CNI News
၂၀၂၆ ခုနှစ်၊ ဖေဖဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရန် ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ဆေးဝါးပစ္စည်းများ လိုအပ်နေကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဖွံဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုး ရေးအတွက် လိုအပ်တာများ လုပ်ဆောင်ပေးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြိုနှင့် လေရှီးမြိုတိုရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြိုမိမြိုဖများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
မိမိတို့၏ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်ရမည့်ကိစ္စ အများအပြားရှိနေ ကြောင်း နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲ့ဒါတွေကတော့ ဖွံ့ဖြိုးရေးနဲ့ပတ်သက်တဲ့ ကိစ္စတွေကတော့ ပြောရရင်တော့ များတယ်ဗျ။ လတ်တလော အခြေနေအရတော့ အခြေခံ ဖွံ့ဖြိုးရေး လိုအပ်ချက်တွေပေါ့။ ဒါကျန်းမာရေး၊ ကျန်းမာရေး စောင့်ရှောက်မှုတွေက တော့ သေသေချာချာ လိုအပ်နေတာပေါ့။ ကျန်းမာရေး စောင့်ရှောက်မှုလို့ ပြောတဲ့နေရာမှာ ဒီကျန်းမာရေးဝန်ထမ်း အလုံအလောက် ရရှိမှုဆိုတဲ့ဟာလည်း တော်တော်လေး လိုအပ်ချက် ရှိတယ်ပေါ့နော်။ နောက်တစ်ခုကတော့ ဆေး ဝါးပစ္စည်းတွေပေါ့။ ဆေးဝါးပစ္စည်းတွေ၊ အသုံးအဆောင်တွေ၊ ဆေးရုံဆေးပေးခန်းတွေမှာ လိုအပ်တဲ့ဆေးဝါး ထောက်ပံ့မှု ပစွည်းတွေ။ အဲ့ဒါတွေ ကျနော်တို့ ဒေသမှာဆိုရင် နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိ အဲ့ဒီဟာတွေ ကျနော်တို့ဆီမှာ သေသေချာချာကို မရှိဘူး။ မရှိတဲ့ အခါကျတော့ တော်တော်လေး အခက်အခဲရှိတယ်။ ဒီအထွေ ထွေ ရောဂါကုနဲ့ ပတ်သက်တဲ့ ဆေးဝါးကိစ္စတွေ ဓာတ်မှန်၊ နောက် သွေးစစ်တဲ့ကိစ္စတွေ အပါအဝင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အခြေခံ လိုအပ်ချက်အနေနဲ့ တော်တော်ကြီးကို ကြီးမားနေတဲ့ဟာတွေရှိတယ်။ နောက် ပညာရေးနဲ့ ပတ်သက်ရင်လည်း ထိုနည်းလည်းကောင်းပဲ။ ဒီစာသင်ကျောင်း အဆောက်အဦးတွေ အပါအဝင်၊ ပညာရေးဆိုင်ရာ ပံ့ပိုးမှုတွေ နောက်တစ်ခုကတော့ ဆရာ/ဆရာမ မလုံလောက်တဲ့ ပြဿနာကတော့ အခုချိန်ထိ ဒါ တစ်နှစ်ပြီး တစ်နှစ် ကျောင်းတွေသာ ဖွင့်သွားလိုက်၊ ပိတ်သွားလိုက် ဖြစ်နေတာ။ ဒါပေမယ့် ကလေးတွေ ဆရာ/ဆရာမ မလုံ လောက်ပဲနဲ့ အဲ့ဒီလို တချို့ရွာတွေမှာ၊ တချို့မြို့တွေမှာဆိုရင် ဒါမလုံမလောက်နဲ့ သင်နေရတဲ့ ဟာတွေက ဒါတွေက ဆရာ/ဆရာမ မလုံလောက်တဲ့ အခက်အခဲပေါ့နော်။ ဒီဟာတွေက အများကြီး လိုအပ်နေတဲ့ အခြေအနေမျိုးတွေ တော့ ရှိတယ်။ ကျန်တဲ့ဟာကတော့ အခြေခံ ဖွံ့ဖြိုးရေး လမ်းတံတား ကိစ္စတွေကတော့ လိုအပ်နေကြပဲ။ ကျနော် တို့ နာဂဒေသ ခက်ခဲတဲ့ နယ်မြေဖြစ်တဲ့ အတွက်ကြောင့် ဒါအရေးတကြီးကို လုပ်ဆောင်ရမဲ့ ကိစ္စပေါ့နော်”ဟု ပြော သည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာဂဒေသကို ရောက်လာစဉ်
နာဂဒေသနှင့် အိန္ဒိယကို ချိတ်ဆက်သည့် ပန်ဆောင် တောင်ကြားလမ်းကြောင်းသည် အဓိက နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းဖြစ်ပြီး၊ လမ်းပန်းဆက်သွယ်ရေး ဆိုးရွားခြင်း၊ မုံရွာ- ဟုမ္မလင်း- ခန္တီး ရေလမ်းကြောင်းမှ ကုန် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်းတို့ကြောင့် ကုန်စည်စီးဆင်းမှု ပြတ်တောက်ခြင်းနှင့် စားနပ်ရိက္ခာ ရှားပါးခြင်းများ ဖြစ်ပေါ်စေသည်။
