CNI Article

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၀

မြန်မာနိုင်ငံအခြေစိုက် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) ၏ ဂိုဏ်းကွဲအဖွဲ့ နှစ်ဖွဲ့သည် အိန္ဒိယနှင့် မြန်မာ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကြံစည်နေကြောင်း စွပ်စွဲချက်များ အပါအဝင် တစ်ဖက်နှင့် တစ်ဖက် စွပ်စွဲမှု အများအပြားရှိခဲ့သည်။

ထိုဖြစ်စဉ်သည် ပြန်တွင်းစစ် ဖြစ်ပွားနေသည့် မြန်မာနိုင်ငံ၏ နယ်စပ်တွင် နာဂအရေးလှုပ်ရှားမှု ခေါင်းဆောင်ပိုင်း မှာ အကျပ်အတည်း ဖြစ်ပွားနေသည်ကို သိသာထင်ရှားစေခဲ့သည်။

အိန္ဒိယနှင့် မြန်မာနိုင်ငံတွင် ရှုပ်ထွေးသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းရှိနေချိန်မှာပင် ထိုဖြစ်စဉ်ကြောင့် အခြေအနေသည် ရှုပ်ထွေးသည်ထက် ပိုမိုရှုပ်ထွေးလာသည်။

မြန်မာနိုင်ငံတွင် ဂိုဏ်းဂဏစွဲဝါဒသည် အိန္ဒိယအစိုးရနှင့် နာဂအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများပေါ် သက်ရောက်မှု မရှိနိုင်ကြောင်း အိန္ဒိယနာဂခေါင်းဆောင်များက ယူဆထားပြီး နာဂနိုင်ငံရေးပြသနာကို စောစီးစွာ အဖြေရှာရန်အတွက် မိမိတို့၏ တောင်းဆိုချက်များကိုသာ ထပ်လောင်းပြောဆိုခဲ့သည်။

နိုင်ငံရေးပြဿနာကို အဖြေရှာနိုင်ခဲ့မည်ဆိုပါက ယခုကဲ့သို့ သဘောထား ကွဲလွဲမှုများသည် အဆုံးသတ်သွားလိမ့် မည်ဟုလည်း ၎င်းတို့က ပြောဆိုထားသည်။

အိန္ဒိယ-မြန်မာနယ်စပ် နှစ်ဖက်စလုံးတွင် နာဂလူမျိုးများ သွားလာနေထိုင်မှုနှင့်အတူ နှစ်နိုင်ငံစလုံးတွင် NSCN ခေါင်းဆောင်များ ရှိနေကြသည်။

 

NSCN-K/AM နဲ့ မြန်မာ့တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှုကို NSCN-K/YA ကကန့်ကွက်စာထုတ်ပြန်

၁၉၈၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် နာဂအမျိုးသားကောင်စီ အမည်ရှိ နိုင်ငံရေးအဖွဲ့အစည်းမှ ခွဲထွက်ပြီး NSCN ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

NSCN ၏ မူဝါဒကြေညာစာတမ်းသည် 'ခရစ်တော်အတွက် နာဂပြည်' ဆိုသည့် ဘာသာရေးဆိုင်ရာ သဘောထား ဖြင့် ထောက်ခံပေးထားသလို စီးပွားရေး ပေါင်းစပ်ညှိနှိုင်းမှုအတွက် ဆိုရှယ်လစ်ဝါဒအပေါ် အခြေခံထားသည်။

အိန္ဒိယအရှေ့မြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက်ရှိ နာဂလူမျိုးများနေထိုင်ရာ ဒေသများ ပါဝင် သော အချုပ်အခြာအာဏာပိုင် 'နာဂလန်' ကို တည်ထောင်ရန် ကနဦး ရည်မှန်းထားသည်။ နောက်ပိုင်းတွင် NSCN ၏ ဦးဆောင်မှုအတွင်း ရန်လိုမုန်းတီးမှုများ ပေါ်ပေါက်လာသည်။

ထိုအဖွဲ့ကို အချုပ်အခြာအာဏာပိုင် နာဂနိုင်ငံထူထောင်ရန် အစောပိုင်းက ရည်ရွယ်ခဲ့ပြီး ထိုနိုင်ငံနယ်နိမိတ်ထဲတွင် အိန္ဒိယမြောက်ပိုင်းနှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသများတွင် နာဂလူမျိုးများနေထိုင်သည့် ဒေသများ ပါဝင်ခဲ့သည်။

နောက်ပိုင်းတွင် NSCN ၏ ခေါင်းဆောင်မှုပိုင်းအတွင်း မလိုမုန်းထားမှုများ ပေါ်ပေါက်လာခဲ့သည်။

