သေဆုံးသူအများအနက် တောင်ပိုင်းအုပ်ချုပ်ရေးဒေသမှ ၁၀၅၄ ဦး၊ ဂရင်းအန်စီဒေသမှ ၁၁၉ ဦး၊ နီပက်ဒေသမှ ၁၂၂ ဦးနှင့် အနောက်မြောက်ဒေသမှ ၂ ဦးတို့ဖြစ်ကြကြောင်း အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးအေဂျင်စီက ဆိုသည်။

ပုံ- ဟေတီနိုင်ငံတွင် ငလျင်လှုပ်၍ အဆောက်အဦးတစ်ခု ပြိုကျသွားစဉ်(AFP)

ငလျင်ဒဏ်ကြောင့် လူနေအိမ်ခြေ ၁၃,၆၉၄ လုံး ပျက်စီးခဲ့ပြီးနောက် အိမ်ခြေ ၁၃,၇၈၅ လုံး ထပ်မံပြိုကျခဲ့ကြောင်း အဆောက်အဦများ ပြိုကျနေ၍ ဆေးရုံသို့ လူနာတင်ပို့ရန် လမ်း များပိတ်ဆို့ခဲ့ရကြောင်း အဆိုပါအေဂျင်စီထံမှ သိရသည်။

“ဆေးဝါးလိုအပ်ချက်ကို လတ်တလောအရေးပေါ်ကိစ္စအနေနဲ့ ကိုင်တွယ်ဖြေရှင်းနေပါတယ်။ ထိခိုက်မှုရှိတဲ့ အဆောက်အအုံတွေဆီကို ကျနော်တို့ဆေးဝါးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ စတင်စေလွှတ်နေပါပြီ” ဟု ဝန်ကြီးချုပ် အေရီရယ်ဟင်နရီက ပြောကြားသည်။

“အရေးပေါ်ကုသပေးရမယ့်လူတွေကို ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်မှာ ဆက်တိုက် ကယ်ထုတ်ရမယ့်သဘော ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ပုံ- ဟေတီနိုင်ငံတွင် ငလျင်လှုပ်၍ အဆောက်အဦးတစ်ခု ပြိုကျသွားစဉ် ဖိနေသူကို ကယ်ထုတ်နေစဉ်(AP)

ငလျင်သည် ဩဂုတ် ၁၄ ရက်၊ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် လှုပ်ခတ်ခဲ့ပြီး ဟေတီနိုင်ငံ၏ အနောက် တောင်ဘက်ရှိ စိန့်လူးဝစ်ဒေသ ၁၂ ကီလိုမီတာ (၇ ဒသမ ၅ မိုင်) အကွာအဝေး၌ မြေအောက်အနက် ၁၀ ကီလိုမီတာ (၆ ဒသမ ၂မိုင်) ကို ဗဟိုပြုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၀ ပြည့်နှစ်ကလည်း ဟေတီနိုင်ငံတွင် ပြင်းအား ၇ မဂ္ဂနီကျုအဆင့်ရှိ ငလျင်ကြောင့် လူပေါင်း ၂၂၀,၀၀၀ မှ ၃၀၀,၀၀၀ ခန့်အထိ သေဆုံးခဲ့ရဖူးသည်။

Source: CNN

#ဟေတီ

#ငလျင်

#အိန္ဒိယ

#လူနေအိမ်ခြေ

#အရေးပေါ်

#cninews

#CNIMyanmar

#ChannelNewsIndependent