CNI International News

တိုကျို၊ ဇွန်လ ၂၅

ဂျပန်နိုင်ငံတွင် ယခုနှစ် အစောပိုင်းက နှေးကွေးနေသည့် စီးပွားရေးအခြေအနေ၌  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ သည် စတော့ရှယ်ယာများ ရောင်းချမှုနှင့်အတူ ဂျပန်၏ စတော့ရှယ်ယာဈေးကွက် လှုပ်ရှားမှုသည် စံချိန်တင် အဆင့်သို့ ရောက်ရှိခဲ့သည်ဟု Japan Times မှဖော်ပြခဲ့သည်။

ဂျပန်ကော်ပိုရိတ် အစိုးရ၏ ပြုပြင်ပြောင်းလဲမှု အလားအလာနှင့် ဂျပန်ဗဟိုဘဏ် (BOJ) ၏ ငွေကြေးမူဝါဒသည် သေချာရေရာမှု မရှိသေးသည့်တိုင် Citigroup ဘဏ်နှင့် Abrdn ဘဏ်တို့သည် ဂျပန်၏ စတော့ရှယ်ယာ တန်ဖိုးများအပေါ် အကောင်းမြင်ခဲ့ကြသည့် ဘဏ်များထဲတွင် ပါဝင်ခဲ့သည်။

အမေရိကဘဏ် (Bank of America) ၏ စစ်တမ်းတစ်ရပ်တွင် ပါဝင်ဖြေဆိုသူ ၃ သုံးပုံ ၁ ပုံက ဂျပန်၏ စတော့ရှယ်ယာဈေးကွက်သည် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း ယူဆခဲ့ကြသည်။

ပြီးခဲ့သည့် လအနည်းငယ်က ဂျပန်၏ ရှယ်ယာရောင်းဝယ်မှုကို မြင့်တက်စေခဲ့သည့် ပြည်ပရင်းနှီးမြှုပ်နှံသူများ သည် ဇွန်လ ၁၄ ရက်အထိ သီတင်းပတ် ၄ ပတ်ဆက်တိုက် ရှယ်ယာရောင်းဝယ်မှုများ ပြုလုပ်ခဲ့သည်။

ဂျပန်စတော့ရှယ်ယာ ဈေးကွက်ကို တွေ့ရစဉ်

ထိုကာလသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလနောက်ပိုင်း ရှယ်ယာဈေးကွက်လှုပ်ရှားမှု အချိန်အကြာဆုံး ကာလ ဖြစ်ခဲ့သည်ဟု တိုကျို စတော့အိတ်ချိန်း (TSE) က ထုတ်ပြန်ခဲ့သည်။

ဂျပန်၏ Blue-chip 225 Nikkei စတော့ ပျမ်းမျှညွှန်းကိန်းသည် မတ်လ ၂၂ ရက်က အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ ခဲ့ပြီးနောက် ထိုနေရာတွင် တန့်နေခဲ့သည်။

ထို့နောက် ၅ ဒသမ ၆ ရာခိုင်နှုန်း ပြန်လည်ကျဆင်းခဲ့ကာ MSCI AC Asia Pacific ညွှန်းကိန်းနှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းသာလွန်ခဲ့ကာ အမေရိကန်၏ S&P 500 ညွှန်းကိန်းတွင် ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။

"အခုနှစ်ထဲမှာ ဂျပန် စတော့ရှယ်ယာတွေအပေါ် အကောင်းမြင်မှုဟာ ဈေးကွက်ကို အရှိန်တင်ပေးသလို ဖြစ်ခဲ့ပါ တယ်။ ရင်းနှီးမြှုပ်နှံသူတွေဟာ ဂျပန်စတော့ရှယ်ယာ ဈေးကွက်အတွက် ဘယ်အရာတွေက ရေရှည်ထိန်းထားနိုင် မလဲဆိုတာကို အဖြေရှာနေကြပါတယ်" ဟု IG Market ၏ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ ဟီပေ ချန်း (Hebe Chen) က ပြောကြားခဲ့သည်။

Source: Japan Times