CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ သန်း ၃၀ ကို ယနေ့ (အောက်တိုဘာ ၂၂ ရက်) ထုတ်ရောင်းပေးခဲ့သည်။

အဆိုပါ လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၈၀၀ ကျပ်ဖြင့် ထုတ်ရောင်းခဲ့ခြင်း ဖြစ်သည်။

ဗဟိုဘဏ်က ဖေဖော်ဝါရီတွင် အမေရိကန်ဒေါ်လာ ၆.၈ သန်း၊ ဧပြီလတွင် ၁၂ သန်း၊ မေလတွင် ၂၄ သန်း၊ ဇွန်လတွင် ၁၂ သန်း၊ ဇူလိုင်လတွင် ၃၉ သန်း၊ ဩဂုတ်လတွင် ၂၈ သန်း၊ စက်တင်ဘာလတွင် ၆၃ သန်း၊ အောက်တိုဘာလတွင် ၁၈ ရက်နေ့က ဒေါ် လာ သန်း ၅၀ နှင့် ၂၂ ရက်နေ့(ယနေ့)တွင် ဒေါ်လာ သန်း ၃၀ ထုတ်ရောင်းခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်သည့် အချက် အလက်များအရ သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၂ ရက်နေ့အထိ နိုင်ငံခြားငွေ ဈေးပြိုင် လေလံဖြင့် ဒေါ်လာ ၂၆၄.၈ သန်း ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။