- By CNI
- Category: အားကစား
- Hits: 1469
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၃
တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်တို့ရဲ့ သမိုင်းဝင်ဟဲဗီးဝိတ်တန်း ပေါင်းစည်းရေးထိုးသတ်ပွဲကို ကျင်းပဖြစ်လိမ့်မယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဗျူရီရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က ပြောပါတယ်။
ဖရန့်ခ်ဝါရမ်က “တိုင်ဆန်နဲ့ အူဆက်ခ်တို့က အလွန်ကောင်းမွန်တဲ့ ထိုးသတ်ပွဲဖြစ်မှာပါ။သူတို့ရဲ့ နှစ်ဘက်စလုံးက လည်း ဒီပွဲဖြစ်ချင်တာကို မြင်ချင်တာကြောင့် ဒီထိုးသတ်ပွဲဖြစ်မယ်လို့ ကျနော်ထင်တယ်” လို့ BBC Radio 5 Live ကို ပြောခဲ့တာပါ။
အူဆက်ခ်ဟာ ပြီးခဲ့တဲ့ စနေနေ့က ထိုးသတ်ခဲ့တဲ့ မကျေပွဲမှာ အန်တိုနီဂျိုရွှာကို အနိုင်ရခဲ့တာကြောင့် WBA, WBO,IBF နဲ့ The Ring ဟဲဗီးဝိတ်ခါးပတ်တွေကို ပိုင်ဆိုင်နိုင်ခဲ့တာဖြစ်ပါတယ်။အခုလထဲမှာပဲ WBC ချန်ပီယံ တိုင်ဆန်ဗျူရီဟာ လက်ဝှေ့လောကကနေ အနားယူတယ်ဆိုတာကို ထပ်မံအတည်ပြုခဲ့တာပါ။အူဆက်ခ်ကတော့ တိုင်ဆန်ဗျူရီနဲ့မှ မထိုးသတ်ရင် ဘယ်သူနဲ့မှ မထိုးသတ်ချင်ကြောင်းကို ဂျိုရွှာနဲ့ ပွဲအပြီးမှာ ပြောထားခဲ့ပါတယ်။

တိုင်ဆန်ဗျူရီနဲ့ အူဆက်ခ်ကိုတွေ့ရစဉ်
ဖရန့်ခ်ဝါရမ်က “အူဆက်ခ်က ဒီပွဲဟာ သူစိတ်ဝင်စားတဲ့ တစ်ခုတည်းသောပွဲဖြစ်တယ်ဆိုတာကို ပြောခဲ့ပါတယ်။ တိုင်ဆန်လည်း အတူတူပါပဲ။ဒါက ထူးခြားတဲ့ ထိုးသတ်ပွဲနဲ့ သမိုင်းဝင်ထိုးသတ်ပွဲဖြစ်တာကြောင့် ဝင်ငွေအများဆုံး ရနိုင်မယ့်ကိစ္စပါ။ခါးပတ်လေးခုက ဘယ်လောက်ကြာကြာလိုင်းပေါ်မှာရောက်နေလဲဆိုတာကို ဘုရားသခင် သိတာ လည်း ဒါက ပထမဆုံးအကြိမ်ပါပဲ။သူတို့နှစ်ဦးစလုံးက အခုထိ ရှုံးပွဲမရှိသေးပါဘူး။ဒီပွဲက လက်ဝှေ့လောက တစ်ခု လုံးကို စွဲလန်းသွားစေနိုင်ပါတယ်”လို့ ပြောခဲ့တာပါ။
ဗြိတိန်နိုင်ငံသား လူးဝစ်ဟာ ဟိုလီဖီးလ်ကို ၁၉၉၉ က အနိုင်ရပြီးနောက် အငြင်းပွားဖွယ်ရာမရှိ နောက်ဆုံး ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်ခဲ့ပါတယ်။၂၀၀၇ ကတည်းက ဒီအငြင်းပွားဖွယ်ရာမရှိ ချန်ပီယံဆုမှာ WBO ခါးပတ် ကိုပါထည့်သွင်းခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ချန်ပီယံခါးပတ် ၄ ခုစလုံးအတွက် ထိုးသတ်ပွဲ မဖြစ်ခဲ့ပါဘူး။ တိုင်ဆန်ဗျူရီ ရဲ့ ပွဲစီစဉ်သူ ဖရန့်ခ်ဝါရမ်က အန်သိုနီဂျိုရွှာအနေနဲ့ ရလဒ်တွေဆိုးရွားနေပေမယ့် ဗြိတိန်လူမျိုးနှစ်ဦးရဲ့ ထိုးသတ်ပွဲ က ဖြစ်နိုင်သေးတယ်လို့ ပြောခဲ့တာပါ။
“ဂျိုရွှာအနေနဲ့ သူ့ရဲ့ ခါးပတ်အောက်မှာ နောက်ထပ်နှစ်ပွဲလောက်အနိုင်ရခဲ့ရင် တိုင်ဆန်နဲ့ ထိုးပွဲက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဂျိုရွှာအနေနဲ့ ဒီလိုပွဲတွေအကြောင်းမတွေးခင်မှာ သူ့ကိုယ်သူပြန်လည်ထူထောင်ဖို့ လိုပါတယ်”လို့ ဖရန့်ခ်ဝါရမ်က ပြောခဲ့ပါတယ်။
Source:BBC
- By CNI
- Category: အားကစား
- Hits: 1285
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၃
ယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟတ်က လီဗာပူးလ်ကို အနိုင်ရခဲ့တဲ့ ပွဲကလိုပုံစံမျိုး ပွဲတိုင်းယူဆောင်လာဖို့ ကစားသမားတွေကို ပြောလိုက်ပါတယ်။
