CNI International News
မော်စကို၊ မတ်လ ၁၂
ယူကရိန်းစစ်ပွဲကြောင့် ရုရှားအာဏာပိုင်များအပေါ် အနောက်အုပ်စု ပိတ်ဆို့ဒဏ်ခတ်မှုများရှိနေသည့်တိုင် ဗလာဒီမာပူတင်နှင့် နီးစပ်သော အသိုင်းအဝိုင်းအတွင်းမှ တရားမဝင် ကြွယ်ဝချမ်းသာနေသည့် မိသားစုဝင်များသည် ခမ်းနားထည်ဝါစွာဖြင့် ဥရောပ လူနေမှုပုံစံ ရပ်တည်လျက်ရှိကြောင်း vice.com က ရေးသားဖော်ပြခဲ့သည်။
ဗြိတိန်အစိုးရသည် ရိုမန်အေဘရာမိုဗစ်ချ်နှင့် နိုင်ငံရေးအာဏာ ဆုတ်ကိုင်ထားသူ ၆ ဦးကို ပိတ်ဆို့ဒဏ်ခတ်မှု ချမှတ်သည့်နေ့ တွင် ယမန်နှစ် စက်တင်ဘာလ၌ ရုရှားအတိုက်အခံခေါင်းဆောင် အဲလက်ဇီနာဗယ်နီ (Alexei Navalny) ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးဖောင်ဒေးရှင်းက ပုံဖော်ခဲ့သော ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့၏ မယားပါသမီးဖြစ်သူ ပိုလီနာကိုဗာလီဗာ (Polina Kovaleva) အကြောင်း ဗွီဒီယိုမှတ်တမ်းသည် အများအာရုံစိုက်စရာ ဖြစ်လာခဲ့သည်။
ပိုလီနာကိုဗာလီဗာ၏ ခမ်းနားထည်ဝါစွာ နေထိုင်မှုပုံစံနှင့်ပတ်သက်၍ နာဗယ်နီ၏ ဖောင်ဒေးရှင်းမှ စုံစမ်းစစ်ဆေးရေး အကြီး အကဲ မာရီယာပက်ချက် (Maria Pevchikh)က တွစ်တာလူမှုကွန်ရက်၌ လိုရင်းတိုရှင်း စာသားတစ်ပိုဒ် လွှင့်တင်ခဲ့ရာ ဂယက် များစွာ ဖြစ်ပေါ်သွားခဲ့သည်။
ရှင်းပြရန် ခက်ခဲသည့် အဆိုပါစာပိုဒ်တွင် ယခု အသက် ၂၆ နှစ်အရွယ်ရှိ အမ်ပီးရီးယယ်ကောလိပ်(လန်ဒန်)မှ ဘွဲ့ရခဲ့သူ ကိုဗာလီဗာသည် အသက် ၂၁ နှစ်အရွယ်ကပင် လန်ဒန်မြို့၊ အထက်တန်းလွှာနေထိုင်ရာ ကန်ဆင်တန်ခရိုင်ရှိ တိုက်ခန်း တစ်ခန်းကို ပေါင် (၄ ဒသမ ၄)သန်းဖြင့် ဝယ်ယူခဲ့ကြောင်း ရေးသားထားသည်။
လာဗရော့နဲ့ ပူတင်ကိုတွေ့ရစဉ်(GEETY IMAGES)
ဗြိတိန်နိုင်ငံတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ မယားပါသမီးဖြစ်သူ ကိုဗာလီဗာသည် ကျွန်းတစ်ကျွန်းမှ တစ်ကျွန်းသို့ အလည် အပတ် ထွက်ခြင်း၊ ကျယ်ပြောလှသော ရေကူးကန်၌ ဇိမ်ခံခြင်းတို့နှင့်အတူ ပုဂ္ဂလိက ကျောင်းတက်နေသော်လည်း ရုရှားနိုင်ငံ ခြားရေးဝန်ကြီး လာဗရော့သည် အနောက်အုပ်စု၏ လစ်ဘရယ်တန်ဖိုးများအပေါ် အပြင်းအထန် ဝေဖန်နေကျ ဖြစ်သည်။
ထို့နောက် ဝန်ကြီးလာဗရော့သည် ၂၀၀၈ ခုနှစ်က အင်္ဂလန် အနောက်တောင်ပိုင်း၊ ဆို့စ်ဘရီ (Salisbury) ရုရှားထောက်လှမ်း ရေးဟောင်း ဆာဂျီစခရီပယ်နှင့် ၎င်း၏သမီး ယူလီယာတို့ကို အဆိပ်ခတ်သတ်ရန် ဗြိတိန်အစိုးရမှ စီစဉ်ခဲ့ကြောင်း စွပ်စွဲခဲ့ဖူး သည်။