နာဂဒေသတွင် တရားဝင် နယ်စပ်ကုန်သွယ်ရေး အကောင်အထည်ဖော်ခြင်းဖြင့် ဒေသခံများ၏ လူနေမှုဘဝ မြှင့်တင်ရန်နှင့် ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် မျှော်မှန်းထားသော်လည်း လက်ရှိတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖွင့်လှစ်မှုနှင့် ပတ်သက်၍ အကန့်အသတ်များ ရှိနေဆဲဖြစ်သည်။
နယ်မြေ ဖွံ့ဖြိုးရေးကိစ္စနှင့်ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးကို သေသေချာချာ စီမံခန့်ခွဲပြီး၊ ဟိုဘက်ဒီဘက် ညှိ နှိုင်း၍ လုပ်ဆောင်နိုင်လျှင် အများကြီး အထောက်အပံ့ ဖြစ်မည်ဟု နာဂအမျိုးသားပါတီ(NNP)ဥက္ကဋ္ဌ ဦးရှုမောင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆိုတော့ အဲဒီနေရာမှာက အဓိက အရေးကြီးတဲ့ကိစ္စက နယ်မြေဖွံ့ဖြိုးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ပြောရ ရင်တော့ ကျနော်တို့က ချင်းတွင်းမြစ်ကို အခြေပြုပြီး လုပ်နေတော့ ချင်းတွင်းမြစ်က အခုဆိုရင် နွေရာသီ ရောက် လာပြီဆိုရင် ရေကြောင်းပိတ်တဲ့ ကိစ္စတွေရှိတယ်။ ရေကြောင်း မပိတ်ရင်တောင်မှ ဒီနိုင်ငံရေး အကျပ်အတည်းနဲ့ ဖြစ်လာတဲ့အခါမှာ ကျနော်တို့က မုံရွာဘက်ကို ရေကြောင်း သွားလာရေးတစ်ခုပဲ အားပြုရတဲ့ အခြေအနေတစ်ခု မှာ နယ်မြေဒေသ အနေအထားတစ်ခုမှာ တော်တော်လေး အကျပ်အတည်းရှိတယ်။ ဆန်၊ ဆီ၊ ဆား ပြဿနာတွေ ပေါ့ဗျာ။ ကျနော်တို့က အိန္ဒိယဘက်ကို မှီခိုနေရတာပေါ့ဗျာ။ အိန္ဒိယဘက်က ကုန်စည်စီးဆင်းမှုတွေကို ကျနော်တို့ က ပိုပြီးတော့ တွင်တွင်ကျယ်ကျယ်နဲ့ လွတ်လွတ်လပ်လပ်နဲ့ ပိုပြီးတော့မှ ဒီလမ်းပန်း ဆက်သွယ်ရေး ကောင်း ကောင်းမွန်မွန်နဲ့ ကျနော်တို့ နွေ၊ မိုး၊ ဆောင်း သွားလာနိုင်တဲ့ လမ်းတွေကို အိန္ဒိယနယ်စပ် ကုန်သွယ်ရေးကို ဒီထက် ပိုပြီး အားကောင်းကောင်း လုပ်နိုင်မယ်ဆို ကျနော်တို့ မြန်မာနိုင်ငံ နာဂဒေသ တစ်ခုလုံး၊ နာဂဒေသတောင် မကဘဲ ဒီမုံရွာဘက်ထိကို ခက်ခဲကျပ်တည်းတဲ့ နေရာတွေမှာ ကျနော်တို့က ဒါ ဆန်၊ ဆီ၊ ဆား ကိစ္စတွေ အပါအဝင် နောက် စီးပွားရေး အခွင့်အလမ်းတွေ အတွက်လည်း ကျနော်တို့က နယ်စပ်ကုန်သွယ်ရေးကို တော်တော်လေး အားပြုပြီး တော့ နယ်မြေ ရှင်သန်ရပ်တည်ရေးနဲ့ ကျနော်တို့ ပြည်သူတွေရဲ့ စားဝတ်နေရေး အဆင်ပြေ ချောင်ချိရေးပေါ့နော်။ အဲ့ဒီကိစ္စ နောက် လုပ်ငန်းကိုင်ငန်း ကိစ္စတွေကတော့ နယ်စပ်ကုန်သွယ်ရေးကို သေသေချာချာလေး စီမံခန့်ခွဲပြီး တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ ဟိုဘက်ဒီဘက် ညှိနှိုင်းပြီးတော့ ကျနော်တို့က လုပ်ဆောင်နိုင်မယ်ဆိုရင်တော့ ဒါအများကြီး အထောက်အပံ့ ဖြစ်မယ်လို့တော့ ကျနော်က မြင်တယ် ဗျ”ဟု ပြောသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆ ရက်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နာဂဒေသကို ရောက်လာစဉ် ဒေသခံများက တင်ပြနေကြစဉ်
