CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၄

ဆိုင်ကလုန်းမုန်တိုင်း မိုခါသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဖြတ်သန်း၍ အားအလွန်ကောင်းသော တိုက်ခိုက်မှုကြောင့် ပင်လယ်ဒီရေမြင့်တက်မှုနှင့် လေပြင်းတိုက်ခိုက်သည့်အတွက် စစ်တွေမြို့ ကမ်းနားရှိ နေအိမ်များတွင် ရေဝင်လျက်ရှိသည်။

ထို့နောက် ဒေသခံ အများအပြားလည်း ဒီရေဝင်ရောက်မှုကြောင့် မရှောင်တိမ်းနိုင်ဖြစ်၍ ပိတ်မိနေကြောင်း ဒေသခံများက ပြောသည်။