CNI News
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၉
နိုင်ငံခြားငွေ ရောင်းဝယ်ချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် CBM Reference Rate + ဝ.၅ ရာခိုင်နှုန်းဘောင်အတွင်း သတ်မှတ်ရောင်းချရန် ညွှန်ကြားလိုက်သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (နိုဝင်ဘာ ၉ ရက်)တွင် ထုတ်ပြန်ခဲ့သည်။
သတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ အရေးယူမည်ဟုလည်း ဗဟိုဘဏ်က ဆိုထားသည်။
ဤညွှန်ကြားချက်သည် နိုဝင်ဘာ ၁၀ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေရမည်ဟုလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။