CNI News

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇

ပုဂံဒေသနှင့်ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်မှုအား အမြန်ဆုံးအကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယနေ့ (ဇန်နဝါရီ ၇ ရက်)တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဝန်ကြီးချုပ်ဟွန်ဆန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က “နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့် တင်နိုင်ရေးအတွက် အခွန်ကောက်ခံမှုများ လျှော့ချနိုင်ရေး အမြန်ဆုံးသဘောတူညီမှု ရရှိလိုပါကြောင်း၊ ပညာ ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုနှင့် ပတ်သက်၍လည်း စီမံချက်အသစ်ပြန်လည်ရေးဆွဲနိုင်ရေး ဆောင်ရွက်ရန် လိုပါကြောင်း၊ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ပုဂံဒေသနှင့် ဆီယံရိဒေသအကြား ခရီးသွားမိတ်ဖက်မြို့အဖြစ် သတ်မှတ်ဆောင်ရွက်မှုအား အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်း ချုပ်မှုများ ဆောင်ရွက်နိုင်သည့် အချိန်တွင် လေကြောင်းလိုင်းများအမြနဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင် ရွက်လိုပါတယ်”ဟု ပြောသည်။

ထို့နောက် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနများအကြား မူဝါဒ ရေးရာ ပူးပေါင်းဆောင်ရွက်များအတွက် နားလည်မှု သဘောတူညီချက် လက်မှတ်ရေးထိုးမှုကို ဆောင်ရွက်ခဲ့ပြီး ဖြစ်သည့်အတွက် အခွင့်အခါသင့်ပါက နှစ်နိုင်ငံဝန်ကြီးဌာနများအကြား ဆွေးနွေးမှုများ ပြုလုပ်စေလိုကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပုံ-၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၇ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တွေ့ဆုံဆွေးနွေးနေစဉ်

၎င်းက “ နှစ်နိုင်ငံကုန်သွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်များတွင် အခွန်နှစ်ထပ် ကောက်ခံမှုလျှော့ချနိုင်ရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ တိုးမြှင့်ရေး အတွက်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ် ရောဂါကူးစက်မှုကို အထိုက်အလျောက် ထိန်းချုပ် နိုင်သည့်အချိန်တွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံနှင့် လေကြောင်း သွားလာမှုအား အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ရည်ရွယ်ထားပြီးဖြစ်ပါတယ်”ဟု ပြောသည်။

ထို့ပြင် မိမိအနေဖြင့် ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတာဝန်ယူချိန် ကာလအတွင်း အကျဉ်းသား ၄၈၀၀၀ ကျော်ကို ပြစ်ဒဏ်မှ လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့ပြီးဖြစ်ပြီး သင့်လျော်သည့်အချိန်တွင်လည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

မြန်မာ-ကမ္ဘောဒီးယား ဆွေးနွေးပွဲကို နစကဘက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ဒုတိယဗိုလ်ချုပ် ကြီး ရဲဝင်းဦး၊ ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးအောင်နိုင်ဦး၊ ဦးကိုကိုလှိုင်၊ ဦးဝင်းရှိန်၊ ဒေါက် တာသက်ခိုင်ဝင်း၊ ဒေါက်တာသက်သက်ခိုင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ဦးကျော်မျိုးထွဋ်၊သံအမတ်ကြီး ဦးသစ်လင်းအုန်းတို့ တက်ရောက်ခဲ့ ကြောင်း သိရသည်။

ကမ္ဘောဒီးယားဘက်ကမူ ဝန်ကြီးချုပ်ဟွန်ဆန်၊ ဒုတိယဝန်ကြီးချုပ်၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး၊ ဝါရင့်ဝန်ကြီး၊ စက်မှု-သိပ္ပံ-နည်းပညာနှင့်တီထွင်ဆန်းသစ်မှုဝန်ကြီး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးနှင့် ကမ္ဘောဒီး ယားနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အထွေထွေအတွင်းရေးမှူး အပါအဝင် တခြားသော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။