CNI International News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်

ယူကရိန်းနိုင်ငံ၊ ခါကိဗ်မြို့ကို ခုခံကာကွယ်နေသည့် ယူကရိန်းတပ်ဖွဲ့က ရုရှားတပ်များ ကျူးကျော်တိုက်ခိုက်မှုကို ခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ပြောကြားနေစဉ်မှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က နျူကလီးယားတပ်ဖွဲ့များ တပ်လှန့်ထားရန်နှင့်သတိကြီးကြီးထားကြရန် ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)အမိန့်ပေးခဲ့ကြောင်း ရိုက်တာသတင်း ဌာနက ဖော်ပြထားသည်။

တစ်ဖက်မှာလည်း နေတိုးအုပ်စုက ယူကရိန်းသို့ စစ်ရေးအကူအညီများ ထောက်ပံ့ပေးနေသလို အမေရိကန်နှင့် ပိုလန်နိုင်ငံတို့ကလည်း စစ်ရေးထောက်ပံ့မှုများ ပေးနေသည်။

အလားတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မစ္စမ်လစ်ဇ်ထရပ်စ်က ယူကရိန်းနိုင်ငံအတွက် သွားရောက်တိုက်ခိုက်ပေးမည့် ဗြိတိန်နိုင်ငံသားများကို ထောက်ခံအားပေးသွားမည်ဟု ဘီဘီစီနှင့်တွေ့ဆုံ မေးမြန်းခန်းမှာ ပြောကြားထား သည်။

ထို့နောက် ယူကရိန်းသမ္မတ ဇာလန်းစကီးက ရုရှား ကိုယ်စားလှယ်အဖွဲ့နှင့် ဘယ်လာရုစ်နိုင်ငံမှာ တွေ့ဆုံဆွေး နွေးရန် သဘောတူကြောင်း ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် ထုတ်ပြန် ပြောကြားခဲ့သည်ဟု အယ်ဂျာဇီးယား သတင်းဌာနက ရေးသားဖော်ပြထားသည်။

Source: Reuters