CNI News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၆

ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ (ဒီဇင်ဘာ ၆ ရက်)တွင် ထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပို့ကုန်တင်ပို့သူများ ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေ ပမာဏ၏ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂ ပါ သတ်မှတ်ညွှန်ကြားချက် အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆော်ငရွက်ရန် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၃ ရက်က သတ်မှတ်ခဲ့သည်။

ထို့နောက် ပို့ကုန်တင်ပို့သူများအနေဖြင့် ပို့ကုန်တင်ပို့ခြင်းမှ ရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်း အစား ၃၅ ရာခိုင်နှုန်းကိုသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာ အမှတ် ၁၂/၂၀၂၂ ပါ သတ်မှတ်ညွှန် ကြားချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန်ပြင်ဆင်သတ်မှတ်ပါသည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။