CNI Lifestyle

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၅ မြန်မာ့ရိုးရာ ခြင်းခတ်ဝိုင်းတွင် မပါမဖြစ် ပါကိုပါရမယ့် ပညာရှင်တစ်ဦးရှိပါတယ်။ အဲဒါကတော့ ခြင်းပွဲသရုပ်ဖော် ကြေညာပေးသူပါ။ ခြင်းခတ်သူက ခြင်းဝိုင်းထဲတွင် ခြင်းကို ဘယ်လိုအလှအပနဲ့ခတ်နေပြီ၊ ဘယ်လိုပုံဖော်ခတ်နေပြီဆိုတာကို ဘေးကနေ အသံနဲ့အားဖြည့်ပုံဖော်ပြောကြားပေးရတဲ့သူလို့ဆိုရမှာပါ။ဒီလို အသံနဲ့ အားဖြည့်ပုံဖော်ပေးတဲ့အခါမှသာ ခြင်းဝိုင်းထဲတွင် ကိုယ်တိုင် ခတ်နေသူရော ခြင်းဝိုင်းအပြင်က ကြည့်ရှုနေသူပါ စိတ်ဓာတ်တက်ကြွစေမှု၊ ခွန်အားဖြစ်စေမှု စတာတွေနဲ့ ခြင်းဝိုင်းတစ်ဝိုင်းဟာ ပိုမိုအသက်ဝင် အားပြည့်လာတာလို့ ဆိုရပါမယ်။ ဒီလို ဘေးကနေ အားဖြည့်ပုံဖော်ပေးတဲ့ ခြင်းပွဲသရုပ်ဖော်ကြေညာသူတွေဟာ စကားအရာမှာ ကြွယ်ဝနှံ့စပ်သူဖြစ်ရသလို ခြင်းခတ်ပညာကိုပါ ကျွမ်းကျင်ပိုင်နိုင်သူဖြစ်ရပါတယ်။ ခြင်းပွဲသရုပ်ဖော်ပညာကို ဝါသနာကြီးသူတစ်ဦးဖြစ်တဲ့ ကိုဇော်ဝင်းထွဋ်ကို သူတတ်ကျွမ်းတဲ့ ပညာနဲ့ပတ်သက်လို့ CNI က မေးမြန်းတင်ဆက်ထားပါတယ်။