CNI News

၂၀၂၅ ခုနှစ်၊ ဇွန်လ ၆

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်း(ILO)မှ ချမှတ်သော ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင့်များတွင် အေးချမ်းစွာ ဆက်လက် လုပ်ကိုင်နိုင်မည်ဖြစ်သည်ဟု နစက၏ အလုပ်သမားဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဇွန်လ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ILO ၏ (၁၁၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာညီလာခံ ကျင်းပနေစဉ်ကာလအတွင်း ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်သည် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှုများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အစိုးရအပေါ် ILO မျက်နှာစာမှတဆင့် ဖိအားပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် တစ်ဖက်သတ် တောင်းဆိုထားသည့် ဆုံးဖြတ်ချက် တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရသည်ဟု အလုပ်သမားဝန်ကြီးဌာနက ပြောသည်။

၎င်းက “ ILO မှ ချမှတ်သော ဆုံးဖြတ်ချက်သည် နိုင်ငံရေးကို ဖိအားပေးလို၍ ဆုံးဖြတ်ထားသည့် အချက်အလက် ဖြစ်ရာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လုပ်ကိုင်နေကြသည့် အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ် ငန်းများအပေါ် သက်ရောက်မှုများ မရှိနိုင်သောကြောင့် စိုးရိမ်မှုမရှိဘဲ လုပ်ငန်းခွင်များတွင် အေးချမ်းစွာ ဆက်လက် လုပ်ကိုင်နိုင်မည်”ဟု ပြောသည်။

ထို့နောက် မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးကြီးသော အလုပ်သမားထု၏ အခွင့်အရေးများ ဥပဒေနှင့်အညီ တိုး တက်မှုရရှိရေး၊ လူမှုဘဝများ ဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးအတွက် ILO အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်လက် ထိတွေ့လျက် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လွတ်လပ်မှုကို မထိပါးစေသော ပူးပေါင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ဟု အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။

ILO သည် Article 33 အရ မြန်မာနိုင်ငံကို အရေးယူခဲ့ခြင်းဖြစ်သည့်အတွက် အထည်ချုပ်လုပ်ငန်းများ အပါအဝင် တခြားသော စီးပွားရေးလုပ်ငန်းများ ထိခိုက်လာနိုင်သလို အလုပ်လက်မဲ့ နှုန်းများတိုးပွားလာနိုင် သည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ထောက်ပြလျက်ရှိသည်။