CNI Fake/True News
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၀ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်ဟာ အောက်တိုဘာ ၁၈ ရက်နေ့မှာ ထိန်းသိမ်းခံထားရာကနေ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ ၎င်းနဲ့ပတ်သက်တဲ့ သတင်းမှားများစွာ ထွက်ပေါ်ခဲ့ပြီး ယခုချိန်အထိ ပျံနှံနေဆဲ ဖြစ်ပါတယ်။ ပထမဦးဆုံး ထွက်ပေါ်လာတဲ့သတင်းကတော့ ထိန်းသိမ်းခံ မုံရွာအောင်ရှင် ပြန်လွတ်လာ၊ ပြင်ပတွင် အေးချမ်းစွာ နေထိုင်လို၊ အကြမ်းဖက်မှုများကို ရှုတ်ချဟုဆို စတဲ့ ခေါင်းစဉ်နဲ့ နေ့စဉ်ထုတ်သတင်းစာတစ်ခုခုမှာ ရေးသားထား သလိုပုံစံနဲ့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။