CNI International Article

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၃

ရှီကျင့်ဖျင်သည် ကမ္ဘာပေါ်တွင် ဩဇာအရှိဆုံးပုဂ္ဂိုလ် ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုကဲ့သို့ နေရာမျိုးအတွက် ရှီ၏ အဓိက ပြိုင်ဘက်ဖြစ်သော ဂျိုးဘိုင်ဒန်သည် ထိရောက်သော ပြည်တွင်းနှင့် နိုင်ငံခြားရေးမူဝါဒ ချမှတ်ရာတွင် အခက်အခဲနှင့် တွေ့နေရသည်။ တစ်ချိန်တည်းမှာပင် ဘိုင်ဒန်သည် ယိုယွင်းလာနေသော နိုင်ငံရေးစနစ်တစ်ခုကို ဦးစီးပဲ့ကိုင်နေရသည်။

ရှီကျင့်ဖျင်ကတော့ အတွင်းပိုင်း ကန့်သတ်ချက်များကို ရင်ဆိုင်ရင်း ခိုင်ကျည်မြဲမြံမည့် ဖြစ်ရပ်မှန်ကို ရင်ဆိုင်နေရ သည်။ လတ်တလော ဘေဂျင်းတွင် ကျင်းပနေသည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ (CCP)  အမျိုးသားကွန်ဂရက် အစည်းအဝေးမှာ ရှီကို တရုတ်သမ္မတအဖြစ် တတိယသက်တမ်း ပေးအပ်လိုက်၍ ဖြစ်သည်။ ထိုသို့ တရုတ်သမ္မတအဖြစ် တတိယသက်တမ်းဆိုသည်က ရှားရှားပါးပါး ဖြစ်ရပ်ပင် ဖြစ်သည်။

ထိုဖြစ်ရပ်ကို တိုးတက်မှု တစ်ခုအဖြစ် တရုတ်နိုင်ငံကတော့ စိတ်အားထက်သန်စွာဖြင့် သဘောထား မှတ်ချက် ချခဲ့သည်။ ကျယ်ပြန့်စွာ သန္ဓေတည်ခဲ့သော အနောက်အုပ်စု အမြင်များသည် နှိုးစက်တစ်လုံး မဟုတ်သည့်တိုင် ကြိုတင် ခန့်မှန်းနိုင်ရေးအတွက် အရေးကြီးဆဲ ဖြစ်သည်။

ဩစတြေးလျနှင့် အမေရိကန်တို့ကဲ့သို့ နေရာများမှ တရုတ်ကို စောင့်ကြည့် လေ့လာသူများ တိုးပွားလာနေသည်။ ရှီ၏ ဆက်လက် လွှမ်းမိုးနေမှုသည် တရုတ်ပြည်တွင်းရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများကို ပိုမိုထိခိုက်စေပြီး အိမ်နီးချင်းနိုင်ငံများ၏ လုံခြုံရေးကို ခြိမ်းခြောက်မည့် ဗဟိုချုပ်ကိုင်မှု တစ်ခုအဖြစ် အဆိုပါ စောင့်ကြည့် လေ့လာ သူများက ရှုမြင်ကြသည်။

အမေရိကန်သမ္မတ ဘိုင်ဒန်ကိုတွေ့ရစဉ် (Reuters)

တရားမျှတဖို့က သူတို့ထံတွင် အကြောင်းပြချက် တစ်ခုရှိသည်။ တရုတ်ပြည်တွင်း၌ ဖိနှိပ်မှုများလေလေ ပြည်ပ အင်အားစုများ ပိုမိုခိုင်မာလာလေလေ ဟူသောက အချက်ဖြစ်သည်။ တရုတ်၏ နိုင်ငံတကာ အခန်းကဏ္ဍနှင့် ပတ်သက်၍ မျှော်လင့်ချက် ကြီးကြီးမားမားအတွက် အကောင်းဆုံး အချိန်မဟုတ်ဟု ထင်ကောင်းထင်နိုင်သည်။

သို့သော်လည်း ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှု၊ စီးပွားရေးမတည်ငြိမ်မှု (သို့မဟုတ်) ယေဘုယျအားဖြင့် အခြား နိုင်ငံ များကို အကျပ်ကိုင်ခြင်းမှ ပေးဆောင်ရန် တွန်းအားပေးရန်အတွက် တရုတ်၏ ဖြစ်နိုင်ခြေရှိသော ဖြေရှင်းချက် တစိတ်တပိုင်း ဖြစ်ရပါမည်။

