CNI News
အောက်တိုဘာ၊ ၄ မြန်မာငွေ ကျပ်သိန်း ၃၀ တန် လိုင်စင်မဲ့ကားတွေကိုတရားဝင်စီးနင်းခွင့်ပြုတော့မယ်ဆိုတဲ့ သတင်းအမှား တစ်ခုဟာ အောက်တိုဘာလ ၃ရက်နေ့ ညပိုင်းက ဖေ့ဘုတ်လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းအမှားကိုတော့ Myanmar Driving License Agent ဆိုတဲ့ Page ကနေ စတင်ဖြန့်ဝေခဲ့တာပါ၊ သူရေးသားထားတာကတော့ ယုံချင်ယုံ မယုံချင်နေ သိန်း ၃၀ တန် W ကားတစ်စီးကို သိန်း ၃၀ ပေးဆောင်ပြီး တရားဝင်စီးနင်းခွင့်ပြုတော့မယ် 1W မှ 9W စီးရီးကို without စီးရီးကားများအတွက် ရည်ရွယ်ဆိုတဲ့ စာသားနဲ့သတင်းအမှား ရေးသားဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။