CNI Fake/True News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၉

CB ဘဏ်၏ ဥက္ကဋ္ဌဖြစ်သူ ဦးခင်မောင်အေးဟာ နိုင်ငံခြားကို ထွက်ပြေးတိမ်းရှောင်နေတယ်ဆိုတဲ့ သတင်းအမှား တစ်ခုက ယခု အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ဖေ့စ်ဘုတ်လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ပျံနှံ့လာခဲ့ပါတယ်။

ဒီသတင်းကိုတော့ The Raw ဆိုတဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပထမဆုံး တင်ထားခဲ့တာဖြစ်ပြီး ဒီပို့စ်ကို like ပြုလုပ်သူဦးရေ ၁၂၀၀ကျော်(1.2k)၊ မျှဝေသူက ၇၀၀ ကျော်အထိ ရှိခဲ့တာ ဖြစ်ပါတယ်။