အဲရစ်တန်ဟတ်က “နိုင်ပွဲရလို့ ကျနော်ပျော်ရွှင်ပါတယ်။ဒါပေမယ့် ဒီတစ်ပွဲတည်းတင်မဟုတ်ဘဲ ပွဲတိုင်းကို ဒီလို ပုံစံမျိုးယူဆောင်လာရမှာပါ။ လီဗာပူးလ်နဲ့ ယှဉ်ပြိုင်ရုံနဲ့တင်မပြီးသေးပါဘူး။ပရီးမီးယားလိဂ်ပွဲတိုင်းက ခက်ခဲပါ တယ်။ပွဲတိုင်းကို ဒီလိုအဖွဲ့အစည်းစိတ်ဓါတ်တွေနဲ့ ပြင်းပြမှုတွေကို ယူဆောင်လာရမှာပါ”လို့ Sky Sports နဲ့ ပွဲအပြီးပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။
ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်အရေးနိမ့်ခဲ့တဲ့ ယူနိုက်တက်အသင်းဟာ သြဂုတ်လ ၂၃ ရက် မနက်ပိုင်း က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လီဗာပူးလ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ယူနိုက် တက်အသင်းအတွက် ဂိုးတွေကို ဆန်ချိုနဲ့ ရက်ရှ်ဖိုဒ့်တို့က သွင်းယူခဲ့ပြီး ဆာလတ်က လီဗာပူးလ်အတွက် ချေပဂိုး သွင်းယူခဲ့တာပါ။ဒီပွဲမှာ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ဟာ ပွဲထွက်လူစာရင်းကနေ အသင်းခေါင်းဆောင် မက်ဂွဲယားနဲ့ ရော်နယ်ဒိုကို ချန်လှပ်ခဲ့ပြီး ရော်နယ်ဒိုကို လူစားဝင်ကစားသမားအဖြစ်သာ အသုံးပြုခဲ့တာ ဖြစ်ပါ တယ်။

အဲရစ်တန်ဟတ်က “ကျနော်တို့ဟာ နည်းဗျူဟာအကြောင်း ပြောနိုင်ပေမယ့် အရာအားလုံးက စိတ်နေသဘော ထားပါပဲ။ကျနော်တို့ ကွင်းထဲမှာ ဒါကိုယူဆောင်လာနိုင်ခဲ့ပါတယ်။ဆက်သွယ်မှုတွေ၊ တိုက်ပွဲဝင်စိတ်ဓါတ်တွေနဲ့ သူတို့အောင်မြင်မှုရနိုင်တာကို ခင်ဗျားတို့ မြင်တွေ့နိုင်ပါတယ်။ဘာကြောင့်လဲဆိုရင် သူတို့ဟာ အလွန်ကောင်းမွန် စွာ ကစားနိုင်ခဲ့လို့ပါပဲ”လို့ ပြောခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဒီပွဲအရေးနိမ့်ခဲ့တာကြောင့် ၂ ပွဲသရေရလဒ်နဲ့ ပရီးမီးယားလိဂ် ၃ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။လီဗာပူးလ်နည်းပြ ကလောပ့်က “ကျနော်တို့ ဒီပွဲအနိုင်ရခဲ့သင့်ပါတယ်။ ဒါက ရယ်စရာကြီးဆိုတာ သိပေမယ့် ဒါကို ကျနော်မြင်တွေ့ခဲ့ရတာပါ။ကျနော်တို့ရဲ့ အခြေအနေအတွက် စိုးရိမ်မိပေမယ့် ဒါက ဒီလိုပါပဲ”လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ် ၄ အဖြစ် ယူနိုက်တက်အသင်းက ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်း၊ လီဗာပူးလ်အသင်း က ဘုန်းမောက်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Goa
- By CNI
- Category: အားကစား
- Hits: 926
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
အေဂျတ်စ်နည်းပြ ရှရန်ဒါက အန်တိုနီအနေနဲ့ အခုနွေရာသီ အပြောင်းအရွှေ့မှာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ကစားရမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ရှရန်ဒါက “ အန်တိုနီကို ဒီမှာပဲ ဆက်နေစေချင်ပြီး ကျနော်တို့ သူ့ကို ရောင်းချသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ ကစားသမား ၅ ဦး၊ ၆ ဦးလောက် ရောင်းချပြီးဖြစ်တဲ့အတွက် နောက်ထပ် ရောင်းချဖို့ မဖြစ်နိုင်တော့ဘူးလို့ ထင် ပါတယ်။ ဒါပေမယ့် ဒါကို ကလပ်ကပဲ ဆုံးဖြတ်ရမှာပါ။ ကျနော်က ဆုံးဖြတ်လို့ မရပါဘူး။ ကျနော်တို့မှာ ငွေကြေး အင်အား တောင့်တင်းတယ်လို့ ထင်ပါတယ်။ အခု ကျနော်တို့က ချန်ပီယံလိဂ် ကစားခွင့်ရထားပြီး ယူနိုက်တက်က ချန်ပီယံလိဂ် ဝင်ခွင့် မရပါဘူး”လို့ ESPN ကို ပြောပါတယ်။
