CNI FAKE/TRUE News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ကချင်လွတ်လပ်ရေးကောင်စီ(KIC)ရဲ့ ဒုဥက္ကဋ္ဌ(၁)ဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ဟာ သီတင်းကျွတ်ကာလ ဆီမီးထွန်းပြီး ညသပိတ် ဆင်နွဲနေတယ်လို့ထင်ယောင် ထင်မှားဖြစ်အောင် ရေးသားဖော်ပြထားတဲ့ သတင်းအမှားတစ်ပုဒ်ကို ပြောပြပေးချင်ပါတယ်။ သတင်းအမှား ဖြန့်ဝေသူ ရေးသားထားတာကတော့ “KIA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဂွမ်မော်လည်း သီတင်းကျွတ် ညတွင် မီးထွန်း၊ ယနေ့ သီတင်းကျွတ်လပြည့်နေ့တွင် ဆီမီးထွန်း ညသပိတ်များကို ပြုလုပ်နေသည်” ဆိုပြီးတော့ ရေးသား ထားပါတယ်။ ဒီလိုရေးသားခြင်းက ဗိုလ်ချုပ်ဂွမ်မော်ဟာ သီတင်းကျွတ်လပြည့်နေ ဆီမီးထွန်းညသပိတ်ဆင်နွှဲနေသယောင်ယောင် သတင်းအမှားကို ဖြန့်ဝေခဲ့ခြင်းပဲ ဖြစ်ပါတယ်။