CNI Lifestyle

၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၂ ပျောက်ကွယ်လုနီးပါးရှိနေပြီဖြစ်တဲ့ ရပ်ကွက်စာအုပ်အငှားဆိုင်ယဉ်ကျေးမှုကို ဒီဘက်ခေတ်ထိ ရှင်သန်နေအောင် ကြိုးစားရပ်တည်ခဲ့ရတဲ့ စမ်းချောင်းမြို့နယ်ထဲက စာအုပ်အငှားဆိုင် "ထင်ပေါ် စာပေ"ဟာ ယခုဆိုရင် နှစ်ပေါင်း ၁၇ နှစ်နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။ သုတ၊ရသ အစုံအလင်နဲ့ စာအုပ်စာပေပေါင်း သောင်းချီကို ပြန်လည်ငှာရမ်းပေးနိုင်အောင် စီစဉ်ပေးထားတဲ့ ထင်ပေါ်စာပေအနေနဲ့ အခုလို နှစ်ပေါင်းများစွာတိုင်အောင် ဘယ်လိုရပ်တည်နိုင်ခဲ့သလဲ... ဒီဘက်ခေတ် စာဖတ်သူတို့ရဲ့အခြေအနေ.. ဘယ်လိုစာပေမျိုးတွေကို ငှားရမ်းဖတ်ရှုလို့ရနိုင်မလဲ ဆိုတာတွေကို CNI က တင်ဆက်ပေးထားပါတယ်။