် စိုက်ပျိုးစေချင်ကြောင်း၊ အထွက်နှုန်းကောင်းအောင်ဆောင်ရွက်နိုင်ခြင်းဖြင့် ပိုမိုအကျိုးဖြစ် ထွန်းစေမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိသည့်ကြက်သွန်များကို ပြည်ပသို့ နှစ်စဉ်တင်ပို့နေကြောင်း၊ ကြက်သွန်ကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ပြီး အသေးစား စက်မှုကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်၍ ရကြောင်း နစကဥက္ကဋ္ဌက ပြောသည်။