CNI International News

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅

IE ဟု အတိုကောက် ခေါ်ခဲ့ကြသည့် Internet Explore ကို ၎င်း၏မိခင် ကုမ္ပဏီဖြစ်သော မိုက္ကရိုဆော့ဖ်က ယခုဇွန်လ ၁၅ ရက် မှစ၍ နည်းပညာအရ ဆက်လက်ပံ့ပိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း ပြုတော့မည် မဟုတ်ကြောင်း အေပီသတင်းအရ သိရသည်။

IE က သုံးစွဲသူအချို့က မနှစ်သက်ကြသော်လည်း စွဲလန်းနှစ်ခြိုက်သူ အချို့ကတော့ ရှိနေဆဲဖြစ်သည်။ သက်တမ်း ၂၇ နှစ်ရှိ အဆိုပါ IE app သည် ယနေ့တွင် နည်းပညာသမိုင်း၏ အမှိုက်ပုံးထဲသို့ Black Berry ဖုန်းများ၊ dial-up modems, Palm Pilots တို့နှင့်အတူ ရောက်ရှိသွားပြီ ဖြစ်သည်။

စင်စစ်အားဖြင့် IE ရပ်တန့် သွားခြင်းသည် အံ့ဩစရာတော့ မဟုတ်ပေ။ ပြီးခဲ့သည့် နှစ်ကတည်းက IE ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်တွင် ရပ်တန့်မည်ဟု မိုက္ကရိုဆော့ဖ်က ကြေညာခဲ့ပြီး ၂၀၁၅ ခုနှစ်၌ စတင် ထုတ်လုပ်ခဲ့သော ၎င်း၏ Edge browser ကို လူသုံးပိုများအောင် တွန်းအား ပေးသွားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

“မိုက္ကရိုဆော့ဖ်၏ Edge သည် IE ထက် ပိုမိုမြန်ဆန်၊ ပိုမိုလုံခြုံပြီး ခေတ်မီသော ရှာဖွေမှု ပေးစွမ်းရုံသာမက အတိတ်က အဖြစ် အပျက်ဟောင်းများ၊ အမွေအနှစ် ဝက်ဘ်ဆိုက်များနှင့် App များအတွက် ဟန်ကျညီညီ သုံးစွဲနိုင်မည် ဖြစ်ကြောင်း” မိုက္ကရို ဆော့ဖ် Edge လုပ်ငန်း၏ အထွေထွေမန်နေဂျာ ရှောင်လင်ဒါဆေးက ၂၀၂၁ ခုနှစ်၊ မေလတွင် ဘလော့ပို့စ် တစ်ခု၌ ပြောကြားခဲ့ သည်။

IE ကို လက်ခံကြသူ အချို့ကတော့ တွစ်တာ လူမှုကွန်ရက်ကို IE ဖြင့် သုံးစွဲရခြင်း အတွေ့အကြုံများကို အမှတ်တရ ရှိနေကြပြီး "bug-ridden, insecure POS" (သို့မဟုတ်) အခြား brower များကို စက်ထဲထည့်ဖို့ အားကိုးသုံးစွဲရသည့် browser အဖြစ် အသိအမှတ် ပြုကြသည်။

IE အမှတ်တံဆိပ်

အနှစ် ၂၀ ကျော် ထိတွေ့ခဲ့ရသည့် IE ရပ်တန့် သွားခြင်းအတွက် စိတ်မကောင်း ဖြစ်ရကြောင်း ဝေါစထရိဂျာနယ်က ရေးသား ဖော်ပြခဲ့သည်။

အင်တာနက် သုံးရန်အတွက် လူကြိုက်များသော browser အဖြစ် Netscape ကို မိုက္ကရိုဆော့ဖ်က ၁၉၉၅ ခုနှစ်တွင် ပထမဆုံး ထုတ်လုပ်ခဲ့ပြီး Netscape Navigator ဟူ၍ တစ်ခေတ်တစ်ခါက ကွန်ပျူတာ သုံးစွဲသူများအကြား ရေပန်းစား၍ လွှမ်းမိုးခဲ့ သည်။

ထို့နောက် IE ကို ဝင်းဒိုးစ်နှင့်အတူ အခိုင်အမာ ဖြန့်ဝေပေးခဲ့ရာ သုံးစွဲသူ အများအပြားက Netscape အစား IE ကို ပြောင်းလဲ သုံးစွဲလာခဲ့ ကြသည်။

IE ကို ဝင်းဒိုးစ်နှင့် ချိတ်ဆက် သုံးစွဲခြင်းအတွက် Mozilla ၏ Firefox, Opera နှင့် Google ၏ Chrome ပြိုင်ဘက်များအတွက် တရားမျှတမှုမရှိသော အားသာချက်ကို မိုက္ကရိုဆော့ဖ်က ပေးခဲ့ကြောင်း ဥရောပတွင် အငြင်းပွားခဲ့ကြသည်။

တစ်ချိန်တည်းမှာ IE သည် နှေးကွေးကြောင်းနှင့် စက်ထဲမှ အချက်အလက်များ hack ခံနိုင်ရခြေ ရှိကြောင်း စောဒကတက်ခဲ့ ကြသည်။

၂၀၂၀ ပြည့်နှစ် မတိုင်မီက ဈေးကွက်ဝေစု ၉၀ ရာခိုင်နှုန်းကျော် ရှိခဲ့သည့် IE သည် သုံးစွဲသူများ အကြားတွင် ၎င်းထက် ပို၍ ရွေးချယ်စရာများ အသစ်အသစ် ထွက်ပေါ်လာနေခြင်းကြောင့် မှေးမှိန်လာခဲ့သည်။

ယနေ့ခေတ်တွင် Chrome က ကမ္ဘာတလွှား browser များ ဈေးကွက်၏ ၆၅ ရာခိုင်နှုန်း ရှယ်ယာကို လွှမ်းမိုးထားပြီး Apple ၏ Safari က ၁၉ ရာခိုင်နှုန်းဖြင့် ရပ်တည်နေကြောင်း အင်တာနက် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပေးသည့် Statcounter ကုမ္ပဏီ၏ အဆိုအရ သိရသည်။

Source: AP