ပူတင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထဲရှိ လာဗရော့တွင် မိသားစုနှစ်စုရှိရာ တစ်စုမှာ တရားဝင်ဖြစ်ပြီး ကျန်တစ်စုမှာ တရား မဝင် မိသားစုအဖြစ် တည်ရှိနေကြောင်း နာဗယ်နီ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းက ဖွင့်ချခဲ့သည်။
အဆိုပါ ဖောင်ဒေးရှင်းကို အကျဉ်းချခံထားရသည့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီက တည်ထောင်ထားခြင်း ဖြစ် သည်။
လာဗရော့သည် ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွင် ကိုဗာလီဗာ၏ မိခင်ဖြစ်သူ စဗက်တလာနာ ပိုလီအာကိုဗာနှင့် စတင် ငြိစွန်းခဲ့ ကြောင်း ၎င်းဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။
ကိုဗာလီဗာကိုတွေ့ရစဉ်(GEETY IMAGES)
ကမ္ဘာတလွှား ကိုယ်ပိုင် ဂျက်လေယာဉ် စီးနိုင်သူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် လာဗရော့နှင့်အတူ လိုက်ပါ စီးနင်း လေ့ရှိသည့် ပိုလီအာကိုဗာသည် မော်စကိုမြို့တွင် ယခုအခါ ပေါင် (၅)သန်းတန် တိုက်ခန်းတစ်ခန်းနှင့် တန်ဖိုးမြင့် မော်တော် ယာဉ် အချို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
“လာဗရော့ဟာ သူ့မိန့်ခွန်းတွေ အတော်များများထဲမှာ အင်္ဂလန်နဲ့ လစ်ဘရယ် ကျင့်သုံးတဲ့ နိုင်ငံတွေဟာ ရုရှားနဲ့ယူကရိန်း ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ မကောင်းဆိုးဝါးတွေလို့ ထည့်ပြောဖူးပါတယ်။ ဒါဆို သူ့မယားပါသမီးကို လန်ဒန်မြို့လယ်ခေါင်မှာ ဘာလို့ နေခိုင်းတာလဲ။ အဲဒီကောင်မလေးကို ခရိုင်းမီးယား (ဒါမှမဟုတ်) ဒွန်ဘတ်စ်ကို ဘာဖြစ်လို့ ပြောင်းမနေခိုင်းတာလဲ” စသည်ဖြင့် အဆိုပါဖောင်ဒေးရှင်းမှ စုံစမ်းစစ်ဆေးရေးအကြီးအကဲ မာရီယာပက်ချက်က တွစ်တာလူမှုကွန်ရက်တွင် မေးခွန်း ထုတ်ခဲ့သည်။
“ပိုလီနာ ကိုဗာလီဗာနဲ့ သူ့အမေကို ဒဏ်ခတ်အရေးယူရမယ်။ ပိုလီနာဟာ သူ့ရဲ့ Louis Vuitton ခရီးဆောင်အိတ်ထဲ ပစ္စည်း တွေ သိမ်းကျုံးထည့်ပြီး ဗြိတိန်ကို ကျောခိုင်းရမှာပါ။ ပေါင် ၄ ဒသမ ၄ သန်းဆိုတဲ့ ပမာဏကို သူ ဘယ်က ရခဲ့သလဲဆိုတာ မရှင်းပြနိုင်ရင် မဖြေရှင်းနိုင်သော ကြွယ်ဝချမ်းသာမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ဖမ်းရမှာပဲဖြစ်ပါတယ်” ဟု ၎င်းက ဆက် လက် ပြောကြားခဲ့သည်။
Source: vice.com