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) ပညာရေးသည် ဝေးလံခေါင်ဖျားမှုနှင့် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှုကြောင့် နောက်ကျ ကျန်ခဲ့သော်လည်း အစိုးရနှင့် ဒေသခံများ ပူးပေါင်း၍ KG+9 အခြေခံ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာကို မြှင့်တင်နေကြောင်း၊ ဆရာ/ဆရာမ လိုအပ်ချက်နှင့် ကျောင်းထွက် နှုန်းများရှိနေကြောင်း၊ နည်းပညာနှင့် စိုက်ပျိုးမွေးမြူရေး သင်တန်းများမှတဆင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း ဒေသတွင်းနေ ပြည်သူလူထုများက ပြောသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နံပါတ် ၁ ဦးစားပေး အနေနှင့် ပညာရေးကို ဦးစားပေး စေချင်ကြောင်း ခန္တီးမြို့နယ် နာဂရိုးရာယဥ်ကျေးမှုဥက္ကဋ္ဌ ဦးရှမ်းမော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “နံပါတ် ၁ ကတော့ ပညာရေးပေါ့ဗျာ။ နံပါတ် ၂ ကတော့ ကျန်းမာရေး စောင့်ရှောက်မှုပေါ့ဗျာ။ လမ်းတံတား ဆိုတာကတော့ သူဟာနဲ့သာ အဆင်ပြေရင် ပြေသလို သွားလာလို့ရတယ်။ ပြီးမှပဲ နံပါတ် ၃ မှာကြမှပဲ လမ်းတံတား ကိစ္စတွေ ပါလာမှာပေါ့။ ပထမဦးစားပေး နံပါတ် ၁ ကတော့ ပညာရေးပေါ့။ ပညာရေးလို့ ပြောတဲ့အခါမှာ တချို့ ဆရာ/ဆရာမတွေက လုံးဝ မလုံလောက်တဲ့အပြင် ကျောင်းမဖွင့်နိုင်တဲ့ ရွာတွေလည်း အများကြီးရှိတယ်ပေါ့နော်။ ကျောင်းဖွင့်တယ်လို့သာပြောတာ မူလတန်းကျောင်းရှိတဲ့ ကျောင်းတစ်ကျောင်းလုံးမှာမှ ဆရာ/ဆရာမ တစ်ယောက်ထဲ ရှိတာမျိုး၊ အလယ်တန်းအဆင့် ရှိတာတောင်မှ ဆရာ/ဆရာမက နှစ်ယောက်ထဲ သုံးယောက်ထဲရှိ တာမျိုးတွေ အများကြီးပေါ့။ ဒေသမှာ နံပါတ် ၁ အနေနဲ့တော့ ပညာရေးကို ဦးစားပေးစေချင်တယ်။ အိန္ဒိယအစိုးရ နဲ့ မြန်မာအစိုးရ နှစ်နိုင်ငံကြားမှာ ဆက်ဆံရေးကောင်းပြီးမှ စီးပွားရေးဇုန်ပေါ့ဗျာ။ စီးပွားရေးဇုန်လေး စနစ်တကျ အကောင်အထည် ဖော်ပေးနိုင်ရင်တော့ သိပ်ကောင်းမှာပဲလို့ ကျနော်ကတော့ မျှော်လင့်ပါတယ်ဗျ”ဟု ပြောသည်။
ဌာနဆိုင်ရာ ဝန်ထမ်းများကတော့ နာဂဒေသအဆင့်နှင့် သင့်လျော်သည့် ဌာနဆိုင်ရာ အဖွဲ့များအား လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းပေးရန်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြိုတော်ခန်းမ ဆောက်လုပ်ပေးရန်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန ဖွဲ့စည်းပေးရန်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက် ပေးရန်၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးရန် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်၏ နာဂခရီးစဉ်မှာ တင်ပြ တောင်းဆိုခဲ့ကြသည်။
ထို့ပြင် လေရှီးမြိုပေါ် ရပ်ကွက်အချိုနှင့် ကျေးလက်ဒေသများ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး မတူဂီ ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု စက်ရုံအတွက် ရေလုံလောက်စွာရရှိရေး အဆင့်မြင့် ရေလှောင်ကန်နှင့် အဆင့်မြင့် စက်ပစ္စည်းများ ဖြည့်ဆည်း တည်ဆောက်ပေးရန်၊ ထမံသီ-လေရှီး-ဆွမ္ပရာ လမ်းကြောင်းအား ရာသီ မရွေး သွားလာနိုင်ရေး ဆောင်ရွက်ပေးရန် စသည့် အချက်များကိုလည်း ၎င်းတို့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံ တင်ပြတောင်းဆိုခဲ့သည်။