ပြောရမည်ဆိုလျှင် ထိုင်ဝမ်အပေါ် တရုတ်၏ သဘောထားက အားရစရာမရှိလှပေ။ သို့သော် တရုတ်နှင့်ရုရှားတို့၏ အကန့်အသတ်မရှိ ဆက်ဆံရေးသည် အမေရိကန် ဖော်ညွှန်းမှုကို တန်ပြန်ရန် အသုံးဝင်သည့် နည်းလမ်းတစ်ခုဟု ဘေဂျင်းက ရှုမြင်နိုင်သည်။ သို့သော် ယူကရိန်းသို့ ဗလာဒီမာပူတင်၏ ဆိုးရွားစွာ ကျူးကျော်မှုကြောင့် သင်ခန်းစာ ယူစရာ တစ်ခုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲလာခဲ့သည်။

သို့တည်းမဟုတ်လျှင် ထိုင်ဝမ်ကို အတင်းအကြပ် သိမ်းသွင်းရန် ဖြစ်နိုင်ခြေကို ရှီ သုံးသပ်လာဖို့ တွန်းအားတစ်ရပ် ဖြစ်လာစေနိုင်သည်။

ကမ္ဘာ့ဩဇာ အကြီးမားဆုံးပုဂ္ဂိုလ် ဖြစ်နေသည့်တိုင် နိုင်ငံ့အာဏာ၏ အားသာချက်များနှင့် အားနည်းချက်များကို အသိအမှတ် ပြုရမည်ဖြစ်သည်။

ဩစတြေးလျ ဝန်ကြီးချုပ်ဟောင်း ကီဗင်ရက်ဒ် သက်သေပြခဲ့သလိုပင် တရုတ်မူဝါဒ ချမှတ်သူများသည် အထူး သဖြင့် အမေရိကန်နှင့် အလွန်နီးကပ်လွန်းသော အိမ်နီးချင်များထံမှ ပြည်တွင်းရေးနှင့် နိုင်ငံခြားရေးမူဝါဒ အကြံ ဉာဏ်များကို ကြိုဆိုခြင်း အလျဉ်းမရှိပေ။

ရှီကျင့်ဖျင် မိန့်ခွန်းပြောနေသည်ကို ကြည့်ရှုနေကြသူများ(AFP)

ရှီကျင့်ဖျင်သည် ပူတင် လက်ခံနားထောင်မည့် တစ်ဦးတည်းသော နိုင်ငံတကာခေါင်းဆောင် ဖြစ်နိုင်သည်ဟု အယူ အဆရှိ၍ တရုတ်အနေဖြင့် ယူကရိန်းပဋိပက္ခကို ပြတ်ပြတ်သားသား အဆုံးအဖြတ်ပေးနိုင်သည့် အခန်းကဏ္ဍမှ ပါဝင်ရန် အလားအလာလည်း ရှိနေသည်။

ထိုသို့ ပါဝင်ရန်အတွက် တရုတ်လိုချင်သည့် အကြောင်းပြချက်များစွာ ရှိသည်။

ပူတင်သည် ဥရောပ-အာရှကို မတည်မငြိမ် ဖြစ်စေခဲ့ပြီး အနောက်အင်အားကြီး နိုင်ငံများ ပိတ်ဆို့အရေးယူ လာချိန် တွင် ကမ္ဘာ့စီးပွားရေးကို ကမောက်ကမ ဖြစ်စေခဲ့သည်။

ပူတင်အပေါ် ရှီ၏ဩဇာ မည်မျှ အတိုင်းအတာ သက်ရောက်မည်ကို ခန့်မှန်းရန် ခဲယဉ်းသော်လည်း အခြားသူများ၏ ဩဇာထက်တော့ ပိုကြီးမည်မှာ သေချာသည်။ ယူကရိန်းတွင် အငြင်းပွားနေသည့် နယ်မြေတချို့ကို ရုရှားသိမ်းပိုက် ရန် ခွင့်ပြုလိုက်ခြင်းမှာလည်း ထိုသို့ဩဇာ အစိတ်အပိုင်းကြောင့် ဖြစ်နိုင်သည်။

ယူကရိန်းကို ဆွဲဆောင်ရန်လည်း တရုတ်တွင် တာဝန်ရှိသည်ဟု သိထားသော်လည်း တရုတ်လက်ထဲ၌ ကစား ကွက် တချို့ ရှိကောင်းရှိနိုင်သည်။ လက်ရှိတွင် တရုတ်၏ ပြည်တွင်း ဖွံ့ဖြိုးမှု လွန်ကဲလာသည့်အပြင် ဆောက်လုပ် ရေး လုပ်ငန်းများတွင် ပိုလျှံစွမ်းရည် များပြားနေခဲ့သည်။

သို့ဖြစ်၍ ရုရှားကြောင့် ပြိုကျပျက်စီးခဲ့ရသော ယူကရိန်းမြို့ပြများကို ပြန်လည်တည်ဆောက်ဖို့ ၎င်း၏ ဆောက်လုပ် ရေး လုပ်သားများကို ယူကရိန်းသို့ စေလွှတ်ပေးရန် တရုတ်ကမ်းလှမ်းလာလျှင် မည်သို့ဖြစ်မလဲဟု တွေးစရာရှိ သည်။ ထိုသို့ ယူကရိန်းအတွက် တရုတ်လုပ်ကွက်ရလျှင် ၎င်းပြည်တွင်း၌ လုပ်သားပိုလျှံနေမှုကို ကိုင်တွယ် ဖြေရှင်း နိုင်ရန် အခွင့်အလမ်း ရလာနိုင်သည်။

