CNI International News
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၆
ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆင့်မြင့် ဆွေးနွေးမှုများပြုလုပ်ရန် ကမ်းလှမ်းခဲ့ရာ ယူကရိန်းသမ္မတ ဇာလန်းစကီးက လက်ခံခဲ့သော်လည်း နေရာနှင့်အချိန် ညှိနှိုင်းမှု အဆင်မပြေသည့်နောက် ဆွေးနွေးမှုကို ပယ်ချလိုက်ပြီး ဖြစ်ကြောင်း rt.com က ဖေဖော်ဝါရီ ၂၆ ရက်တွင် ဖော်ပြထားသည်။
ယူကရိန်းခေါင်းဆောင်များက ဆွေးနွေးရန် ငြင်းဆိုခဲ့ပြီးနောက် ယူကရိန်းတွင် ရုရှား၏ စစ်ဆင်ရေးများကို ရပ်နားထားရာမှ ဆက်လက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ကိယက်ဗ်ထံမှ တုံ့ပြန်မှုကို စောင့်မျှော်လျက် သောကြာနေ့(ဖေဖော်ဝါရီ ၂၅ ရက်)တွင် ၎င်းတို့၏ စစ်ရေးလှုပ်ရှားမှုများအား ရပ်တန့်ရန် ရုရှားတပ်များကို အမိန့်ပေးခဲ့သည်ဟု မော်စကိုက ပြောကြားခဲ့သည်။
ထို့နောက် စနေနေ့(ဖေဖော်ဝါရီ ၂၆ ရက်)တွင် ယူကရိန်းဘက်က ဆွေးနွေးရန်ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ခြင်း ကြောင့် ထိုးစစ် ဆက်လက် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ဆက်လက် ပြောကြားသည်။
ယူကရိန်းသမ္မတ ဇာလန်းစကီး၏ အကြံပေး Alexey Arestovich က ကြားခံများမှတဆင့် မော်စကိုမှတင်ပြသော“ စည်းမျဉ်း စည်းကမ်းများ”ကို ကိုးကားပြီး ကိယက်ဗ်သည် ရုရှားနှင့်ဆွေးနွေးပွဲများကို ငြင်းပယ်ခဲ့သည်ဟုယူကရိန်းမီဒီယာကို အတည်ပြု ခဲ့သည်။
“အဲဒါက ကျနော်တို့ကို အကျဉ်းချုံ့ဖို့ တွန်းအားပေးတဲ့ ကြိုးပမ်းမှုပါပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။
ရုရှားဘက်က ဘယ်လာရုစ်နိုင်ငံ၊ မင့်မြို့မှာ တွေ့ဆုံဆွေးနွေးရန် အဆိုပြု ကမ်းလှမ်းခဲ့သော်လည်း ယူကရိန်းဘက် ပိုလန်နိုင်ငံ၊ ဝါဆောမြို့မှာ တွေ့ဆုံဆွေးနွေးရေး သဘောထား ပေးခဲ့ပြီးနောက် တွေ့ဆုံမည့် နေရာနှင့် အချိန် ညှိနှိုင်းမရဘဲဖြစ်ခဲ့ကြသည်။
Source: rt.com