CNI International News
၂၀၂၂ ခုနှစ်၊ မတ်လ ၃

ပိုလန်-ဘယ်လာရုစ်နယ်စပ်အနီး Belovezhskaya Pushcha ၌ ကိယက်ဗ်(Kiev) နှင့် မော်စကို(Moscow)မှကိုယ်စားလှယ်များကြား ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယနေ့(မတ်လ ၃ ရက်)တွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ကြာသပတေးနေ့ အစောပိုင်းက ရုရှားကိုယ်စားလှယ်အဖွဲ့ အကြီးအကဲ ဗလာဒီမာ မီဒင်စကီးက ဆွေးနွေးပွဲကို စီစဉ်ထားသည့်အတိုင်း ဘယ်လာရုစ်နိုင်ငံ ဘရက်စ်ဒေသတွင် ကျင်းပမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ နောက် ပိုလန်-ဘယ်လာရုစ် နယ်စပ်အနီးမှာ ယနေ့ (မတ်လ ၃ ရက်)ကျင်းပခဲ့ကြခြင်း ဖြစ်သည်။

ယူကရိန်းကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲလာရောက်စဉ်(TASS)

ယနေ့ (မတ်လ ၃ ရက်)ဒုတိယအကျော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ယူကရိန်းဘက် ကာကွယ်ရေးဝန်ကြီး Oleksii Reznikov ဦးဆောင်ခဲ့ပြီး ရုရှားဘက်ကမူ ဗလာဒီမာ မီဒင်စကီးက ဦးဆောင်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲ အခြေအနေနှင့်ပတ်သက်ပြီး ထုတ်ပြန် ကြေညာခြင်းမရှိသေးပေ။