CNI News
၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်
မြန်မာနိုင်ငံက ငလျင်ဘေးသင့် ဒေသများရှိ စီးပွားရေး လုပ်ငန်းများ ပြန်လည်ထူထောင်ရေး ကြိုးပမ်းရမည်ဟု နစကဥက္ကဋ္ဌပြောကြားချက်အရ မည်သည့် စီးပွားရေးလုပ်ငန်းကို ဦးစားပေးကူညီမှာလဲဟု စီးပွားရေးလုပ်ငန်းရှင် များက မေးခွန်းထုတ်နေကြသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့၍ ဟိုတယ်များ၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ လမ်းတံတားများ၊ တာဝါတိုင်များ ပျက်စီးဆုံးရှုံးခဲ့သလို လူပေါင်း ၃၇၀၀ ကျော် သေဆုံး၍ ၅၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ငလျင်ကြောင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ထိခိုက်နေသလို အာမခံကုမ္ပဏီများလည်း ထိခိုက်နေ ကြောင်း၊ အသေးစားအလတ်စား လုပ်ငန်းများလည်း ထိခိုက်လျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်ချုပ်ဈေးအတွင်း တစ်နေရာကိုတွေ့ရစဉ်
၎င်းက “ကျနော်တို့က အသေးစား အလတ်စား လုပ်ငန်းရှင်တွေကို ထောက်ပံ့မှာလား၊ တကယ့် အကြီးကြီးတွေကို ထောက်ပံ့ပေးမှာလား သို့မဟုတ်လို့ရှိရင် စီးပွားရေး လုပ်ငန်းတွေ မထောက်ပံ့တော့ဘဲနဲ့ တစ်နေ့လုပ် တစ်နေ့စား တဲ့သူ လုပ်သားတွေပေါ့နော်၊ အခြေခံလူတန်းစားတွေကို ထောက်ပံ့ပေးမှာလား ဆိုတဲ့ဟာရှိတယ်။ ယေဘူယျ ဆန်တဲ့ စကားလုံးတွေနဲ့ ဒီနေရာမှာ မပြောသင့်တော့ဘူးလို့ ယေဘူယျဆန်တဲ့ စကားလုံးတွေဆိုတာက ကျနော်တို့ စီးပွားရေးတွေ ပြန်လည်ထူထောင်ပေးနိုင်အောင်လုပ်ပါမယ်။ ပြည်သူလူထုတွေ စားဝတ်နေရေးတွေ ချောင်လည် လာအောင် လုပ်ပါမယ်ဆိုတဲ့ ဒီစကားလုံးတွေ ကြားခဲ့ရတာလည်း ကျနော်တို့က နှစ်တွေလည်း မနည်းတော့ဘူး ပေါ့နော်။ လွတ်လပ်ရေး ရပြီးကတည်းက အစိုးရတစ်ရပ် တက်လာရင် ကြားလာတယ်။ အဲဒီလိုမျိုးတွေထက် ထိထိ ရောက်ရောက် ကျနော်တို့က တစ်နေ့ကို လုပ်ခလစာ ၁၀,၀၀၀ အောက်ကိုပဲရတယ် မိသားစု အဲလိုအိမ်ထောင်စုတွေ ကို ကောက်ပြီးတော့ ဘယ်လိုပေးမယ်ဆိုတဲ့ဟာမျိုး တိတိကျကျချပြဖို့ စီးပွားရေးလုပ်ငန်းတွေကို ချေးငွေတွေပေး မယ် ကျနော်တို့ ကိုဗစ်တုန်းကလည်း အများကြီး ကြုံခဲ့ရပြီးပြီ အခုချိန်ထိ ကိုဗစ်ကနေ ထုတ်ပေးထားတဲ့ ရန်ပုံငွေ ကနေ ထုတ်ပေးထားတဲ့ ချေးငွေတွေ ပြန်မဆပ်နိုင်တဲ့အတွက် လုပ်ငန်းရှင်တွေမှာ Blacklist လုပ်တာမျိုးတွေ ဖမ်းဆီးဖို့ ဆောင်ရွက်တာမျိုးတွေ ဒါမျိုးတွေလည်း အများကြီးဖြစ်ခဲ့ပြီးပြီ ရှေ့မှာ ဒီလိုဟာတွေကို သင်ခန်းစာယူပြီး သဘာဝဘေး အန္တရယ်ဖြစ်ပေါ်လာတိုင်း ကိုယ်ကျိုးအတွက် ကြည့်တဲ့လုပ်ငန်းရှင်တွေကလည်း သူဟာသူအလိုလို ထွက်လာတယ် အဲဒီအပေါ်မှာမှ အစိုးရအနေနဲ့ ဒီလုပ်ငန်းစဉ်တွေကို ရှောင်ပြီးတော့ တကယ်ထိထိရောက်ရောက် လိုအပ်တဲ့ လုပ်ငန်းတွေ ကျနော်တို့ လိုအပ်တယ်”ဟု ပြောသည်။
စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် နိုင်ငံတော်က ငွေကျပ် ဘီလီယံ ၇၀၀ ကို ချေးငွေထုတ်ပေးရန် လျာထားကြောင်း၊ မိမိအနေဖြင့် ၂၂၆ ဘီလီယံကို ထုတ်ပေးလို ကြောင်း၊ ဆီစက်များ အပါအဝင် စက်ရုံအလုပ်ရုံများကို စီးပွားရေးမြှင့်တင်ရေးအတွက် ထုတ်ချေးပေးလိုကြောင်း၊ ထိုနောက် မည်သည့် အတိုးနှုန်းဖြင့် ပေး၍ရနိုင်မလဲ စဉ်းစားညှိနှိုင်းရန်လိုကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၅ ခုနှစ်၊ မေလ ၃၀ ရက်က ပြောသည်။
အသေးစားအလတ်စား လုပ်ငန်းတစ်ခုကိုတွေ့ရစဉ်
အစိုးရတစ်ရပ်သည် ၎င်းတို့သတ်မှတ်ထားသည့် မူဝါဒအတိုင်းသာ လုပ်လေ့ရှိပြီး အများဖြစ်လိုသော ဆန္ဒကို လိုက်လံ အကောင်အထည်ဖော်ပေးလေ့မရှိကြောင်း စီးပွားရေးလေ့လာသုံးသပ်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အခု ဒီငလျင်ဘေးသင့် ဒေသပေါ့လေ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် ဒီကြားထဲက မြို့တွေပေါ့လေ ဖြစ် သွားတာဆိုတော့ အဲဒါတွေကိုတော့ အဓိကဦးစားပေးပြီး လုပ်နေကြတယ် ဒီမိုးမကျခင်မှာ run လို့ရ အောင်လို့ ပေါ့။ တချို့ဆေးရုံတွေဆို တော်တော်ပျက်ဆီးသွားတာလေ mobile clinic တွေရော ဘာတွေရော ညာတွေရော ချက်ချင်းတော့ သူတို့အရေးပေါ် လုပ်နေပြီးတော့ ကြိုးစားဆောင်ရွက် နေတာတော့ရှိတယ်။ ခုတော့ ပြန်လည် ထူထောင်ရေးကာလမှာ ခုလမ်းတွေဆိုရင် ပျက်ဆီးသွားတယ်။ ပြန်ပြင်ထားပြီးပြီ လူတွေက နေစရာမရှိတဲ့ဟာတွေ ကြတော့ လောလောဆယ် ဘုန်းကြီးကျောင်းမှာ သွားနေရတာတွေရှိတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ချိတ်ဆက် ပြီးတော့ အဲလိုမျိုး ငလျင်ဘေးသင့် စခန်းတွေဆိုပြီးတော့ အဲလိုရပ်ရွာမှာ လုပ်ထားတာရှိတယ်။ မန္တလေးမှာဆိုရင် ကျနော်တွေ့ခဲ့တယ် ပန်းခြံတွေမှာ ယာယီတဲတွေ ထိုးပြီးတော့လေ မြို့နယ်ခရိုင် အစီအစဉ်တွေနဲ့ တည်ဆောက်ပြီး အဲမှာထားတယ်လေ။ အိမ်ဆောက်ဖို့အတွက် သူတိုပိုက်ဆံ ပေးမလား မပေးဘူးလားတော့ မသိဘူး။ အိုးအိမ် ပျက်ဆီးသွားရင် တစ်အိမ်ထောင် ဘယ်လောက်နှုန်းပေါ့လေ။ နိုင်ငံတော်အနေနဲ့ အဲလိုမျိုး ပြန်လည်ပေးအပ်တာ မျိုး ရှိမယ်လို့ ကျနော်ထင်တယ် သူတို့ပိုမှပေါ့နော်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် နေပြည် တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့မှာ လူပေါင်း ၆ သိန်းကျော် ငလျင်ဘေးသင့်ခဲ့သည်။
ထို့နောက် စီးပွားရေး လုပ်ငန်းများ ပြိုလဲသွားသလို နေစရာ အိမ်များလည်း ပျက်စီးသွားခဲ့ကာ ငလျင်ကယ်ဆယ် ရေးစခန်းများနှင့် နီးစပ်ရာ နေရာများတွင် နေထိုင်နေကြရသည်။