ယူကရိန်းစစ်ပွဲ ရပ်တန့်ဖို့ တောင်းဆို(GETTY IMAEGS)

ထိုသို့ ကမ်းလှမ်းချက်ကို ယူကရိန်းက ငြင်းနိုင်သလား။ ထိုမေးခွန်းအတွက် ပိုကောင်းသည့် အဖြေတစ်ခု ရှိလာ နိုင်သည်။

အထူးသဖြင့် ယူကရိန်းပြည်တွင်း အခြေခံ အဆောက်အအုံများ ပျက်စီးယိုယွင်းနေမှု ဝင်ရောက်ပြုပြင် မွမ်းမံပေး နေသည့် အမေရိကန်များကို မြင်ရရန်မှာ ခဲယဉ်းသည်။ ဥရောပသမဂ္ဂ (EU) ထံမှ အကူအညီ ရနိုင်သော်လည်း ပူတင်အတွက်တော့ တရုတ်မှတစ်ပါး အခြားဆွဲဆောင်စရာ ဩဇာကြီးမားသူ မမြင်ရပေ။

ဗျူဟာမြောက် စဉ်းစားရာတွင် ခေါင်းမာသူများနှင့် လက်တွေ့သမား အများစုသည် ၎င်းတို့အတွက် စိတ်ကူး ယဉ်ဆန်သည့် အယူအဆများကို အဓိပ္ပါယ်မရှိဟု တွက်ချက်ကြမှာ သေချာသည်။ သို့သော် ယူကရိန်းအရေးတွင် ညှိနှိုင်းဖြေရှင်းရန် ကြားဝင်စေ့စပ်သူ တစ်ဦးဦးက မဦးဆောင်ပေးလျှင် အဆုံးသတ်ရန် ခဲယဉ်းလွန်းလှသည်။

တရုတ်သည် ထိုသို့ ကြားဝင်ဖျန်ဖြေပေးသည့် နိုင်ငံတကာအခန်းကဏ္ဍမှာ ပါဝင်ဖို့ စိတ်ကူးမှာလည်း ခဲယဉ်းလှ သည်။ သို့သော် ရှီသည် ၎င်း၏ ပြည်သူ့သမ္မတနိုင်ငံကို ဩဇာကြီးမားသော ကမ္ဘာ့ပါဝါ တစ်ခုအဖြစ် အသိအမှတ်ပြု လေးစားစေလိုလျှင် ငွေကြေးစိုက်ထုတ်သုံးစွဲမှ ဖြစ်မည်။

ဒုတိယကမ္ဘာစစ်အပြီး ဥရောပ ပြန်လည် ထူထောင်ရေး အတွက်လည်း အမေရိကန်သည် ၎င်း၏ မာရှယ် အစီအစဉ် ဖြင့် ငွေကြေး အမြောက်အမြား သုံးစွဲ၍ ဩဇာလွှမ်းမိုးရေး လုပ်ဆောင်ခဲ့ရသည် မဟုတ်ပါလား။

အပြုသဘောဆောင်သော တရုတ်ခေါင်းဆောင်ပိုင်းသည် ၎င်း၏ ပါဝါအပျော့အတွက် အံ့ဩစရာများ လုပ်ဆောင် ပြနိုင်ပါသည်။ တရုတ်ဝိသေသ လက္ခဏာဖြင့် ဆိုရှယ်လစ်ဝါဒကို တံဆိပ်ကပ်၍ ဩစတြေးလျ-တရုတ် ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဆောင်လျှင်လည်း ရသည်။

နောက်ဆုံးတွင် မျက်မှောက်ကာလ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် မိမိအား ဆန့်ကျင်သူများကို မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့နိုင်ဖို့မှာ အလှမ်း ဝေးလွန်းလှသည်။ အခြားတဖက်တွင်လည်း အကြီးဆုံး စိန်ခေါ်မှုအဖြစ် ရာသီဥတု ပြောင်းလဲမှု ပြဿနာက ထုထည်ကြီးနေသည်။

ထိုပြဿနာအတွက် စုပေါင်းတုံ့ပြန်မှုတစ်ခု စဉ်းစားနိုင်သည်။ သို့သော် ယင်းစဉ်းစားချက်မှာလည်း စိတ်ကူးယဉ် ဆန် လွန်းနေပေသတည်း။      

Source: Channel News Asia

 (Channel News Asia ဝက်ဘ်ဆိုက်တွင် အောက်တိုဘာ ၁၈ ရက် ရက်စွဲဖြင့် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် Mark Beeson ၏သဘောထားအမြင်ကို CNI က ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်လိုက်ပါသည်။