၈ နှစ်ကြာပြီးနောက် အိုက်ဆက်မွေဗာ၏ NSCN (NSCN-Isak Muivah) နှင့် ကပ္ပလန် ဦးဆောင်သည့် NSCN (NSCN-Khaplang) တို့သည် NSCN ဗဟိုနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် စတင်ရာတွင် မတူကွဲပြားမှုများ ကြောင့် ၁၉၈၈ ခုနှစ်၊ ဧပြီလတွင် နှစ်ဖက် သဘောထားကွဲလွဲခဲ့သည်။

မြန်မာနိုင်ငံမှ ဟီမီနာဂလူမျိုး ( Hemi Naga)  ဖြစ်သည့် Shangnyu Shangwang Khaplang တည်ထောင်ခဲ့သည့် NSCN-K သည် မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းတွင် အခြေစိုက်ပြီး နာဂပြည်နယ်နှင့် အနူရာချယ်ပရာဒေ့ရှ် ( Nagaland and Arunachal Pradesh) ပြည်နယ်များ၏ နေရာဒေသအချို့တွင်လည်း လှုပ်ရှားလျက်ရှိသည်။

ကွယ်လွန်သွားပြီးဖြစ်တဲ့ NSCN-K ခေါင်းဆောင် ဦးကပ္ပလန်ကို တွေ့ရစဉ်

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ တာဂါကျေးရွာရှိ NSCN-K ဌာနချုပ်ကို မြန်မာတပ်မတော်က ဝင်ရောက်စီးနင်းခဲ့၍ NSCN-K ၏ ကေဒါများသည် နယ်စပ်ဒေသနှင့် ပိုမိုနီးကပ်စွာ ရောက်ရှိသွားခဲ့သည်။

ကပ္ပလန်သည် ၂၀၁၇ ခုနှစ်၊ ဇွန်လတွင် သေဆုံးပြီးနောက် NSCN (K) သည် ၎င်း၏ အဖွဲ့အစည်းအတွင်းမှာပင် ဂိုဏ်းဂဏကွဲမှုများစွာကို မြင်တွေ့ခဲ့ရသည်။

၂၀၁၈ ခုနှစ်တွင် အိန္ဒိယနွယ်ဖွား ခေါင်းဆောင် Khango Konyak ဦးဆောင်သောအဖွဲ့နှင့် ကပ္ပလန်၏တူ Yung Aung (ယုံးအောင်)ဦးဆောင်သောအဖွဲ့ဟူ၍ အဖွဲ့နှစ်ဖွဲ့ကွဲသွားခဲ့သည်။

Yung Aung ဦးဆောင်သောအဖွဲ့သည် ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ခွဲထွက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး မြန်မာနှင့် အိန္ဒိယ၏ နာဂဒေသများတွင် လူမျိုးရေးနှင့် နိုင်ငံရေး အရှိန်အဟုန်များတွင် ဩဇာကြီးမားသည့် အခန်းကဏ္ဍက ပါဝင်နေ သော Ang Mai(အန်းမိုင်) ဦးဆောင်သည့် အဖွဲ့တစ်ဖွဲ့ ထပ်မံကွဲထွက်ခဲ့သည်။

ယခုအခါတွင် Yung Aung နှင့် Ang Mai ဦးဆောင်သော အဖွဲ့များအကြား ခေါင်းဆောင်မှုအပိုင်းနှင့် အုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များတွင် အငြင်းပွားနေကြသည်။

Yung Aung ဦးဆောင်သည့် အဖွဲ့သည် “တံခါးပိတ်ဝါဒ” ကို ထောက်ခံအားပေးပြီး အိန္ဒိယနှင့် မြန်မာတပ်များကို တိုက်ခိုက်နေကြောင်း သတင်းအမှားများ လွှင့်နေသည်ဟု  Ang Mai က စွပ်စွဲခဲ့သည်။

Yung Aung ဦးဆောင်သည့် အဖွဲ့ကမူ Ang Mai ဦးဆောင်သည့် အုပ်စုသည် မြန်မာစစ်တပ်နှင့် တစ်ကျိတ်တည်း တစ်ဉာဏ်တည်းဖြစ်ကာ အပစ်အခတ်ရပ်စဲရန် စီစဉ်နေသဖြင့် နာဂ စည်းလုံးညီညွတ်ရေးကို ပျက်ယွင်းစေကြောင်း ပြန်လည်စွပ်စွဲခဲ့သည်။

