CNI Fake/True News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၄ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)ဥက္ကဋ္ဌ ဦးရွှေမင်း နာမည်နဲ့ အကောင့်အတု တစ်ခုဟာ KIA၊ PDF စတဲ့ အဖွဲ့အစည်းတွေအကြား အထင်အမြင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ သတင်းအမှားတစ်ခု အကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီအကောင့်တုဟာ Shwe Min ဆိုတဲ့ နာမည်နဲ့ဖွင့်ထားတဲ့ အကောင့်ပဲဖြစ်ပါတယ်။ အဲဒီအကောင့်တုမှာ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးရွှေမင်းရဲ့ နာမည်နဲ့ပုံကို အသုံးပြုထားတာ တွေ့ရပါတယ်။