အဲရစ်တန်ဟတ်ဟာ အေဂျတ်စ်မှာ လက်တွဲခဲ့တဲ့ အန်တိုနီကို ယူနိုက်တက်ထံ အရခေါ်ယူဖို့ ပစ်မှတ်ထား နေပေ မယ့် နယ်သာလန်ကလပ်က ယူရိုသန်း ၁၀၀ ဈေးနှုန်း သတ်မှတ်ထားပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှု အများအပြားကို အေဂျတ်စ်အသင်းက ပယ်ချထားပေမယ့် အပြောင်းအရွှေ့အတွက် ဆက်လက် ဖိအားပေးဖို့ ပြင်ဆင် ထားပါတယ်။

အန်တိုနီနဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ် ကိုတွေ့ရစဉ် (Daily Express)
ကစားသမား ကိုယ်တိုင်ကလည်း ယူနိုက်တက်ထံ ပြောင်းရွှေ့ချင်လို့ အသင်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်ဖို့ ငြင်းဆန် ခဲ့ပါတယ်။
အဲ့ဒါကြောင့် ရော့တာဒမ်အသင်းကို အနိုင်ရခဲ့တဲ့ နယ်သာလန်လိဂ်ပွဲစဉ်မှာ အန်တိုနီ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ ယူနိုက်တက် အသင်းဟာ ကတ်စမဲရိုးကို ခေါ်ယူပြီးနောက် အပြောင်းအရွှေ့ မပိတ်ခင် နောက်ထပ်ကြီးမားတဲ့ အပြောင်းအရွှေ့အဖြစ် အန်တိုနီကို ခေါ်ယူဖို့ လုပ်ဆောင်နေခဲ့တာပါ။
ယူနိုက်တက် အသင်းဟာ အခု အပြောင်းအရွှေ့မှာ အေဂျတ်စ်နောက်ခံလူ လီဆန်ဒရို မာတီးနတ်စ်ကိုလည်း ခေါ်ယူထားပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိ အန်တိုနီဟာ ၂၀၂၀ က ဆန်းတို့စ်အသင်းကနေ အေဂျတ်စ်အသင်းထံ ရောက်ရှိလာခဲ့ တာဖြစ်ပြီး ပွဲပေါင်း ၈၂ ပွဲ ပါဝင်ကစားကာ ၂၅ ဂိုး သွင်းယူထားတာပါ။ သူဟာ အေဂျတ်စ်အသင်းနဲ့ အတူ နယ်သာလန် အမှတ်ပေးလိဂ် ၂ ကြိမ်နဲ့ နယ်သာလန်ဖလား ၁ ကြိမ်ရရှိထားပြီး ဘရာဇီးလ် ယူ-၂၃ အသင်းနဲ့ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ရယူခဲ့ပါတယ်။
Source: Metro
- By CNI
- Category: အားကစား
- Hits: 1126
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
နာမည်ကြီး ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဗျူရီဟာ ညီဝမ်းကွဲဖြစ်သူ သြဂုတ်လ ၂၁ ရက် အစောပိုင်းက ဓားထိုးခံရလို့ သေဆုံးပြီးနောက် ဒီလိုဓားနဲ့ ထိုးတဲ့ ရာဇဝတ်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့ ဗြိတိန်အစိုးရကို တိုက်တွန်း လိုက်ပါတယ်။
တိုင်ဆန်ဗျူရီက “ မနေ့ညက ညီဝမ်းကွဲဖြစ်သူ လည်ပင်းကို ဓားနဲ့ ထိုးသတ်ခံခဲ့ရပါတယ်။ ဓားတွေ ကိုင်ဆောင် ထားပြီး ရယ်စရာကောင်းတဲ့ အရူးတွေလို ဖြစ်လာပါပြီ။ ဒါကို အမြန်ဆုံး ရပ်တန့်ဖို့ လိုအပ်ပါတယ်။ ဗြိတိန်အစိုးရ က ဓားနဲ့ထိုးတဲ့ ရာဇဝတ်မှုတွေအတွက် မြင့်မားတဲ့ စီရင်ချက်ချဖို့ လိုအပ်ပါတယ်”လို့ အင်စတာဂရမ်မှာ ရေးတင်ခဲ့ ပါတယ်။
တိုင်ဆန်ဗျူရီဟာ ဒီပို့စ်မှာ ဓားနဲ့ထိုးတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ပေးဖို့နဲ့ သူရဲဘော ကြောင်သူတွေသာ လက်နက် ကိုင်ဆောင်ထားတယ်လို့ ရေးသားထားပါတယ်။
ဗြိတိန်မီဒီယာတွေက တိုင်ဆန်ဗျူရီရဲ့ ညီဝမ်းကွဲဖြစ်သူ အသက် ၃၁ နှစ်အရွယ်ရှိ ရီကိုဘာတန်ဟာ မန်ချက်စတာ မှာ တိုက်ခိုက်ခံရတဲ့ လူ ၂ ဦးထဲက ၁ ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ရီကိုဘာတန်နဲ့ အသက် ၁၇ နှစ်အရွယ်ရှိ ယောင်္ကျားလေးတို့ဟာ ဓားဒဏ်ရာတွေ ရရှိခဲ့ပြီး ကျန် ၁ ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံတင် ထားရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

တိုင်ဆန်ဗျူရီနဲ့ ညီဝမ်းကွဲ ရီကိုဘာတန်ကို တွေ့ရစဉ်