Ang Mai နှင့် Yung Aung ဟူသည့် အုပ်စုနှစ်စုကွဲသွားပြီး မကြာမီ အချိန်အတွင်းမှာပင် ထိုအဖွဲ့များအကြား အရင်း အမြစ်၊ ခြိမ်းခြောက်ငွေညှစ်မှု၊ အတင်းအဓမ္မ တပ်သားသစ် စုဆောင်းမှုများနှင့်ပတ်သက်ပြီး ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အောက်တိုဘာ လဆန်းပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ နန်းယွန်းမြို့နယ် (Nan Yun township) တွင် ထိုအုပ်စုနှစ်စုအကြား ရန်လိုမှုများဖြစ်ပွားခဲ့ကြောင်း ပြည်တွင်း မီဒီယာများက ဖော်ပြသည်။

NSCN-K/AM အဖွဲ့ခေါင်းဆောင် ဦးအန်းမိုင်ကို တွေ့ရစဉ် (ခါးမှာ သေနတ်ချိတ်ထားသူ)

Ang Mai အုပ်စုတွင် ကေဒါ ၁၀၀ ကျော်ရှိပြီး Yung Aung အုပ်စုတွင် ကေဒါအင်အား ၄၀၀ မှ ၅၀၀ ကြားရှိသည်ဟု လုံခြုံရေးသတင်းရင်းမြစ်များက ThePrint သတင်းဝက်ဘ်ဆိုက်ကို ပြောသည်။

သို့သော် Ang Mai အုပ်စုထဲမှ သတင်းရင်းမြစ်များကမူ ၎င်းတို့၏ ကေဒါအင်အားသည် ထိုထက်ပိုများပြားပြီး အိန္ဒိယနယ်စပ်အနီးရှိ စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဇုန် (NSAZ) ရှိ အထွေထွေဌာနချုပ်တွင် ကေဒါ ၆၀၀ ခန့် ရှိနေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် အုပ်စုနှစ်စုစလုံးသည် ကေဒါသစ်များကို အင်တိုက်အားတိုက် စုဆောင်းနေသည်ဟု ထိုသတင်းရင်း မြစ်များက ပြောကြားခဲ့သည်။

NSCN သည် NSCN/GPRN ၏ ထိန်းချုပ်မှုအောက်ရှိ နယ်မြေများကို စီမံခန့်ခွဲသည့် ‘နာဂပြည် ပြည်သူ့သမ္မတနိုင်ငံ အစိုးရ’ (GPRN) ကို ဖွဲ့စည်းခဲ့သည်။

NSCN/GPRN ၏ Ang Mai အုပ်စုသည် ၎င်းတို့ကိုယ်ကိုယ် နာဂအကျိုးစီးပွားကို အကာအကွယ်ပေးသူအဖြစ် ရပ်တည်ခဲ့ပြီး Yung Aung ၏ လုပ်ရပ်များသည် လှည့်စားပြီး ပျက်စီးစေသည့် လုပ်ရပ်များဖြစ်သည်ဟု ယူဆထား ကာ Yung Aung အုပ်စုကို ဆန့်ကျင်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း Ang Mai အဖွဲ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Yung Aung ကို လူဆိုးဂိုဏ်း ဝင်တစ်ဦးအဖြစ် ခေါ်ဆိုခဲ့ကာ အိန္ဒိယ-မြန်မာ နယ်စပ်တစ်လျှောက် အရှေ့ နာဂလူမျိုးစု၏ အနာဂတ်အတွက် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ဖော်ပြခဲ့သည်။

Ang Mai အဖွဲ့၏ ထုတ်ပြန်ချက်တွင် Yung Aung ၏ မစ်ရှင်သည် အရှေ့နာဂ တိုးတက်ရေးလမ်းစဉ်ကို နောက်ကြောင်း ပြန်လှည့်စေပြီး အထီးကျန်ဝါဒကို ထောက်ခံ အားပေးနေကြောင်းနှင့် မိမိတို့၏ ခေတ်မီ တိုးတက်ရေးတွင် ကြိုးပမ်းအားထုတ်မှုများကို ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။

NSCN-K/YA အဖွဲ့ကို တွေ့ရစဉ်

ထို့ပြင် Yung Aung သည် အိန္ဒိယလုံခြုံရေးတပ်များနှင့် မြန်မာစစ်တပ်ကို တိုက်ခိုက်နေကြောင်း လိမ်လည် ပြောဆိုနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် စွပ်စွဲထားသည်။

