အော်စတင် အောက်တိုဘာ ၈

အမေရိကန်နိုင်ငံ၊ တက္ကဆက်ပြည်နယ်တွင် ကိုယ်ဝန်ဖျက်ချပေးသည့် ဆေးခန်းအချို့ ပြန်လည် ဖွင့်လှစ်လိုက်ပြီ ဖြစ်သော ကြောင့် ၎င်းပြည်နယ်အတွင်း ယခင်သီတင်းပတ်က ကိုယ်ဝန်ဖျက်ချမှု ရပ်တန့်ရေး တရားဝင် ဆုံးဖြတ်ချက်မှာလည်း အချိန် တိုအတွင်း ပပျောက်သွားသည့် သဘောရှိနေကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် အောက်တိုဘာ ၈ ရက်က ဖော်ပြထားသည်။

အခြားဆေးခန်းများကလည်း တရားစွဲဆိုမှုများအပေါ် စိုးရိမ်ပူပန်မှုများရှိနေ၍ ကိုယ်ဝန်ဖျက်ချပေးသည့် ဆေးခန်းများ ပြန်ဖွင့် နေခြင်းကို တားဆီးနေကြသည်။

အမေရိကန်တရားသူကြီးတစ်ဦးသည် အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချခြင်းကို ထိရောက်စွာ တားမြစ်သည့် ဥပဒေသစ်ကို အောက်တိုဘာ ၆ ရက်နေ့က ယာယီပိတ်ပင်ခဲ့သည်။

ထို့နောက် လာမည့်လများတွင် ကိုယ်ဝန်ဖျက်ချသည့် ကိစ္စအပေါ် နောက်ထပ် တရားရုံးတွင်းတိုက်ပွဲများ ဆင်နွှဲရေး စင်မြင့် တစ်ခု သတ်မှတ်ပေးရန် တက္ကဆက်အာဏာပိုင်များထံ အယူခံဝင်မှုများလည်း ရှိနေသည်။

တက္ကဆက်ပြည်နယ်တဝန်း လက်ခွဲဆေးခန်း (၄) ခုအထိ ဖွင့်လှစ်ထားသော ကိုယ်ဝန်ဖျက်ချမှု စောင့်ရှောက်ပေးသည့် Whole Woman’s Health အမည်ရှိ ဆေးခန်းက ၎င်းတို့ဆေးခန်းအနေဖြင့် အောက်တိုဘာ ၇ ရက်တွင် ကိုယ်ဝန်ဖျက်ချပေးသည့် လုပ်ငန်းကို ပြန်လည် စတင်နေကြောင်း ကြေညာခဲ့သည်။

ပုံ- တက္ကဆက်ပြည်နယ် ကိုယ်ဝန်ဖျက်ချခွင့်အရေးနဲ့ပတ်သက်ပြီး ဆန္ဒပြနေကြစဉ်။(AP)


အဆိုပါ ဆေးခန်းတည်ထောင်သူ အေမီဟက်စတွန်းမီလာက သတင်းထောက်များနှင့် တွေ့ဆုံစဉ် “ဥပဒေသစ် ယာယီပိတ်ပင် ရန် တရားသူကြီးဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ၎င်းဆေးခန်းသို့ စုံစမ်းမေးမြန်းသူ အရေအတွက် ချက်ချင်းများပြား သွားခဲ့ကြောင်း” ပြောကြားခဲ့သည်။

“တယ်လီဖုန်းခေါ်လိုက်ကြတာ အများကြီးပဲ။ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက အမှန်တကယ် မျှော်လင့်တဲ့ စကား သံတွေ ကြားရပါတယ်။ ပြည်သူတွေအနေနဲ့ ဒီအခွင့်အ လမ်းဟာ ခဏပဲရှိလိမ့်မယ်ဆိုတာ သဘောပေါက်ကြပါတယ်” ဟု ၎င်း က ပြောကြားခဲ့သည်။

ခရိုင်တရားသူကြီး ရောဘတ်ပစ်တမန်၏ စာမျက်နှာပေါင်း ၁၁၃ မျက်နှာရှိသည့် စီရင်ဆုံးဖြတ်ချက်သည် ယခုသီတင်းပတ် အစောပိုင်း၌ ကိုယ်ဝန်ဖျက်ချမှုဆိုင်ရာ တရားဝင် စိန်ခေါ်မှုများကို တားဆီးရန် ဘိုင်ဒန်အစိုးရထံမှ တောင်းဆိုချက်ကို ခွင့်ပြု ပေးခဲ့သည်။

 

၎င်းဥပဒေသစ်သည် ရီပက်ဘလီကန် နိုင်ငံရေးသမားများက ရေးဆွဲ၍ အတည်ပြုခဲ့သော ဥပဒေဖြစ်ပြီး တက္ကဆက်ပြည်နယ် အတွက် ပထမဆုံး ဆုတ်ယုတ်မှု ဖြစ်ပွားစေခဲ့သည်။ထိုဥပဒေအရ ကိုယ်ဝန်ဖျက်ချခြင်းကို သန္ဓေရပြီး ရက်သတ္တခြောက်ပတ်မှ အစောဆုံး ထိရောက်စွာ တားမြစ်ထားပြီး ထိုကာလ အတိုင်းအတာသည် အမျိုးသမီးအများစု ၎င်းတို့ကိုယ်ဝန်ရှိနေကြောင်း သတိမမူမိသည့် ကာလဖြစ်နေသည်။

အငြင်းပွားစရာရှိနေသည့် ဥပဒေသစ်ကြောင့် တက္ကဆက်ပြည်နယ်ရှိ အချို့ဆေးခန်းများသည် ဥပဒေလုပ်ထုံးလုပ်နည်းများ ပြန်လည် စတင် အသက်ဝင်လာချိန် စောင့်ဆိုင်းရင်း ချီတုံ ချတုံဖြစ်နေကြသည်ဟု ဘီဘီစီ အင်္ဂလိပ်ပိုင်း သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။