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက “သွေးထွက်သံယိုမှုတွေ ဖြစ်ခဲ့ပါတယ်။ တခြားလူတွေက သူ့ အသက်ကို ကယ်တင်ပေးဖို့ ကြိုးစားခဲ့ပြီး ရှေးဦးသူနာပြု နည်းတွေပါ ပြုလုပ်ခဲ့ကြတာပါ။ ဒါပေမယ့် သွေးတွေ အများကြီး ထွက်နေခဲ့တာကြောင့် ဘယ်သူကမှ သူ့ကို မကယ်တင်နိုင်ခဲ့ပါဘူး”လို့ ပြောခဲ့ပါတယ်။
လူသတ်မှုဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့က စတင်ပြုလုပ်နေပြီး ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က ရဲမှူး ဘန်အီဝါ့တ်က အသက် ၂၁ နှစ်နဲ့ ၂၀ အရွယ်ရှိ အမျိုးသား နှစ်ဦးကို ဖမ်းဆီး ချုပ်နှောင်ထားတယ် လို့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အင်္ဂလန်နဲ့ ဝေးလ်စ်မှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကတည်းက အနည်းဆုံးလူ ၁၁ ဦး ဓားနဲ့ အထိုးခံခဲ့ရတယ်လို့ သိရပါ တယ်။
Source: CNA/The Sun
- By CNI
- Category: အားကစား
- Hits: 939
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၂
လီဝန်ဒေါစကီးဟာ ဆိုစီဒက်အသင်းကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာအတွက် ဂိုးသွင်းပြီး မိနစ်တိုင်း မှာ ဂိုးသွင်းနိုင်တဲ့သူ ဖြစ်လာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ဆိုစီဒက်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဒီပွဲမှာ လီဝန်ဒေါစကီးဟာ ပွဲချိန် ၁ မိနစ် မပြည့်ခင်နဲ့ ၆၈ မိနစ်မှာ ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒီဂိုးတွေကြောင့် ပိုလန်တိုက်စစ်မှူးဟာ ပွဲချိန် ၁ မိနစ်ကနေ မိနစ် ၉၀ အထိ ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ လီဝန်ဒေါစကီး မတိုင်ခင် မိနစ်တိုင်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားတွေကတော့ ရော်နယ်ဒို၊ အီဘရာ ဟီမိုဗစ်နဲ့ ဆွာရတ်စ်တို့ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် လီဝန်ဒေါစကီးဟာ မိနစ်တိုင်း ဂိုးသွင်းယူနိုင်တဲ့ စတုတ္တမြောက် ကစားသမား ဖြစ်ခဲ့ပါတယ်။
ပိုလန်တိုက်စစ်မှူးဟာ ဒီပွဲမှာ ဘာစီလိုနာ ကစားသမားဘဝ ပထမဆုံးဂိုးနဲ့ ဒုတိယဂိုးကို ရယူနိုင်ခဲ့ပြီး အသက် ၃၄ နှစ်ပြည့် မွေးနေ့မှာ အခုလို စံချိန်မှတ်တမ်းကောင်းတွေကို ရယူနိုင်ခဲ့တာပါ။

လီဝန်ဒေါစကီး ကိုတွေ့ရစဉ် (DS)
ဆိုစီဒက်နဲ့ ပွဲမှာ ဘာစီလိုနာအတွက် နောက်ထပ်ဂိုးတွေကို ဒမ်ဘီလီနဲ့ အန်ဆုဖာတီတို့က သွင်းယူခဲ့ ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ လာလီဂါ အဖွင့်ပွဲစဉ်မှာ ဂိုးမရှိ သရေကျခဲ့လို့ ဝေဖန်ခြင်း ခံခဲ့ရပေမယ့် ဒုတိယပွဲမှာ တော့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကတော့ ဘာစီလိုနာ ကစားသမားဘဝ သူ့ရဲ့ ပထမဆုံးသွင်းဂိုးကို ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို ရည်စူးခဲ့ပါတယ်။
လီဝန်ဒေါစကီးက “ပထမဆုံးသွင်းဂိုးက ကျနော့်ရဲ့ ဖခင်အတွက်ပါ။ အသင်းတစ်သင်းလုံးရဲ့ ကြိုးစား အားထုတ်မှုနဲ့ အတူ ကျနော်တို့ရဲ့ ဆန္ဒပြင်းပြမှုတွေကြောင့် အနိုင်ရလဒ် ရရှိခဲ့တာပါ။ ကျနော်တို့ဟာ တစ်ဦးနဲ့တစ်ဦးပိုပြီး နားလည်မှု ကောင်းလာပါတယ်”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာ အသင်းနည်းပြ ဇာဗီက “ပြီးခဲ့တဲ့အပတ်က သရေကျခဲ့တာက ကြီးမားတဲ့ စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲကြောင့် ကျနော်တို့ကို ကြီးမားတဲ့ ခွန်အားတွေ ဖြစ်စေပါတယ်။ ဒါမှလည်း စိန်ခေါ်မှုတွေကို ကျော်လွှားဖို့ ကြီးမားတဲ့ တွန်းအားပေးမယ့် ဆန္ဒတွေရှိလာမှာပါ”လို့ ပြောခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ အခုလာမယ့် ကြားရက်မှာ မန်စီးတီးအသင်းနဲ့ ခြေစမ်းပွဲ ကစားမှာဖြစ်ပြီး လာလီဂါပွဲစဉ် အဖြစ် ဗယ်လာဒိုးလစ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sport/Reddit
