CNI Sport News

၂၀၂၂ ခုနှစ်၊ မတ်လ ၄

ချယ်လ်ဆီးအသင်းကို အေဘရာမိုဗစ်ချ် ရောင်းချပြီးနောက် ရရှိလာတဲ့ ငွေတွေဟာ ရုရှားစစ်တပ်ထဲကို ရောက်ရှိသွား မလားဆိုပြီးတော့ စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြထားပါတယ်။

ရုရှားဘီလျံနာ အေဘရာမိုဗစ်ချ်ဟာ လန်ဒန်ကလပ်ကို ရောင်းချပြီး အသားတင်ရတဲ့ ငွေတွေအားလုံးကို ယူကရိန်းစစ်ပွဲမှာ ခံစားနေရတဲ့ ဒုက္ခသည်တွေအားလုံးရဲ့ အကျိုးအတွက် အသုံးပြုသွားမယ်လို့ ပြောထားပါတယ်။

အဆိုပါ ငွေတွေဟာ ရုရှားကျူးကျော်မှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ သူတွေ၊ ကျန်ရစ်တဲ့သူတွေ ဒါမှမဟုတ် ထိခိုက်ခံစားရတဲ့ ယူကရိန်းနိုင်ငံသားများအတွက်သာ အသုံးပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီရန်ပုံငွေဟာ စစ်ပွဲမှာ ခံစားနေရတဲ့ ဒုက္ခသည်တွေ အားလုံးအတွက် ရည်ရွယ်ပြီး မူရင်းနဲ့ ချိတ်ဆက်မှာ မဟုတ်ဘူးလို့ သတင်းရင်းမြစ်တစ်ခုက The Guardian ကို ပြောခဲ့ပါ တယ်။

အေဘရာမိုဗစ်ချ်က ချယ်လ်ဆီး အသင်းကို ရောင်းချတော့မယ်လို့ တရားဝင် ပြောခဲ့ပြီးနောက်မှာ ဒီသတင်းတွေ ထွက်ပေါ်လာ ခဲ့တာ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်ဟာဆိုရင် ယူကရိန်းဒုက္ခသည်တွေကို လှူဒါန်းမယ်လို့ ပြောခဲ့ပေမယ့် ရုရှားသမ္မတ ပူတင် ရဲ့ ကျူးကျော်မှုကိုတော့ ရှုတ်ချခဲ့ခြင်း မရှိသေးပါဘူး။

ချယ်လ်ဆီးအသင်းနဲ့ အေဘရာမိုဗစ်ချ်ကိုတွေ့ရစဉ်(The Sun)

ဥရောပပါလီမန်ဥက္ကဋ္ဌ မတ်ဆိုလာက ပူတင်နဲ့ ဆက်ဆံရေးရှိတဲ့သူတိုင်း အားကစားကလပ်တွေကို ထိန်းချုပ်ခြင်း မပြုသင့် ဘူးလို့လည်း ပြောခဲ့တာ ဖြစ်ပါတယ်။ ပူတင်နဲ့ နီးစပ်တဲ့ အေဘရာမိုဗစ်ချ်ကိုတော့ အစိုးရက ပိတ်ဆို့အရေးယူဖို့ အမိန့် မရှိသေး တာပါ။

အေဘရာမိုဗစ်ချ်ဟာ ရုရှားက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှုအပြီးမှာ ချယ်လ်ဆီးအသင်း အုပ်ချုပ်မှုအပိုင်းကို စွန့်လွှတ် ပြီး အသင်းဖောင်ဒေးရှင်းထံ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။ အေဘရာမိုဗစ်ချ်သည် ပိုင်ဆိုင်မှုတွေ သိမ်းယူခံရနိုင်တဲ့ စိုးရိမ်မှု တွေကြောင့် ဗြိတိန်မှာရှိတဲ့ သူ့ရဲ့ ပိုင်ဆိုင်မှုတွေအပြင် ချယ်လ်ဆီး အသင်းကိုပါ ရောင်းချဖို့ စီစဉ်လာခဲ့တာပါ။

ဗြိတိန်အမတ် တစ်ဦးဖြစ်တဲ့ ခရစ္စဘရိုင်ယန့်က ပူတင်ရဲ့ ခရိုနီတွေဟာ ပြင်းထန်တဲ့ ပိတ်ဆို့မှုခံရမှာကို စိုးရိမ်နေပြီး အေဘရာမိုဗစ်ချ်အနေနဲ့လည်း လန်ဒန်မှာရှိတဲ့ သူ့နေအိမ်ကို ရောင်းချဖို့ အသည်းအသန် ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

Source: The Sun