CNI Lifestyle

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၅ ရွှေရင်ကျော် ဂိုဏ်းပညာဆိုသည်မှာ မြတ်စွာဘုရားရှင်လက်ထက်တော်ကတည်းကရှိခဲ့တဲ့ ဝိဇ္ဇာပညာရပ်များထဲမှ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ အောက်လမ်းပညာ၊ စုန်းပညာ၊ ကဝေပညာ၊ ရွာသူပညာ စတဲ့ အတတ်ပညာတွေကို သင်ယူတတ်မြောက်ထားတာရှိသလို အဆိုပါ ပညာရပ်တွေကို ကျင့်ကြံပြီး လူတွေကို တိုက်ခိုက်နှောင့်ယှက်တဲ့အခါမှာ ရွှေရင်ကျော် ဂိုဏ်းပညာရပ်ဖြင့် ကုသ ပျောက်ကင်းကြရခြင်းလည်း ဖြစ်ပါတယ်။ ရွှေရင်ကျော် ပညာရပ်၏ ရည်ရွယ်ချက်များတွင် သူတော်ကောင်းများ ပေါ်ထွန်းလာဖို့၊ မကောင်းတဲ့ ဒုစရိုက်လောကသားများ ပပျောက်စေဖို့အတွက် ၇ ရက်သားသမီးအပေါင်းကို သူတော်ကောင်းလမ်းစဉ် လျှောက်တင်ပေးဖို့ စတာတွေ ပါဝင်ပါတယ်။ အဲဒီလို ရွှေရင်ကျော် ဂိုဏ်းပညာရပ်ကို ဆည်းပူးလေ့လာပြီး ၇ ရက်သားသမီးအပေါင်းကို ကယ်တင်ကုသပေးနေတဲ့ ရွှေရင်ကျော် ကုစ္ဆာသယမဟိဒ္ဓိစေ ဂိုဏ်းတော်မှ ဆေးတော် စုတ်တော်ပိုင် ဆရာ သုတအောင် ပြောပြတဲ့ ရွှေရင်ကျော် ဂိုဏ်းပညာရပ်နဲ့ ပတ်သက်သည့် အကြောင်းအရာ၊ သူ့ပညာရပ် အတွေ့အကြုံနှင့် ဆေးတော်စုတ်တော်ပိုင် ဖြစ်လာခဲ့ပုံတွေကို CNI သတင်းဌာနက မေးမြန်းတင်ဆက်ပေးထားပါတယ်။