CNI News
၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၈

ပြည်ပရောက် မြန်မာနိုင်ငံသားများ လုပ်ခ/လစာ ဝင်ငွေများ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ဖောက်ကား သည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတဆင့် လွှဲပို့ခြင်းအတွက် အမေရိကန် တစ်ဒေါ်လာ (ယင်းနှင့် ညီမျှသော နိုင်ငံ ခြားငွေ)အပေါ်တွင် ၃၀ ကျပ်အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဟု မြန်မာနိုင်ငံတော် ဗဟို ဘဏ်က ယနေ့ (အောက်တိုဘာ ၂၈ ရက်)ထုတ်ပြန်ခဲ့သည်။

ထိုသို့ ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ချင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့မှ စ၍ အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။