- By CNI
- Category: အားကစား
- Hits: 1469
CNI Sport News
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၂
ပီအက်စ်ဂျီအသင်းက လိုင်လီအသင်းကို အဝေးကွင်းမှာ ၇ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပွဲစဉ် မှာ ဘတ်ပီဟာ ပွဲအစ ၈ စက္ကန့်မှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဘတ်ပီဟာ စပေးဘောကနေ မက်ဆီတင်ပေးလိုက်တဲ့ ဘောလုံးကို ရှေ့တက်လာတဲ့ လိုင်လီဂိုးသမားကို ကျော်ဖြတ်ပြီး ဂိုးသွင်းနိုင်ခဲ့ကာ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲရဲ့ အမြန်ဆုံး ဂိုးသွင်းရှင် ဖြစ်ခဲ့တာပါ။
ဘတ်ပီဟာ လိုင်လီအသင်းကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ ဒီပွဲမှာ ပီအက်စ်ဂျီအသင်းအတွက် ဟတ်ထရစ် ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် နောက်ထပ် သွင်းဂိုးတွေကို နေမာက ၂ ဂိုးနဲ့ မက်ဆီ၊ ဟာကီမီတို့က ၁ ဂိုးစီ သွင်းယူနိုင်ခဲ့တာပါ။
ဘရာဇီးလ်တိုက်စစ်မှူး နေမာဟာ သွင်းဂိုး ၂ ဂိုးအပြင် ဒီပွဲမှာ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ နည်းပြသစ် ဂယ်လ်တီယာ လက်ထက်မှာ ရာသီစတင်ကတည်းက ခြေစွမ်းပြသနေပြီး လီဂူးဝမ်း ၃ ပွဲ ကစားအပြီးမှာ ၃ ပွဲစလုံး အနိုင်ရကာ သွင်းဂိုး ၁၇ ဂိုးအထိ ရယူထားနိုင်ခဲ့တာပါ။

ပီအက်စ်ဂျီအသင်း နည်းပြ ဂယ်လ်တီယာ (Four News)
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းအဝေးကွင်း ၆ ပွဲဆက်တိုက် ၃ ဂိုးနဲ့ အထက် သွင်းယူနိုင်တဲ့ ပထမဆုံး အသင်း အဖြစ်လည်း မှတ်တမ်းတင်ခဲ့ပါတယ်။ လိုင်လီအသင်းကတော့ ပထမဆုံးအကြိမ် အိမ်ကွင်းမှာ ၇ ဂိုး အထိပေးပြီး ကြီးမားတဲ့ ရှုံးပွဲကြုံတွေ့ခဲ့ရတာပါ။
နည်းပြ ဂယ်လ်တီယာကတော့ ပီအက်စ်ဂျီအသင်းရဲ့ ရာသီအစ ကောင်းမွန်မှုအပေါ်မှာ အံ့အားသင့်ခဲ့ခြင်း မရှိပါဘူး။
ဂယ်လ်တီယာက “ ဒါတွေဟာ ဇူလိုင်လကတည်းက ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေကြောင့်ပါ။ ရာသီအစ မှာ အလွန် ပြင်းပြင်းထန်ထန် ကစားခဲ့တဲ့ ကစားသမားတွေကို မြင်တွေ့ခဲ့တာကြောင့်လည်း ကျနော် အံ့အားသင့်ခြင်း မရှိပါဘူး။ ပြိုင်ပွဲတိုင်းမှာ လူတိုင်း ပါဝင်လုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ အဝတ်စားလဲခန်းမှာ ပျော်ရွှင်ပြီး စိတ်အားထက်သန်တဲ့ ကစားသမားတွေဖြစ်ဖို့ လိုတယ်”လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ နေမာနဲ့ ဘတ်ပီတို့အကြား အနည်းငယ်တင်းမာမှု ရှိခဲ့တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လိုင်လီအသင်းကို အနိုင်ရတဲ့ ပွဲစဉ်မှာ ၂ ဦးစလုံး အတွဲညီစွာနဲ့ ခြေစွမ်းပြသခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ လီဂူးဝမ်းပွဲစဉ် ၄ အဖြစ် မိုနာကိုအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Daily Mail
- By CNI News
- Category: အားကစား
- Hits: 1396
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၁
ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်တွေအတွက် မကျေပွဲအဖြစ် ဆော်ဒီမှာ ထိုးသတ်ခဲ့တဲ့ အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာတို့ ပွဲမှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့ပါတယ်။
၁၂ ချီ ပြည့်မြောက်တဲ့အထိ အကြိတ်အနယ် ထိုးသတ်ခဲ့ကြတာဖြစ်ပြီး ဒိုင်လူကြီးတွေရဲ့ အဆုံးအဖြတ်ကို ခံယူတာ မှာ အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ ဒိုင်လူကြီး ၂ ဦးက အူဆက်ခ်ကို ၁၁၅ - ၁၁၃ ၊ ၁၁၆ - ၁၁၂ မှတ်တို့နဲ့ အနိုင် ပေးခဲ့တာ ဖြစ်ပါတယ်။
ဒိုင်လူကြီး ၁ ဦးက ဂျိုရွှာကို ၁၁၅ - ၁၁၃ မှတ်နဲ့ အနိုင်ပေးခဲ့ပေမယ့် နောက်ဆုံးမှာ ယူကရိန်းနိုင်ငံသား အူဆက်ခ်က အနိုင်ရရှိသွားခဲ့တာပါ။ အဲ့ဒါကြောင့် အူဆက်ခ်ဟာ WBA(Super) ၊ IBF၊ WBO နဲ့ IBO ဟဲဗီးဝိတ်ချန်ပီယံ ခါးပတ် တွေကို ဆက်ထိန်းသိမ်း နိုင်ခဲ့ပါတယ်။
အူဆက်ခ်နဲ့ အန်သိုနီဂျိုရွှာ ထိုးသတ်နေစဉ်
ဒါ့အပြင် တိုင်ဆန်ဗျူရီ အနားယူသွားတာကြောင့် လစ်လပ်ခဲ့တဲ့ The Ring ဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်လာခဲ့ တာပါ။ အူဆက်ခ်ကတော့ ဒီနိုင်ပွဲကြောင့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၂၀ ထိုးသတ်ခဲ့တာမှာ ရာနှုန်းပြည့် အနိုင်ရတဲ့ စံချိန်မှတ်တမ်းကို ဆက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
အန်သိုနီဂျိုရွှာကတော့ နောက်ဆုံး ၂ ပွဲဆက်တိုက် အူဆက်ခ်ကို အရေးနိမ့်ခဲ့ကာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ၃ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။ အူဆက်ခ်ဟာ ဒီနိုင်ပွဲကို သူ့နိုင်ငံဖြစ်တဲ့ ယူကရိန်းနိုင်ငံအတွက် ရည်ရွယ်ကြောင်း ပွဲအပြီးမှာ ပြောခဲ့ပါတယ်။
Source: BBC Sport
- By CNI
- Category: အားကစား
- Hits: 962
CNI Sport News
၂၀၂၂ ခုနှစ်၊ဩဂုတ် ၂၀
ဘရာဇီးလ်ဂန္ထဝင်ကစားသမား ရော်နယ်ဒင်ဟိုက အာဆင်နယ်အသင်းဟာ ထိပ်ဆုံး ၄ သင်းနဲ့ ရာသီအဆုံးသတ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ရော်နယ်ဒင်ဟိုက “အာဆင်နယ်အသင်းဟာ သူတို့ခေါ်ယူထားတဲ့ ကစားသမားတွေရဲ့ လုပ်ဆောင်မှုနဲ့အတူ ဒီရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ပြန်လည်ဝင်ရောက်သွားမှာပါ။သူတို့ဟာ ဒီထက်ပိုပြီးအောင်မြင်ရင် ဆုဖလား အတွက် စိန်ခေါ်မှုတောင် ဖြစ်နိုင်ပါတယ်။မန်စီးတီးကတော့ အလွန်ကောင်းမွန်ပြီး ရေပန်းအစားဆုံး ဖြစ်ပါ တယ်။ဒါပေမယ့် ဘောလုံးမှာတော့ ဘာမဆိုဖြစ်သွားနိုင်ပါတယ်”လို့ The Mirror ကို ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ရာသီသစ်မစတင်ခင် ရာသီကြိုမှာကတည်းက အကောင်းဆုံးခြေစွမ်းပြသနေပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက်အနိုင်ရထားပါတယ်။

ကစားသမားသစ်တွေဖြစ်တဲ့ ဂျီးဆပ်စ်နဲ့ ဇင်ချန်ကိုတို့ကလည်း အသင်းသစ်မှာ လျင်မြန်စွာအသားကျခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာပါ။တိုက်စစ်မှူး ဂျီးဆပ်စ်ဆိုရင် လက်စတာအသင်းကို ၄ ဂိုး- ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်ဒင်ဟိုက ဂျီးဆပ်စ်နဲ့ပတ်သက်ပြီး “မန်စီးတီးကို သူပြောင်းရွှေ့လာခဲ့တုန်းက ကမ္ဘာ့အကောင်းဆုံး တွေထဲက တစ်ယောက်ဖြစ်လာမယ်လို့ ပြောခဲ့ပါတယ်။အခွင့်အရေးရလာတဲ့အချိန်မှာ သူလုပ်နိုင်တာကို ပြသနိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အရည်အသွေးနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးရဲ့ ချစ်ခြင်းမေတ္တာမျိုး မန်စီးတီးက သူ့ကို မပြခဲ့ဖူးပါဘူး။အာဆင်နယ်မှာတော့ သူဟာ နည်းပြနဲ့ ပရိသတ်တွေရဲ့ချစ်ခင်မှုကို ရရှိခဲ့ပြီး သူကလည်း ဒါကို ပြန်ပေးဆပ်နေပါပြီ။ဒီရာသီမှာ သူ့ဆီကနေ ကျနော် ကြီးမားတဲ့အရာတွေကို မြင်တွေ့ခွင့်ရဖို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့တာပါ။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီအကုန်က ထိပ်ဆုံး ၄ သင်းထဲဝင်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ နီးစပ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရှုံးပွဲတွေကြုံတွေ့ခဲ့တာကြောင့် ယူရိုပါလိဂ်ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
Source:Metro
- By CNI
- Category: အားကစား
- Hits: 1239
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ချယ်လ်ဆီးအသင်း ကွင်းလယ်ကစားသမား ကန်တီဟာ စပါးအသင်းနဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ကန်တီဟာ တစ်ဖက် ၂ ဂိုးစီ သရေကျခဲ့တဲ့ ဒီပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲ ခံခဲ့ရတာဖြစ်ပြီး နည်းပြ တူချယ်လ် က ရက်အနည်းငယ်အတွင်းမှာ ပြန်ကစားနိုင်ဖွယ် မရှိဘူးလို့ ပြောခဲ့တာပါ။
တူချယ်လ်က “ကျနော်တို့ အခုပြောမယ့်အရာက သတင်းကောင်းတစ်ခု မဟုတ်ပါဘူး။ ဒါနဲ့ ပတ်သက်ပြီး စိတ်ပျက် မိသလို ဝမ်းလည်းနည်းမိပါတယ်။ ဘာကြောင့်လဲဆိုရင် ကန်တီက အသင်းအတွက် အရေးပါတဲ့သူ ဖြစ်တာကြောင့် ပါ”လို့ ပြောခဲ့ပါတယ်။
တိုက်စစ်မှူး ဘရိုဂျာနဲ့ ကွင်းလယ်ကစားသမား ကိုဗာဆစ်တို့ကလည်း ဒဏ်ရာတွေကြောင့် လိဒ်စ်နဲ့ ပွဲစဉ်ကို ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အင်တာမီလန်အသင်း ကွင်းလယ် ကစား သမား ကာဆာဒီကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၁၂.၆ သန်းနဲ့ ၆ နှစ် စာချုပ်ချုပ်ခဲ့ပါတယ်။
လန်ဒန်ကလပ်ဟာ ယူနိုက်တက် နောက်ခံလူ မက်ဂွဲယား၊ လက်စတာနောက်ခံလူ ဖိုဖာနာနဲ့ ဘာစီလိုနာ တိုက်စစ် မှူး အူဘာမီယန်းတို့ကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။

နည်းပြ တူချယ်လ်ကို တွေ့ရစဉ် (FotMob)
ချယ်လ်ဆီးအသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ် ကစားသမားတွေဖြစ်တဲ့ လူကာကူနဲ့ တီမိုဝါနာ၊ နောက်ခံ လူတွေဖြစ်တဲ့ ရူဒီဂါ၊ ခရစ်တန်ဆန်နဲ့ အလွန်ဆို တို့ကို အသင်းပြောင်းရွှေ့ခွင့် ပေးခဲ့ပါတယ်။
အားဖြည့်မှုအဖြစ် မန်စီးတီးအသင်းက စတာလင်၊ နာပိုလီအသင်းက ကူလီဘာလီနဲ့ ဘရိုက်တန်အသင်းက ကူကူရယ်လ်လာတို့ကို ခေါ်ယူထားခဲ့တာပါ။ နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်ဟာ စက်တင်ဘာလ ၁ ရက်မှာ ပိတ်မှာ ဖြစ်ပါတယ်။
တူချယ်လ်က “အပြောင်းအရွှေ့ ဖွင့်ထားတဲ့ အချိန်ထိ ဖြစ်နိုင်ခြေတွေ အမြဲတမ်းရှိပါတယ်။ အာရုံစူးစိုက်မှုက ကျနော်တို့ဆီမှာ အပြည့်ရှိပါတယ်။ ကျနော်တို့ဟာ ကစားသမား ၁၈ ဦးနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီး တစ်ပတ် ၁ ပွဲ ကစားရတာ ပြဿနာမဟုတ်ပါဘူး။ ပြိုင်ပွဲတွေ ယှဉ်ပြိုင်နိုင်ဖို့ အတွက်ဆိုရင် အရည်အသွေးရှိတဲ့ ကစားသမား တွေ အများကြီး လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။