တစ်ဖက်တွင်လည်း Yung Aung အုပ်စုခေါ် NSCN-K (YA) က ၎င်းတို့သည် နာဂလူမျိုးများအတွက် အချုပ်အခြာ အာဏာ အပြည့်အ၀ရရှိရန် လုပ်ဆောင်ပေးမည်ဆိုသည့် ကတိကဝတ်ကို ပြောကြားခဲ့ပြီး ထိုပြဿနာကို မဖြေရှင်း နိုင်ပါက အိန္ဒိယ သို့မဟုတ် မြန်မာအာဏာပိုင်များနှင့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်မည်မဟုတ်ကြောင်း အလေးထား ပြောဆိုခဲ့သည်။

ထို့ပြင် Ang Mai အုပ်စုသည် မြန်မာ့တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရန် စီစဉ်နေကြောင်း၊ ထိုလုပ်ဆောင်ချက်သည် နာဂဒေသ စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်ရေးကို ဆိုးရွားစွာ ခြိမ်းခြောက်နေကြောင်း Yung Aung အုပ်စုက ပြီးခဲ့သည့်လတွင် စွပ်စွဲခဲ့သည်။

Ang Mai အုပ်စုမှ ခေါင်းဆောင်များသည် စက်တင်ဘာလတွင် မုံရွာမြို့၌ တပ်မတော်၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

စက်တင်ဘာလ ၂၈ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပဋိပက္ခတွင် NSCN-K သို့မဟုတ် နာဂလူမျိုးများ ပါဝင်ပတ်သက်ခြင်းမပြုရန် မြန်မာအာဏာပိုင်များက သတိပေးထားကြောင်း နှင့် ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက ကြားနေအဖြစ် ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းထားရန် တိုက်တွန်း ခဲ့ကြောင်း Yung Aung အုပ်စုက ပြောကြားခဲ့သည်။

NSCN/GPRN (K) ၏ အထွေထွေအတွင်းရေးမှူး Ato Kilonser ၊ အိန္ဒိယအခြေစိုက် Konyak ဦးဆောင်ခဲ့သည့် အဖွဲ့ခွဲမှ နာဂအမျိုးသားနိုင်ငံရေးအဖွဲ့များ (WC)/NNPGs) လုပ်ငန်းကော်မတီ၏ ထိပ်သီးခေါင်းဆောင်ဖြစ်သည့် Isak Sumi တို့ကမူ ပြဿနာများ၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် စောစီးစွာဖြေရှင်းချက်နှင့်အတူ ပျောက်ကွယ်သွား လိမ့်မည်ဟုThePrint သတင်းဝက်ဘ်ဆိုက်ကို ပြောကြားခဲ့သည်။

Konyak ဦးဆောင်တဲ့ NSCN-K အဖွဲ့ကို တွေ့ရစဉ်

နာဂသောင်းကျန်းသူအဖွဲ့ ၇ ဖွဲ့ ပါဝင်ဖွဲ့စည်းထားသည့် NNPG က ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်တွင် လုပ်ငန်း ကော်မတီနှင့် ဗဟိုအကြား “သဘောတူ ရပ်တည်ချက်” လက်မှတ်ရေးထိုးမှုတွင် ၎င်းတို့၏ ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့သည်။

“ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ နာဂအမျိုးသားရေးအဖွဲ့တွေ ဆက်ပြီး ကွဲထွက်နေပါတယ်။ ဒါက အယူဝါဒ ရေးရာနဲ့ မဆိုင်ဘဲ ခေါင်းဆောင်မှုပိုင်းဆိုင်ရာ ပွတ်တိုက်မှုကြောင့် ဖြစ်နေတာပါ။ Ang Mai နဲ့ Yung Aung အုပ်စု ၂ စုလုံးရဲ့ လုပ်ထုံးလုပ်နည်းဆိုင်ရာ ပြဿနာကတော့ သူတို့ဟာ နာဂပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတယ် လို့ ကြွေးကြော်ထားကြပေမယ့် နယ်စပ်ဒေသထက်ကျော်လွန်တဲ့ နေရာတွေမှာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထိန်းချုပ်ကန့်သတ်ထားကြပါတယ်” ဟု Sumi က ပြောကြားခဲ့သည်။

နာဂအုပ်စုများကြားတွင် တရားဝင် အသိအမှတ်ပြုခံရရန်နှင့် ပြိုင်ဘက်အုပ်စုကို တရားမဝင်ဖြစ်စေရန်အတွက် စွပ်စွဲချက်များ၊ တန်ပြန်စွပ်စွဲချက်များ ဆက်ရှိနေလိမ့်မည်ဖြစ်သော်လည်း  ထိုပြဿနာများကို ရင်ဆိုင်နေကြ ရသည်မှာ သာမန်လူထုပင်ဖြစ်သည်။

