CNI International News

ဆန်ဖရန်စစ္စကို၊ ဖေဖော်ဝါရီ ၃

Facebook သုံးစွဲသူဦးရေ လျော့နည်းလာခြင်းနှင့် နာရီပိုင်းအတွင်း ကုန်သွယ်မှု၌ ရှယ်ယာတန်ဖိုး ၂၂ ရာခိုင်နှုန်း ကျဆင်းသွား သည့် ကြော်ငြာလုပ်ငန်းဆိုင်ရာ ခြိမ်းခြောက်မှု ရှိလာခြင်းတို့ကြောင့် ၎င်းလူမှုကွန်ရက်မီဒီယာ၏ မိခင်ကုမ္ပဏီဖြစ်သော Meta သည် အမြတ်ငွေ သိသိသာသာ ကျဆင်းခဲ့ကြောင်း ဖေဖော်ဝါရီ ၂ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်ဟု အေအက်ဖ်ပီ သတင်းကို ကိုးကားလျက် ဘန်ကောက်ပို့စ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြသည်။

၎င်း၏ (၃)လပတ် အမြတ်ငွေသည် ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံရရှိခဲ့ပြီး နေ့စဉ်သုံးစွဲသူဦးရေ တိုးတက်မှုမှာ မျှော်လင့်ထား သည်ထက် နည်းပါးသွားခဲ့ရာ တုန်လှုပ်ခြောက်ခြားနေပြီဖြစ်သော အွန်လိုင်းဈေးကွက်ရှိ Netflix အပါအဝင် ကပ်ရောဂါဒဏ် ကြောင့် လုပ်ငန်းများ အလူးအလဲခံရသည့်ဘေးကို Meta လည်း ထိတွေ့ ခံစားလိုက်ရပြီဖြစ်သည်။

Facebook ပလက်ဖောင်းသည် ၂၀၂၁ ခုနှစ် နောက်ဆုံး (၄)လ၏ ရက်သတ္တ ၂ ပတ်အတွင်း ကမ္ဘာတဝန်းမှ နေ့စဉ်အသုံးပြုသူ ၁ သန်းခန့် ဆုံးရှုံးသွားကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုသို့ နေ့စဉ်အသုံးပြုသူ ၂ ဘီလီယံနီးပါးရှိနေသည့် လူမှုမီဒီယာ App တစ်ခု အနေဖြင့် အရေအတွက် အနည်းငယ်မျှ လျော့နည်းသွားစေကာမူ လုပ်ငန်းရပ်တန့် သွားနိုင်သည့်အချက်မှာ စိုးရိမ်စရာ ကောင်းလာခဲ့သည်။

သုံးစွဲသူများ တိုးတက်မှုကို နှေးကွေးစေခဲ့သည့် ကပ်ရောဂါကာလအတွင်း အာရှ-ပစိဖိတ်ဒေသတွင် အချိုးအစား မညီမျှစွာ တိုးတက်မှု၊ အိန္ဒိယနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းဒေတာ ဈေးနှုန်းတက်လာမှုတို့က မိမိတို့ဈေးကွက်အပေါ် ထိခိုက်ခဲ့ကြောင်း Meta ကုမ္ပဏီ၏ ဘဏ္ဍာရေးအရာရှိချုပ် ဒေ့ဗ်ဝယ်နာ (Dave Weiner) က သုတေသီများကို ပြောကြားခဲ့သည်။

 

“ဒီလို အချက်တွေအပြင် ပြိုင်ဆိုင်မှုရှိတဲ့ ဝန်ဆောင်မှုတွေမှာ အထူးသဖြင့် လူငယ်ပရိသတ်တွေအတွက် တိုးတက်မှု ထိခိုက်စေ တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

Meta ၏ အမှုဆောင်အရာရှိများသည် TikTok ၏ ယှဉ်ပြိုင်မှုသာမက အခြားလူမှုမီဒီယာကွန်ရက်များ၏ လွှမ်းမိုးချုပ်ကိုင်မှု၊ အလွဲသုံးစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုနှင့် တိုင်ကြားချက်များစွာကို ရင်ဆိုင်ရ၍ ထိခိုက်နစ်နာခဲ့ရပုံများကို အကြိမ်ကြိမ် ထုတ်ဖော်ပြောခဲ့ကြသည်။

Facebook ကို နေ့စဉ်တက်ကြွစွာ အသုံးပြုသူပေါင်း ၁ ဒသမ ၉၅ ဘီလီယံရှိမည်ဟု ခန့်မှန်းထားသော်လည်း Meta သည် ၎င်း လူမှုကွန်ရက် ပလက်ဖောင်းနှင့် ရွေးချယ် အသုံးပြုသူများအကြား အပြန်အလှန် တုံ့ပြန်မှုအဖြစ် ကုမ္ပဏီကြီးထွားလာရေး လမ်းကြောင်း၏ အဓိကညွှန်းကိန်းအဖြစ် ၁ ဒသမ ၉၃ ဘီလီယံဟုသာ ထုတ်ပြန်ခဲ့သည်။

ဘဏ္ဍာရေးဘက်တွင် Meta သည် ၎င်း၏ ကြိုတင်တွက်ချက်မှုများအတိုင်း ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၃ ဒသမ ၆၇ ဘီလီယံ ရရှိခဲ့သော်လည်း စတုတ္ထ (၃)လပတ်အတွက် အသားတင်အမြတ်ငွေ ဒေါ်လာ ၁၀ ဒသမ ၃ ဘီလီယံသာ ရခဲ့သဖြင့် ယမန်နှစ်ထက် ၈ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။

စိတ်ပျက်စရာကောင်းသော ၎င်း၏စွမ်းဆောင်အရည် အချို့ကို ဆင်ခြေပေး ဖြေရှင်းချက် တစ်ခုအနေဖြင့် Meta သည် ၎င်းကို သုံးစွဲသူများ၊ ကြော်ငြာရှင်များ ခံစားခဲ့ရသော ပြိုင်ဆိုင်မှုနှင့် ထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက် အခက်အခဲများကို အကြောင်း ပြခဲ့သည်။

 

Source: Bangkok Post