CNI News

 ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

ရခိုင်ပြည်နယ်အတွင်းက မိုခါမုန်တိုင်းသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)နှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)တို့က ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်းတစ်သောင်း)ကို လှူဒါန်းခဲ့သည်။

အဆိုပါ လှူဒါန်းပွဲကို UWSA ၏ ဌာနချုပ် ပန်ခမ်းမြို့မှာ ဇွန်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။

ဒေါက်တာညိုထွန်းအောင်က ကျေးဇူးတင်လွှာပြန်လည်ပေးအပ်စဉ်(ERRCA)

ထို့နောက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀၀၀ ကို  UWSA ၏ ဒုဥက္ကဋ္ဌနှင့် ပြင်ပဆက်ဆံရေးဌာန၊ ဌာနကြီးမှူးဖြစ် သော ဦးကျောက်ကော်အန်းမှ FPNCC နှင့် UWSA ကိုယ်စား ပေးအပ်ခဲ့ရာ ရက္ခိုင့်တပ်တော်(AA)၏ ဒုစစ်ဦးစီး ချုပ် မိုခါဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် အာရက္ခအရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးကော်မ တီ(ERRCA)ဥက္ကဋ္ဌ ဒေါက်တာညိုထွန်းအောင်နှင့် Humanitarian and Development Coordination Office (HDCO)အကြီးအကဲ ဦးထွန်းမင်းနိုင်တို့က လက်ခံရယူခဲ့သည်။