ပြီးခဲ့တဲ့ရာသီက ဆုဖလားလက်မဲ့ဖြစ်ခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ဆုဖလားတွေ ပြန်လည်ရရှိနိုင်ဖို့ အတွက် အပြောင်းအရွှေ့ မပိတ်ခင် ကစားသမားသစ်တွေ အားဖြည့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။
Source: CNA
- By CNI
- Category: အားကစား
- Hits: 1228
CNI Sport News
၂၀၂၂ ခုနှစ်၊ သြဂုတ် ၂၀
ချယ်လ်ဆီးအသင်းဟာ ယူနိုက်တက်အသင်း ခေါင်းဆောင် မက်ဂွဲယားကို ခေါ်ယူဖို့ အံ့အားသင့်ဖွယ် စိတ်ဝင်စား နေတယ်လို့ နောက်ဆုံးရသတင်းတွေမှာ ဖော်ပြထားပါတယ်။
မက်ဂွဲယားဟာ ဒီတစ်ပတ်ကစားမယ့် လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်နိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရာသီကတည်းက ခြေစွမ်းပိုင်း ကျဆင်းနေတာကြောင့် ဝေဖန်မှုတွေခံနေရတဲ့ မက်ဂွဲယားကို နည်းပြ တန်ဟတ်က ထောက်ခံပြီး အဖွင့်ပွဲစဉ် ၂ ပွဲဆက်တိုက် ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။
ဒီ ၂ ပွဲစလုံး ယူနိုက်တက်အသင်း အရေးနိမ့်ခဲ့တာကြောင့် နည်းပြ တန်ဟတ်ဟာ မက်ဂွဲယားကို ပွဲထွက် လူစာရင်း ကနေ ချန်လှပ်ဖို့ စဉ်းစားခဲ့တာပါ။
ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ကြီးမားတဲ့ ပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းက မက်ဂွဲယားကို ခေါ်ယူဖို့ ချဉ်းကပ် လာတယ်ဆိုပြီး အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ဒေးလီးမေးလ်က ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်နောက်ခံလူကို ခေါ်ယူဖို့ စုံစမ်းမေးမြန်းခဲ့တယ်လို့ ဖော်ပြထား တာပါ။ လန်ဒန်ကလပ်ဟာ ယူနိုက်တက်အသင်းက စိတ်ဝင်စားနေတဲ့ ပူလီဆစ်ကို မက်ဂွဲယားရဲ့ အပြောင်းအရွှေ့ မှာ အစိတ်အပိုင်း အနေနဲ့ အသုံးပြုဖို့ မျှော်လင့်နေပါတယ်။

ချယ်လ်ဆီးနည်းပြ တူချယ်လ်နဲ့ မက်ဂွဲယား (TEAMtalk)
ချယ်လ်ဆီးအသင်းဟာ အစောပိုင်းက ယူနိုက်တက်အသင်းထံ ပူလီဆစ်ကို အငှားနဲ့ စေလွှတ်ဖို့ ဆန္ဒမရှိပါဘူး။
ဒါပေမယ့် မက်ဂွဲယားကို ခေါ်ယူဖို့ ဆွေးနွေးမယ်ဆိုရင် ဖြစ်နိုင်ဖွယ်ရှိတဲ့ လဲလှယ်မှုကိုပါ ချယ်လ်ဆီးအသင်းက ထည့်သွင်း စဉ်းစားနိုင်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ မက်ဂွဲယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် သူတို့ရဲ့ ဦးစားပေး ပစ်မှတ်က လက်စတာနောက်ခံလူ ဖိုဖာနာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဖိုဖာနာအတွက် လက်စတာအသင်းကို ကမ်းလှမ်းထားတဲ့ ၂ ကြိမ် စလုံး ပယ်ချခြင်း ခံထားရသလို နည်းပြ ရော်ဂျာကလည်း သူတို့ ကစားသမားကို ရောင်းမှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
ချယ်လ်ဆီးအသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့ဟာ ပြီးခဲ့တဲ့ ရာသီအကုန်က အသင်း ကနေ ထွက်ခွာသွားတာကြောင့် သူတို့နေရာအတွက် အားဖြည့်ဖို့ စီစဉ်နေပါတယ်။ လက်ရှိ အချိန်မှာ ဗဟိုနောက်ခံ လူအဖြစ် ကူလီဘာလီ တစ်ဦးတည်းကိုသာ ခေါ်ယူထားပြီး ဘယ်နောက်ခံအဖြစ် ကူကူရယ်လ်လာကို ခေါ်ယူထား တာ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ၂ ပွဲ ကစားပြီး အချိန်မှာ ၄ မှတ် ရရှိထားပြီး ပွဲစဉ် ၃ အဖြစ် တနင်္ဂနွေနေ့မှာ လိဒ်စ်အသင်းနဲ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Sportbible
