CNI Lifestyle

၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၂

ဝက်ကို ခေါင်းအစ ခြေအဆုံး ကြိုက်နှစ်သက်သူတွေရဲ့ အသည်းစွဲတဲ့အရာထဲမှာ ဝက်သားဒုတ်ထိုးက မပါမဖြစ်လို့ဆိုရမှာပါ။ ဝက်ရဲ့ ခန္ဓာကိုယ်ရှိရှိသမျှအရာအားလုံးကို အရသာရှိရှိသုံးဆောင်ကြရတာမို့ ဝက်သားဒုတ်ထိုးဆိုရင် ဝက်သားမစားသူကလွဲလို့ မကြိုက်သူ မရှိသလောက်နည်းပါတယ်။ ဝက်သားဒုတ်ထိုးကို သန့်သန့်ရှင်းရှင်းနဲ့ အရသာရှိရှိ စားသုံးနိုင်တဲ့ ဆရာစံလမ်းပေါ်က မငယ် ဝက်သားဒုတ်ထိုး ဆိုင်လေးအကြောင်းကို သွားရည်ယိုချင်စရာကောင်းအောင် CNI က ရိုက်ကူးတင်ဆက်ပေးထားပါတယ်။