ထိုအခြေအနေမျိုးတွင် ပြင်ပအင်အားစုများ ပါဝင်ပတ်သက်မှုလည်း ရှိကောင်းရှိနိုင်သည်။ ထို့ကြောင့် မိမိတို့အနေ ဖြင့် စောစောစီးစီး အဖြေရှာပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဗဟိုနှင့် NSCN-Isak Muivah (NSCN-IM) အဖွဲ့တို့ကြား ဆွေးနွေးပွဲများ ၂၇ နှစ်ထဲသို့ ဝင်ရောက်လာပြီ ဖြစ်သော် လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် သီးခြား နာဂအမျိုးသားအလံ တောင်းဆိုမှုနှင့် နာဂသမိုင်းကြောင်းကို အသိအမှတ်ပြုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ တောင်းဆိုမှုသည် နှစ်ပေါင်း ၇၀ ကျော်ကြာလာသည်အထိ မတိုးသာ၊ မဆုတ်သာအခြေအနေတွင် ရှိနေဆဲဖြစ်သည်။

နာဂလူမျိုးများ၏ အခွင့်အရေးများကို သိရှိနားလည်ထားသဖြင့် ဗဟိုသည် ပြေလည်မှုရရှိစေရန်အတွက် ငြင်းခုံခြင်း မပြုတော့သော်လည်း ထိုအရေးကိစ္စ ရှည်ကြာနေခြင်းသည် NSCN ကို ပင်ပန်းစေခဲ့သည်ဟု NSCN-IM မှ အကြီး တန်း ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။

"အဲဒီလို ချဉ်းကပ်ဆောင်ရွက်မှုတွေဟာ အိန္ဒိယနိုင်ငံအတွက် မကောင်းပါဘူး" ဟု ၎င်းက ဆိုသည်။

နာဂလူမျိုးများကိုတွေ့ရစဉ်

တစ်ချိန်တည်းမှာပင် မြန်မာ့အရေးနှင့် ပတ်သက်၍ အိန္ဒိယ၏ ရပ်တည်ချက်၏ အရေးပါမှုကို Sumi က အလေး ထားပြောဆိုခဲ့ပြီး အိန္ဒိယအစိုးရအနေဖြင့် ရှင်းလင်းပြတ်သားသည့် မူဝါဒတစ်ရပ်ကို ချမှတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေတွေက ရှုပ်ထွေးနေပါတယ်။ အိန္ဒိယအစိုးရက မြန်မာ့အရေးကို ဘယ်လို ကိုင်တွယ် ချဉ်းကပ် မလဲဆိုတာ အရေးကြီးပါတယ်။ နာဂလူမျိုးတွေရဲ့ အခြေခံဆန္ဒကတော့ နိုင်ငံတော်အဆင့်နဲ့ နိုင်ငံတကာ အဆင့် နယ်စပ်တွေထူထောင်ပြီး စည်းလုံးညီညွတ်တဲ့ နာဂပြည်ထူထောင်ရေးဖြစ်ပေမယ့် ဗဟိုကတော့ မြန်မာနိုင်ငံက နာဂအရေးကို လုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ မရှိပါဘူး" ဟု Sumi က ပြောကြားခဲ့သည်။

ခေါင်းဆောင်များအကြား အတွေးအမြင်များ ကွဲလွဲမှုရှိနေသည့်တိုင် မြန်မာနိုင်ငံအတွင်းရှိ နာဂအုပ်စုများအကြား လက်နက်ကိုင်ပဋိပက္ခမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

Ang Mai အုပ်စုနှင့် Yung Aung အုပ်စုနှစ်စုအကြား သဘောထား ကွဲလွဲနေသည့်တိုင် ၎င်းတို့သည် ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းရန် ကြိုးပမ်းခဲ့ကြောင်း Sumi က ပြောသည်။

“သူတို့က မြန်မာနိုင်ငံမှာ နားလည်မှု တစ်မျိုးကို ထိန်းထားတယ်။ အခြေအနေက အဆင်မပြေနိုင်ပေမယ့် တည်ငြိမ်အေးချမ်းမှုတော့ ရှိတယ်။ ဘာလို့လဲဆိုတော့ နာဂနိုင်ငံရေးအင်အားစုတွေကြားမှာ အစွန်းအထင်း ဖြစ်စေတဲ့ အကြမ်းဖက်မှုတွေ မပြုလုပ်ဖို့ ကတိပြုထားတဲ့ မြန်မာနိုင်ငံရဲ့ နာဂဒေသက အရပ်ဘက် အဖွဲ့အစည်း တွေနဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် ဖြစ်ပါတယ်" ဟု Sumi က ပြောကြားခဲ့သည်။

Source: The Print