CNI News

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆ KIA ထောက်လှမ်းရေးမှ ဒုဗိုလ်မှူးကြီး အဆင့်ရှိသူကို ဖမ်းဆီးမိတယ်ဆိုတဲ့ သတင်းအမှားတစ်ခုဟာ ဖေ့စ်ဘုတ်စာမျက်နှာတွေ၊ ဂရုတွေနဲ့ တယ်လီဂရမ် ချန်နယ်တချို့မှာ အောက်တိုဘာလ ၄ ရက်နေ့ကစတင်ပြီး ယနေ့အထိ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ ဒီသတင်းတွေကိုတော့ သတင်းဌာနပုံစံ ဖန်တီးထားတဲ့ သတင်းပေချ့်အတု ၁၀ ခုထက်နည်း ဖြန့်ဝေခဲ့တာပါ။ ဒီသတင်းဟာ မှန်ကန်မှု ရှိ၊ မရှိကို CNI သတင်းဌာနမှ အချက်အလက်စိစစ်သူတွေက စစ်ဆေးကြည့်တဲ့အခါမှာတော့ မှားနေတာကို တွေရှိခဲ့ရပါတယ်။ ဒီသတင်းမှာ ဘာတွေမှားနေပါသလဲ။ကြည်လိုက်ကြရအောင်ပါ။ ပထမဦးဆုံးအနေနဲ့ ဒီသတင်းမှာ KIA ထောက်လှမ်းရေးမှ ဒု ဗိုလ်မှူးကြီးအဆင့်ရှိ နော်ဆိုင်းအား တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့သို့ ဝင်ရောက်ရန် မူဆယ်သို့အသွား နမ်းခမ်းမြို့ အထွက်မှာ ဖေါ်ထုတ်ဖမ်းဆီးမိခဲ့ပြီး ၎င်းနဲ့အတူ လက်နက်ခဲယမ်းများ၊ မူးယစ်ဆေးဝါးများ အခြားအရေးကြီးစာရွက်စာတမ်းများ သိမ်းဆည်းရမိခဲ့ပါတယ် ဆိုတဲ့စာသားနဲ့အတူ ဓာတ်ပုံသုံးပုံကို ဖော်ပြထားပါတယ်။ ဒီဓာတ်ပုံတွေနဲ့ စာပါအချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်တဲ့အခါမှာတော့ ၂၀၁၆ ခုနှစ် အောက်တိုဘာလတုန်းကလည်း ကချင်ပြည်နယ်သတင်းဆိုတဲ့ ပေ့ချ် နဲ့ ၂၀၁၈ခုနှစ်မှာလည်း National language for democracy NLD ဆိုတဲ့ ပေချ့်တွေမှာ တင်ထားခဲ့ဖူးတာကို တွေ့ရပါတယ်။