CNI International News

မစ်ဆိုရီ၊ ဇန်နဝါရီ ၅

၂၀၀၃ ခုနှစ် လူသတ်မှုတစ်ခုအတွက် မစ်ဆိုရီပြည်နယ်မှ အကျဉ်းသားတစ်ဦးကို အင်္ဂါနေ့တွင် သေဒဏ်ပေးခဲ့ပြီး ၎င်းက အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် လိင်ပြောင်းလဲထားသူတစ်ဦးကို သေဒဏ်ပေးဟု အယ်ဂျာဇီးယား သတင်းတွင် ဖော်ပြထားသည်။

သေဒဏ် ပေးခံရသူမှာ အသက် ၄၉ နှစ်အရွယ် အမ်ဘာမက်လက်ချ်လင်း (Amber McLaughlin) ဖြစ်ပြီး ၎င်းသည် ရည်းစားဟောင်းဖြစ်သူကို နောက်ယောင်ခံလိုက်ခြင်း၊ သတ်ခြင်းနှင့် အလောင်းကို ဖျောက်ဖြတ်ခြင်းတို့ဖြင့် တရား စီရင်ခံခဲ့ရခြင်း ဖြစ်သည်။

သေဒဏ်နှင့်ပတ်သက်၍ အသနားခံစာ တင်ခဲ့သော်လည်း ၎င်းကို ပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်သူ မိုက်ပါဆန် (Mike Parson)က ငြင်းဆိုခဲ့သည်။

မက်လက်ချ်လင်းကို ဆေးထိုးပြီး သေဒဏ်ပေးခဲ့ခြင်းဖြစ်သည်။ ဆေးထိုးပြီး မိနစ်ပိုင်းအကြာတွင် သူမ သေဆုံးခဲ့ သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

အမေရိကန် ဆေးထိုးသတ်ခြင်း (GETTY IMAGES)

သေဒဏ် မပေးခင် နောက်ဆုံး ထုတ်ပြန်ခဲ့သော ကြေညာချက်၌ မက်လက်ချ်လင်းက ကျူးလွန်ခဲ့သည့် အရာများ အတွက် စိတ်မကောင်းဖြစ်ကြောင်း၊ ၎င်းသည် ချစ်တတ်၊ ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ကြောင်း ရေးသားထားသည်။

အမေရိကန်နိုင်ငံတွင် သေဒဏ်ပေးခြင်းကို ပြန်လည် ကျင့်သုံးခဲ့သည့် ၁၉၇၀ ပြည့်နှစ်များ အလယ်ပိုင်းမှ စတင် ကာ လူပေါင်း ၁၅၅၈ ဦးကို သေဒဏ်ပေးခဲ့ကြောင်း၊ သို့သော် လိင်ပြောင်းလဲထားသူဟု တိတိကျကျ သိရသည့် အကျဉ်းသားမျိုးကို သေဒဏ်ပေးခဲ့ခြင်း မရှိကြောင်း သေဒဏ်ပေးခြင်းကို ဆန့်ကျင်ရေး သတင်းအချက်အလက် စင်တာက ထုတ်ပြန်သည်။

ထို့ကြောင့် မက်လက်ချ်လင်း၏ ဖြစ်ရပ်သည် အမေရိကန်နိုင်ငံတွင် ပထမဆုံးအကြိမ် ဖြစ်သည်ဟုလည်း မှတ်ယူရ သည်။ မက်လက်ချ်လင်းသည် ပိုတိုစီပြည်နယ် အကျဉ်းထောင်တွင် ရှိနေစဉ် ပြီးခဲ့သည့် သုံးနှစ်ခန့် လိင်ပြောင်းလဲမှု ခံယူခဲ့သူ ဖြစ်သည်။

သေဒဏ်ကို အသနားခံမှုတွင် မက်လက်ချ်လင်း၏ ငယ်စဉ်ဘဝ အဆင်မပြေမှုများနှင့် စိတ်ဒဏ်ရာ ရရှိခဲ့မှုများ အပြင် သက်သေရန် ကြိုးပမ်းမှုများ အကြောင်းကို ထည့်သွင်း ရေးသားထားပြီး ထိုသို့ အသနားခံစာ တင်ရခြင်းမှာ သူမသည် လိင်တိမ်းညွတ်မှု ခံယူချက်နှင့်ပတ်သက်ခြင်း မရှိဟု ရှေ့နေဖြစ်သူက ပြောသည်။

အမေရိကန် သေဒဏ်ပေးခြင်းနဲ့ လူထုသဘောထားကိုတွေ့ရစဉ် (GETTY IMAGES)

လိင်ပြောင်းလဲမှု မခံယူခင် ၂၀၀၃ ခုနှစ်တွင် မက်လက်ချ်လင်းသည် ဘီဗာလီ ဂန်သာ (Beverly Guenther) ဆိုသူ နှင့် တွဲခဲ့သည်။ ၎င်းတို့ လမ်းခွဲပြီးသည့်တိုင် မက်လက်ချ်လင်းသည် သူမ အလုပ်လုပ်ရာသို့ မကြာခဏ ရောက်ရှိ လာပြီး တစ်ခါတစ်ရံတွင် ရုံးအဆောက်အဦအတွင်း ပုန်းအောင်းနေလေ့ ရှိသည်ဟု တရားရုံး မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့ကြောင့် ဂန်သာသည် ရဲတပ်ဖွဲ့၏ အကူအညီကို ရယူခဲ့ရမှုများပင် ရှိသည်ဟုလည်း သိရသည်။

၂၀၀၃ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်တွင် သူမ အိမ်သို့ ပြန်ရောက်မလာကြောင်း အိမ်နီးနားချင်းများ၏ အကြောင်း ကြားမှုကြောင့် ရဲတပ်ဖွဲ့က ဂန်သာ၏ ရုံးသို့ သွားရောက် စစ်ဆေးခဲ့ရာ သူမ၏ ကားနားတွင် ဓားလက်ကိုင် အကျိုးတစ်ခုနှင့် သွေးကွက်တစ်ခုကို တွေ့ခဲ့ရသည်။

နောက်တစ်ရက်တွင်မှ မက်လက်ချ်လင်းက အလောင်းမြှုပ်နှံထားရာ စိန့်လူးဝစ္စပြည်နယ် မစ္စစ္စပြည် မြစ်နားမှ နေရာတစ်ခုထံ ပြသခဲ့သည်။ သူမသည် အဓမ္မကျင့်၊ သတ်ဖြတ် ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့သည်။

Source: အယ်ဂျာဇီးယား