CNI Lifestyle
၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၈ မြန်မာ့ရိုးရာ အစားအစာမုန့်ထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ ကီးမားဆန်မုန့်ကို သိကြမယ်ထင်ပါတယ်။ သူ့ကို လမ်းသရဲမုန့်လို့လည်း အများက သိကြပါတယ်။ ဆန်မု့န်နှစ်ထဲမှာ ကြက်သွန်၊ ဂေါ်ဖီ၊ မဆလာ၊ ပဲပြုတ်၊ ငရုတ်သီး စတဲ့ အစာပလာတွေ စုံလင်အောင်ထည့်ပြီး အရသာရှိရှိ စားသုံးရတဲ့ ရိုးရာမုန့်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီ ရိုးရာမုန့်ကို နှစ်ပေါင်း ၅၀ တိုင်တိုင် အရသာမပျက် ရောင်းချပေးနေဆဲဖြစ်တဲ့ ရန်ကင်းကီးမားဆိုင်ဟာ ဒီနေ့ထက်ထိ ဘာကြောင့် ရပ်တည်နေနိုင်ပြီး လူကြိုက်များနေဆဲလဲဆိုတာကို CNI က မေးမြန်းတင်ဆက်ပေးထားပါတယ်။