CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀

မြန်မာ့ရိုးရာ အတာသင်္ကြန်ကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ဝင်အောင် ကြိုးပမ်းခဲ့ကြသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အာဏာပိုင်အဖွဲ့အစည်းများနှင့်အနုပညာရှင်များက ကြိုဆိုခဲ့ကြသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြိုမှာ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံ ကျင်းပခဲ့သည်။

အဆိုပါ ညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖွဲ့က မြန်မာ့ရိုးရာအတာသင်္ကြန်အား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာ ပါဝင်ခွင့်ရအောင် ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် မြန်မာ့အတာသင်္ကြန်ကို ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းမှာ ထည့်သွင်းခဲ့သည်။